အမြီးစားဖက် ခေါင်းစားဖက်

(စကားပုံ)

      ရသည့်သားငါးကို အမြီးနှင့်ခေါင်းပိုင်း နှစ်ပိုင်းပိုင်း၍ ဝေစားမျှစား ပြုကြသူကဲ့သို့ အကျိုးအမြတ် တစ်စုံတစ်ရာကို အချင်းချင်း ဝေစားမျှစားပြုကြရာ၌ အလိုတူအလိုပါ ဖြစ်ကြသည်။

      တရဖျားကြီးကျွန်တို့သည် ရွှေတောင်တက် ကျွန်တို့ကို ဖမ်းမည်ဟူ၍ သွားလာသည်အခိုက် ရွှေ တောင်တက် ကျွန်အမတ် နန္ဒပကြံလည်း ကောက်စိုက်ရာကအပြန် ရွှေတောင်တက်ကို သတ်၍ တရ ဖျားကြီး နန်းတက်သည်ဟူ၍ ကြားလျှင် ဆင်ချစ်နောင်ရင်းကို ဦးစီး၍လာသော ဦးစီးကို မိမိဆောင် သော ရွှေကွမ်းခွက်ကိုပေး၍ ဆင်ကိုစီးပြီးသော် တရဖျားကြီး နန်းထက် တစ်ယောက်တည်းနေရာ ဆင်ယှဉ်ကာ တက်လေ၏။ တရဖျားကြီးလည်း အနောင် ခေါင်းစားလျှင် ငါအမြီး စားပါမည်၊ အနောင် အမြီးစားလျှင် ငါခေါင်းစားပါမည်၊ ငါ့ကို မသေပါစေနှင့်ဟု ဆို၏။ နန္ဒပကြံလည်း မင်းကြီးသည် မင်း ဖြစ်လျှင် ပြည်ရွာနှင့် ဆန့်ကျင်သောအမှုကိုသာ ပြုသောကြောင့် မင်းကြီးကို ချ၍ ရွှေတောင်တက်ကို ငါနန်းတင်သည်။ မင်းကြီး မင်းဖြစ်တပြီးကား ငါတို့ အမျိုးအနွယ် အလုံး ပျက်စီးအံ့ ဟူ၍ နန်းထက် တွင်ပင် လုပ်ကြံလေ၏။

ဦးကုလားမဟာရာဇဝင်တော်ကြီး၊ ပ။ ၃၄၇။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!