အ (စကားပုံ)
- အကမတတ် ဖျာခေါင်းချ
- အကန်းထဲမှာ မျက်ခမ်းက လူမော်
- အကျိုးလိုလို့ ညောင်ရေလောင်း ပတ်ထမ်းတွေ့
- အကြံကုန် ဂဠုန်ဆားချက်
- အကြောင်းတော် တောင်ပေါ်ရေစီး
- အကွပ်မရှိတဲ့ကြမ်း ပရမ်းပတာ
- အခုစာကလေးကြော်၊ အခုဆီထမင်း
- အခေါ်သာကွဲ၊ ထမနဲနှင့် ယာဂု အတူတူ
- အခိုင်ကြီးလည်း အဖီးလှမှ တင့်တယ်သည်
- အချိုရှာ သကာတွေ့
- အချိန်တန်တော့ နွားပိန်ကန်လိမ့်
- အငိုလွယ် အရှိုက်ခက်
- အစာဝတော့ ဌာနပြန်
- အစားမတော် တစ်လုတ်၊ အသွားမတော် တစ်လှမ်း
- အဆိပ်ပင် ရေလောင်း
- အညှီရှိ ယင်အုံ
- အတောင့်မကြီး အသီးမမာ
- အတတ်ကြူး ဘီလူးဖြစ်
- အတွင်းထရံ အပြင်ကာ၊ အပြင်ထရံ အတွင်းကာ
- အထိန်းမရှိသည့် ချည်ခင်
- အနာတက် ဆေးချက်မရှိ
- အနာပေါ် တုတ်ကျ
- အနာမသိ ဆေးမရှိ
- အနီးမွှေး အဝေးကြိုင်
- အနူတော လူချော
- အနေစုတ်ပေမဲ့ ရွှေထုပ်တဲ့ မြပဝါ
- အနုပ်မက်၍ အခွက်ပျက်
- အနှစ်မရှိသည့်တော ကြက်ဆူပင် မင်းမူ
- အပေါ်ယံ ရွှေမှုန်ကြဲ၊ အထဲက နွားချေးခံ
- အပြက်အပြက်နှင့် နှာခေါင်းသွေးထွက်
- အပွေးမြင် အပင်သိ
- အပွဲပွဲ နွှဲခဲ့သမျှ သည်ပွဲမှာမှ နှပ်ပစ်ခံရ
- အဖထက် သားတစ်လကြီး
- အဖျားတက် အမှည့် ရနိုးနိုး
- အမာရွတ်မြင်တိုင်း မဟော်သတိရ
- အမိမဲ့သား၊ ရေနည်းငါး
- အမေကျော် ထွေးတော်လွမ်း
- အမေ ပုတ်ထဲမှာ မအောင်းဘူး
- အမေရိုက် အမေကယ်ပါ၊ အဖေရိုက် အဖေကယ်ပါ
- အမေး ကျွဲကျောင်း၊ အဖြေ ဘုရားလောင်း
- အမဲရိုးနှယ် ဟင်းအိုးမှ အားမနာ
- အမောင်လည်းရောက်၊ ငါ့နွားပျောက်
- အမယ်မှာ မှာသည့်အတိုင်း
- အမယ်မှာသည့် ဆန်တစ်ခွဲ သုံးစိတ်နှင့်မလဲ
- အများညီ "ဤ" ကို "ကျွဲ" ဖတ်
- အများ မိုးခါးရေသောက် သောက်မှ
- အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစား
- အမြီးစားဖက် ခေါင်းစားဖက်
- အမြုတေရှိရာ အမြုတေစု
- အမြင်မတော် ဆင်တော်နှင့် ခလောက်
- အမှိုက်ကစ ပြာသာဒ်မီးလောင်
- အမှည့်တဝင်းဝင်း အကင်းတဖြိုက်ဖြိုက်
- အရူးက တစ်မူးသာ
- အရူးဗုံမြှောက် ခြေထောက်လို့က
- အရူး အမဲသားကျွေးမိ
- အရူးအရူးနှင့် အိမ်ဦးချေးပါ
- အရေးကောင်း ဒိန်းဒေါင်းဖျက်
- အရိုးကို အရွက်မဖုံးစေနှင့်
- အရက်ပြတ် ခွက်ကပ်နှင့်မူး
- အရင်းစစ် အမြစ်မြေက
- အရင်းမစိုက် လှေထိုးလိုက်
- အရင်းလဲ အဖျား ထင်းဖြစ်
- အရပ်ကောင်းမှ အလောင်းလှ
- အရပ်ရှိမှ အရိပ်ထွက်
