အရေးကောင်း ဒိန်းဒေါင်းဖျက်

(စကားပုံ)

      အရေးကောင်း ဒိန်းဒေါင်းဖျက် ဆိုသကဲ့သို့ အရေးကြီးသောကိစ္စ ပြုလုပ် နေချိန်တွင် မလိုလား အပ်သည့် အနှောင့်အယှက် ဝင်သည်။

      ရှေးအခါက ငမှန်ကန် ဟူသော သူရုးတစ်ယောက်ရှိသည်။ ငမှန်ကန်သည် မြို့တွင်းသို့ လှည့်လည် သွားလာရင်း မည်သည့်အပင်အောက်၌ ငွေအိုးကြီး မြှုပ်ထားသည်။ မည်သည့်ရေကန်တွင် အဖိုးတန် ပစ္စည်းများရှိသည် စသည်ဖြင့်တတွတ်တွတ် ပြောဆိုလေရာ ငမှန်ကန်ပြောသမျှစကားကို အမှန်ချည်း သာ ဖြစ်သည်ဟု စွဲမှတ်ကာ ငမှန်ကန်၏ နောက်မှ တကောက်ကောက် လိုက်ပါလျက် ပြောသမျှကို ရေးမှတ် ထားလေသည်။ ထိုအခါ ငမှန်ကန်သည် ဒိန်းဒေါင်း- ဒိန်းဒေါင်း ဟုသာ ရွတ်ဆိုတော့သဖြင့် နောက်မှ လိုက်ပါသူများက "အရေးကောင်း ဒိန်းဒေါင်းဖျက်" သည်ဟု ပြောစမှတ်ပြုကြသည်။

ပုံပြင်

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!