အပ် ဦးပဲ့ထမ်း
(စကားပုံ)
၁။ ချုပ်အပ်တစ်ချောင်းကိုပင် ဦးကတစ်ယောက်၊ ပဲ့ကတစ်ယောက် ညီညီညွတ်ညွတ်ထမ်းသည် ဆိုသကဲ့သို့ အရာရာ၌ ညီညီညွတ်ညွတ် စုပေါင်းလုပ်ဆောင်သည်။
ကတ်မည့်ကတ် အပ် ဦးပဲ့ထမ်း - နှင့် နှိုင်းယှဉ်။
၂။ အပ်တစ်ချောင်းကိုပင် မိမိ တစ်ဦးတည်းဆိုလျှင် မထမ်းဘဲ သူဦးကထမ်းမှ ကိုယ်ပဲ့ကထမ်းနိုင် မည်ဆို၍ တွက်ကတ်သကဲ့သို့ အသေးအမွှားကိစ္စများကိုပင် အချင်းချင်း တွက်ကတ်ကြေးတိုက်သည်။
ကတ်မည့်ကတ် အပ် ဦးပဲ့ထမ်း - နှင့် အတူတူ။
No comments:
Post a Comment