- အရိပ်နေနေ အခက်ချိုးချိုး
- အရိပ်ပြ အကောင်ထင်
- အရိပ်မလာခင် နေပူကစောင့်
- အရိပ်သုံးပါးနားမလည် ချေသငယ် ကျားစာဖြစ်ရ
- အရှင်မွေး နေ့ချင်းကြီး
- အရှင်သုံးတော့ ဓားမတုံး ထက်
- အလကားရသည့်နွား သွားဖြဲကြည့်
- အလာကောင်းသော်လည်း အခါနှောင်း
- အလုပ်မရှိ ကြောင်ရေချိုး
- အလျင်ဘုန်းကြီး တစ်ချက်ခေါက်၊ နောက်ဘုန်းကြီး နှစ်ချက်ခေါက်
- အလျင်လို လမ်းအိုလိုက်
- အလှူရှင်မှန်းသိအောင် မဏ္ဍပ်တိုင်တက်
- အလှူ့လက်ဖက်နှင့် လက်ဆောင်တက်
- အလှည့်ကျတော့ နွားမတောင်ရုန်းရ
- အလှမ်းကျယ် အလယ်လပ်
- အလျှောက်ကောင်း အထောင်းလွတ်
- အဝေးဆယ်ရှဉ်း၊ အနီးတစ်ရှဉ်း
- အဝတ်မရှိသူက လုံအောင်ထိုင်ပါပြော
- အသားထဲက လောက်ထွက်
- အသားလိုလို့ အရိုးတောင်း
- အသီးတစ်ရာ အညှာတစ်ခု
- အသံကြောင့် ဖားသေ
- အသံသာရှိ အဆန်မရှိ
- အသည်ဝန် ဘုန်းကြီးလို့ ပါနောက်က ခြေကြွ
- အသွားတစ်တိုင်ရှိ၊ အပြန်တစ်တိုင်ရှိ
- အသွားမတော် တစ်လှမ်း၊ အစားမတော် တစ်လုတ်
- အသွေးမြင် အသွင်သိ
- အသွင်မတူ အိမ်သူမဖြစ်
- ဦးစပါး ပဲ့ပြောင်း၊ ပဲ့စပါး ဦးပြောင်း
- ဦးနင်း ပဲ့ထောင်၊ ပဲ့နင်း ဦးထောင်
- အိုးက မပူ၊ စလောင်းက ပူ
- အိုးက မပူ၊ ဖုံးဖွက်ပူ
- အိုးချင်းထား အိုးချင်းထိ၊ ကြိုးချင်းထား ကြိုးချင်းငြိ
- အိုးတော်လုပ် ဖုတ်ရင်းက မကျက်
- အိုးနှင့်ဆန် တန်ရုံ
- အိုးမလုံ အုံပွင့်
- အိုးရွဲ့ကို စလောင်းရွဲ့နှင့် ဖုံး
- အိုးသည် အိုးကောင်းမသုံးရ
- "အင်း" ကောင်း "ဗျာ" မတန်
- အိုင်တွေ့ ခြေဆေး
- အိုင်တွေ့လို့မှ မလူး ကျွဲရူး
- အိုင်သာလို့ ကြာပေါက်
- ဥစ္စာရင်လို ဥစ္စာရင်ခဲ
- အိတ်ပေါက်နှင့် ဖားကောက်
- အုတ်မရှိလို့ မြို့မတည်၊ နှယ်နှယ်မှတ်သလား
- အပ်နှင့်ထွင်ရမှာ ပုဆိန်နှင့်ပေါက်
- အပ်ပျောက်လျှင် ဆင်စီး၍ရှာ၊ ဆင်ပျောက်လျှင် ဆန်ခါနှင့်ချ
- အပ်ဝင် ပုဆိန်ထွက်
- အပ်သွားရာ အပ်ချည်ပါ
- အပ် ဦးပဲ့ထမ်း
- အိပ်ချင်ယောင်ဆောင်သူ အနှိုးရခက်
- အိမ်ကြက်ချင်း ခွပ်
- အိမ်ကြက်ချင်း အိုးမဲသုတ်
- အိမ်ခြေတစ်ရာ၊ ပြည်စိုး အစိတ်
- အိမ်နီးချင်းကောင်းမှ လင်ကောင်းရသည်
- အိမ်ရှေ့ကရေတွင်း အိမ်နောက်ဖေးရွှေ့
- အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ
- အိမ်လာ ယာဆုတ်
- အိမ်သာလို့ ဧည့်လာ
- အိမ်သူကို ဧည့်မောင်း
- အိမ်အိုမှ စားဖိုထုတ်
No comments:
Post a Comment