အရင်းစစ် အမြစ်မြေက

(စကားပုံ)

      သစ်တစ်ပင်၏ အရင်းကို စိစစ်ရှာဖွေသောအခါ မြေ၌ရှိသောအမြစ်ကိုတွေ့ရသကဲ့သို့ ဖြစ်လာသ မျှ အကောင်းအဆိုး အကျိုးတရားတို့ကို စိစစ်သော် အရင်းခံသော အကြောင်းတရားကို တွေ့ရလိမ့် မည်။

      ရွာတစ်ရွာတွင် လူနှစ်ယောက် ယာနီးယှက်တင် စည်းသားခြား၍ လုပ်ကြသည်။ တစ်ဦးယာက သခွားပင်သည် တစ်ဦးယာသို့ဝင်၍ နွယ်ရာသီးလေသည်။ ယာရှင်က ထိုအသီးကိုဆွတ်ယူရာ သခွား ရှင်က ငါ့အပင်ရင်း ဖြစ်သည်၊ ယာရှင်ကလည်း ငါ့ယာသို့ဝင်၍သီးရာ ငါပိုင်သည်ဟု အချင်းများကြ သည်။ နှစ်ဦးစလုံးပင် သုခမိန်ထံရောက်၍ စကားရင်းအတိုင်း ပြောသည်ကာလ သူ့ယာမှာဝင်၍ သီး သဖြင့် ယာရှင်ပိုင်စေဆုံးဖြတ်ရာ နတ်လူတို့ကောင်းချီး မပေးဘဲနေသည်။ သုခမိန်သည် လူနတ်မနှစ် သက်သည်ကို သိ၍ဆင်ခြင်ရာ ညောင်ပင်ကြီးသော် အစေ့ငယ်က ရောက်မှ အပင်ဖြစ်ရာချေသည်။ အရင်းစစ်သော် အမြစ်ရှင်က မှန်ရာချေသည်၊ တစ်ဦးသား ယာရှင်က မဆွတ်ယူ ာချေ၊ ပင်ရင်း သခွားရှင်ကရစေဟု စီရင်ရာတွင်မှ နတ်လူကောင်းချီး ပေးလေသည်။

မနုကျယ်။ ၂၅။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!