အမာရွတ်မြင်တိုင်း မဟော်သတိရ
ကေဝဋ်ပုဏ္ဏားသည် နဖူးမှ အမာရွတ်ကို မြင်တိုင်း မဟော်သဓာအား မကျေမချမ်း ဖြစ်သကဲ့သို့ နာကြည်းဖွယ် အတိတ်ကို သတိရစရာ ပေါ်ပေါက်တိုင်း နာကြည်းအောင် လုပ်ခဲ့သူကို မကျေမချမ်း ဖြစ်ရသည်။
ရှေးအခါက မိထ္ထီလာပြည့်ရှင် ဝိဒေဟရာဇမင်းကြီး၏ အမတ်ပညာရှိ မဟော်သဓာနှင့် ပဉ္စာလ တိုင်း စူဠနီ ဗြဟ္မဒတ်မင်းကြီး၏ ပုရောဟိတ် ကေဝဋ်အမတ်ကြီးတို့ နှလုံးရည်ချင်း ယှဉ်ပြိုင်ရန် သ ဘောတူလျက် အနိုင်အရှုံးကိုမူ တစ်ဦးဦးက ရှိခိုးလျှင် ရှိခိုးသူဘက်မှ အရှုံးဟု သတ်မှတ်ထားသည်။ မဟော်သဓာသည် အဖိုးအနဂ္ဃတန်သော ပတ္တမြားတစ်လုံးကို ကေဝဋ်အမတ်ကြီးအားပြ၍ အလိုရှိ ပါလျှင် လက်ဖြန့်၍ယူပါဟု ဆိုသည်။ ထို့နောက် ဖြန့်ထားသော လက်ကြားထဲသို့ ချလိုက်သဖြင့် ပတ္တမြားသည် မြေပြင်သို့ ကျလေသည်။ ကေဝဋ်အမတ်သည် ပတ္တမြားကို ကောက်ယူစဉ် မဟော် သဓာက ကေဝဋ်အမတ်၏ဦးခေါင်းကို လက်ဖြင့်ဖိကာ "ပုရောဟိတ် အကျွန်ုပ်သည် သင့်မြေးလောက် သာ ရှိသည်၊ အကျွန်ုပ်ကို ရှိမခိုး ပါနှင့်" ဟု ပရိသတ်ကြားအောင် ကြွေးကြော်လျက် အမတ်ကြီး၏ နဖူးကို စုတ်ပြဲအောင် မြေ၌ ပွတ်တိုက်၏။ မင်းနှင့်တကွ ပရိသတ်အများသည် ကေဝဋ်အမတ်ကြီးက မဟော်သဓာအား ရှိခိုးသည်ဟု ယူဆကာ စူဠနီ ဗြဟ္မဒတ်မင်းဘက်က အရှုံးပေးရလေသည်။ ကေဝဋ် အမတ်သည်လည်း မိမိ နဖူးတွင်ထင်ကျန်ရစ်သော အမာရွတ်ကိုမြင်တိုင်း မဟော်သဓာကို သတိရ လျက် ဒေါသ ဖြစ်လေသည်။
No comments:
Post a Comment