အကြောင်းတော် တောင်ပေါ်ရေစီး

(စကားပုံ)

      အကြောင်းတရား တိုက်ဆိုင်လာသည့်အခါ တောင်ပေါ်သို့ ရေစီးသည်ဆိုသကဲ့သို့ အကြောင်းသင့် သောအခါတွင် ဖြစ်ခေါင့်ဖြစ်ခဲ ကိစ္စ ဖြစ်ပေါ်လာသည်။

      ဗျိုင်းတစ်ကောင်သည် အိုင်တစ်အိုင်မှ အစာကို ချီယူ၍ တောင်ထိပ်၌ နားကာ စားလေ့ရှိ၏။ တစ် နေ့သ၌ ထိုဗျိုင်းသည် တောင်ထိပ်၌ နား၍ တောင်အောက်မှ ချီလာသော ငါးကိုစားရင်း "ငါသည် နက် ဖြန် တောင်အောက်သို့ မဆင်းရဘဲ ဤတောင်ထိပ်မှာ နေလျက်ပင် ရေကို သောက်ကာ ငါးကိုရသော် အလွန် ကောင်းပေအံ့" ဟု တောင့်တ၏။ ထိုအချိန်မှာပင် သိကြားမင်းသည် အသူရာကို အောင်မြင်၍ နတ်စည်းစိမ် ခံစားလျက် "ငါ၏ အလိုဆန္ဒ ပြည့်၀ သကဲ့သို့ တစ်စုံတစ်ယောက်သောသူ၏ အလိုဆန္ဒ ကို ပြည့်ဝစေအံ့" ဟု ကြံပြီး ဆင်ခြင်ရာ ဗျိုင်းကို မြင်လေ၏။ သိကြားမင်းသည် နောက်တစ်နေ့တွင် ဗျိုင်း၏ အလိုဆန္ဒ ပြည့်ဝစေရန် တောင်နှင့် မနီးမဝေးမှ မြစ်တစ်ခုကို ရေအလျဉ်ဖြင့် ပြည့်အောင်ပြု ၍ ဗျိုင်းရှိရာ တောင်ထိပ်ပေါ်သို့ စီးစေ၏။ ဗျိုင်းသည် ထိုတစ်နေ့အဖို့ တောင်ထိပ်သို့ စီးသောမြစ်၌ နေလျက် ငါးများကို စား၍ ရေကို သောက်ကာ ချမ်းသာစွာ နေရလေ၏။ မြစ်သည် ထိုနေ့အဖို့သာ တောင်ပေါ်သို့ စီး၍ နောက်တစ်နေ့တွင် တောင်ပေါ်မှ လျှောကျကာ မူလအတိုင်း ပြန်လည် စီးဆင်း လေသည်။

ခုဒ္ဒကနိကာယ်၊ ၃၈၀-အာသင်္ကဇာတ်။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!