အကြံကုန် ဂဠုန်ဆားချက်

(စကားပုံ)

      အကြံကုန် ဂဠုန်ဆားချက်ဆိုသကဲ့သို့ နည်းမျိုးစုံဖြင့် မအောင်မြင်သည့်အဆုံး ရတတ်သမျှ ဉာဏ် ထုတ်၍ ကြံဖန် လုပ်ကိုင်သည်။

      တောအုပ်တစ်ခုတွင်ပျော်ရွှင်စွာကစားနေသောနဂါးတစ်ကောင်သည် ဂဠုန်ကိုမြင်သဖြင့် ကြောက် လန့်ရကား လုလင်အသွင် ဖန်ဆင်း၍ တောကစားထွက်လာသော ဘုရင်၏ ရံရွေတော်များအတွင်း ဝင် ရောက်ခဲ့သည်။ ဂဠုန်ကလည်း ဘုရင့်ရံရွေတော်များအဖြစ် ဝင်ရောက်လာပြန်ရာ နဂါးသည် ခရီးသွား အုပ်စုထဲသို့ တစ်ဖန်ဝင်ရောက် နေလေသည်။ ဂဠုန်သည် လူသားအသွင်နှင့် နဂါးကိုတစ်ဖန် လိုက်ပြန် သည်။ ဤသည်ကိုမြင်သော နဂါးသည် ပင်လယ်ကမ်းစပ် တစ်ခုအနီးသို့ ရောက်သည့်အခါ နဂါးဟန် ဖန်ဆင်းပြီး မြစ်အတွင်းသို့ ငုပ်လျှိုးသွားလေသည်။ အကြံကုန်သော ဂဠုန်သည် နဂါးပြန်အလာကို စောင့်ရန် ဆားချက်အလုပ်သမားအသွင် ဖန်ဆင်း၍ အသက်ကြီးပြီးသေသည်အထိ နဂါးကို စောင့် နေလေသည်။

ပုံပြင်

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!