အများ မိုးခါးရေသောက် သောက်မှ

(စကားပုံ)

      အများမိုးခါးရေသောက်လျှင် မိမိပါသောက်မှ အဆင်ပြေသည် ဆိုသကဲ့သို့ မိမိကိုယ်တိုင် မနှစ် ခြိုက်သော်လည်း အများနှင့် မဆန့်ကျင်အောင် အများနည်းတူ လုပ်ရသည်။

      ရှေးအခါက တိုင်းပြည်တစ်ပြည်၌ မိုးခါးကြီးရွာ၏။ ထိုမိုးခါးရေကိုသောက်မိ၍ တစ်တိုင်းပြည် လုံး ရူးသွပ်ကုန်၏။ ရှင်ဘုရင်နှင့် ပုရောဟိတ် အမတ်ကြီးတို့မှာမူ ဗေဒင်နက္ခတ်အရ မိုးခါးကြီး ရွာ မည်ကို ကြိုတင်သိရှိ၍ ရေကောင်းများကို သိုလှောင်ထားပြီး သောက်သုံးသောကြောင့် မရူးဘဲကျန် ၏။ ထိုအခါ ပြည်သူတို့က ဘုရင်နှင့်ပုရောဟိတ်ကို အရူးဟု စွပ်စွဲကြလေသည်။ ဘုရင်နှင့်ပုရောဟိတ် အမတ်လည်း အခြေအနေမလှသည့်အဆုံး အများနည်းတူ မိုးခါးရေကိုသောက်ရန် ဆုံးဖြတ်လိုက်ကြ သည်။

ပုံပြင်

Read Users' Comments (0)

No comments:

Post a Comment

"ာ" ပိုအမှား စကားလုံးများ


အမှန် ("ာ"ထည့်စရာမလို) အမှား ("ာ"ပို)
ဘေးဥပဒ် ဘေးဥပါဒ်
အရုဏ်ဦး အာရုဏ်ဦး
ဒဏ်ကြေး ဒါဏ်ကြေး
အနာဂတ် အနာဂါတ်
ဟေမန် ဟေမာန်
သာမန် သာမာန်
စကြဝဠာ စကြာဝဠာ
ရလဒ် ရလာဒ်
စံပယ်ပန်း စံပါယ်ပန်း
လှည်းယဉ် လှည်းယာဉ်

Source : မြန်မာအဘိဓာန်၊ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း၊ မြန်မာစာ၊ မြန်မာစကား၊
အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!