အခေါ်သာကွဲ၊ ထမနဲနှင့် ယာဂု အတူတူ
(စကားပုံ)
ထမနဲနှင့်ယာဂုသည် အခေါ်အဝေါ်အားဖြင့် ကွဲသော်လည်း အတူတူပင်ဖြစ်သကဲ့သို့ တစ်ခုနှင့်တစ် ခုသည် အသွင်သဏ္ဌာန် အနှစ်သာရအားဖြင့် ကွဲသော်လည်း အတူတူပင် ဖြစ်သည်။
- ထမနဲ = ဆန်ပြုတ်။
- ယာဂု(ပါဠိ) = ထမနဲ။ ဆန်ပြုတ်။
|
ထမနဲနှင့်ယာဂုသည် အခေါ်အဝေါ်အားဖြင့် ကွဲသော်လည်း အတူတူပင်ဖြစ်သကဲ့သို့ တစ်ခုနှင့်တစ် ခုသည် အသွင်သဏ္ဌာန် အနှစ်သာရအားဖြင့် ကွဲသော်လည်း အတူတူပင် ဖြစ်သည်။
| အမှန် ("ာ"ထည့်စရာမလို) | အမှား ("ာ"ပို) |
| ဘေးဥပဒ် | ဘေးဥပါဒ် |
| အရုဏ်ဦး | အာရုဏ်ဦး |
| ဒဏ်ကြေး | ဒါဏ်ကြေး |
| အနာဂတ် | အနာဂါတ် |
| ဟေမန် | ဟေမာန် |
| သာမန် | သာမာန် |
| စကြဝဠာ | စကြာဝဠာ |
| ရလဒ် | ရလာဒ် |
| စံပယ်ပန်း | စံပါယ်ပန်း |
| လှည်းယဉ် | လှည်းယာဉ် |
| အမှန် | အမှား | အမှန် | အမှား |
| နုတ်ထွက် | နှုတ်ထွက် | သန္နိဋ္ဌာန် | သံဓိဋ္ဌာန် |
| အမီလိုက် | အမှီလိုက် | အခမ်းအနား | အခန်းအနား |
| နေ့လယ် | နေ့လည် | ရလဒ် | ရလာဒ် |
| ရာနှုန်း | ရာနှုံး | ရန်ငြိုး | ရန်ညှိုး |
| ရန်ပုံငွေ | ရံပုံငွေ | တုံ့ပြန် | တုန့်ပြန် |
| ရုပ်သိမ်း | ရုတ်သိမ်း | စိစစ် | စီစစ် |
| ရှုံ့ချည်နှပ်ချည် | ရှုတ်ချည်နှပ်ချည် | ရှုတ်ချ | ရှုပ်ချ |
| ရှုပ်ထွေး | ရှုတ်ထွေး | ကတိကဝတ် | ဂတိဂဝတ် |
| ကတည်းက | ကထဲက | ခြစ်ကုတ် | ချစ်ကုတ် |
| ခြိုးခြံ | ချိုးခြံ | ချက်ချင်း | ချက်ခြင်း |
| ပရိသတ် | ပရိတ်သတ် | ကရုဏာ | ဂရုဏာ |
No comments:
Post a Comment