အဖထက် သားတစ်လကြီး

(စကားပုံ)

      အဖထက် သားတစ်လကြီး ဆိုသကဲ့သို့ မိဘဆရာသမားများကို ကျော်လွန်၍ လူသိလူတတ် လုပ်သည်။

      ပုဂံပြည်နော်ရထာမင်းစောသည် သထုံကို တိုက်ခိုက်အောင်မြင်ရာ သထုံမင်း မိဖုရားနှင့်တကွ ပိဋကတ်တော်များ၊ ပညာရှင်များ၊ နတ်ရုပ်များကိုပါ ပုဂံသို့ ယူဆောင်စေသည်။ နတ်ရုပ်အများတွင် ရွှေညိုသင်နှင့် ရွှေစံကား နတ်သားအဖကို ဆောင်ယူရာတွင် ရွှေစံကားကို ဦးစွာဆောင်ယူ၍ ပုဂံ ရွှေစည်းခုံဘုရားတွင် ထားသည်။ အဖဖြစ်သူ ရွှေညိုသင်ကိုမူ တစ်လအကြာမှ ဆောင်ယူ၍ နိမ့်သော နေရာတွင် ထားသည်။ နော်ရထာမင်းသည် နတ်ရုပ် နှစ်ခုကို ကြည့်ရှုတော်မူ၍ သားဖြစ်သူ ရွှေစံကား တစ်လစော ရောက်သည်ကို ရည်ရွယ်လျက် "အဖထက် သားတစ်လကြီး" ပေသည်ဟု မိန့်ဆိုလေ သည်။

လောကပညတ္တိ။ ၇။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!