အိုးတော်လုပ် ဖုတ်ရင်းက မကျက်

(စကားပုံ)

      အိုးတော်ဆက်သရန် ရည်မှန်းပြုလုပ်သမျှအိုးကြီးများသည် ဖုတ်စဉ်ကပင်မကျက်သကဲ့သို့ အကြံ ကြီး ကြံ၍ ဆောင်ရွက်သမျှသည် စကတည်းက ကောင်းမွန်သေချာခြင်းမရှိ ဖြစ်သည်။

      ရှေးအခါက ဗာရာဏသီပြည်တွင် ခဝါဖွပ်ခြင်းဖြင့် ကြီးပွားချမ်းသာလာသော ခဝါသည်တစ်ဦးကို အိုးထိန်းသည်က မနာလိုသဖြင့် ပြည့်ရှင်မင်းထံဝင်၍ ဘုရင်၏ဆင်တော်ကို ဆင်ဖြူတော် ဖြစ်အောင် ခဝါသည်အား ဖွပ်စေရန် တင်လျှောက်လေ၏။ ခဝါသည်လည်း အိုးထိန်းသည်၏ အကြံကို သိရှိသ ဖြင့် မင်းကြီးအား ဆင်တော်ကို ဖြူအောင် ပေါင်းတင်၍ဖွပ်ရန် ဖျဉ်းအိုးသာ ပေးသနားတော်မူပါဟု မင်းကြီးအား လျှောက်ထားသည်။ ထိုအခါ ဘုရင်သည် အိုးထိန်းသည်အား အိုးတော်ကြီးပြုလုပ်ဆက် သရန် မိန့်ကြားသည်။ အိုးထိန်းသည် ဆင်နှင့်တန်အောင် အိုးကြီးလုပ်၍ ဆင်ကိုဝင်စေသော် ဖျဉ်းအိုး ကြီးကွဲလေလျှင် ထပ်မံ၍ အကြိမ်ကြိမ်ကြိုးပမ်းပါသော်လည်း အိုးများကို ခိုင်ခံ့ကျက်နပ်အောင် မလုပ် ဆောင်နိုင်သဖြင့် ပျက်စီးရလေသည်။

ပုံပြင်

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!