အုံတုံ ပဉ္စ၊ ကျွဲကော် ဆ၊ ဥသျှစ် ဧကေး၊ တင်လဲ ဒွေး
ရှေးအခါက မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် အင်္ဂတေဖော်စပ်ရာ၌ အုံတုံအစေးငါးဆ၊ ကျွဲကော်ခြောက် ဆ၊ ဥသျှစ်စေးတစ်ဆ၊ တင်လဲနှစ်ဆဖြင့် စပ်ကြသည်။
|
ရှေးအခါက မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် အင်္ဂတေဖော်စပ်ရာ၌ အုံတုံအစေးငါးဆ၊ ကျွဲကော်ခြောက် ဆ၊ ဥသျှစ်စေးတစ်ဆ၊ တင်လဲနှစ်ဆဖြင့် စပ်ကြသည်။
|
အိမ်အိုသောအခါ ပြိုလဲမကျစေရန်၊ တောင့်တင်းခိုင်ခံ့စေရန် ကျားကန်ရသကဲ့သို့ လူအိုသောအခါ စိတ်ပျိုကိုယ်နုစေရန် ပန်းပန်ရသည်။
|
အိမ်၏ အခြေအနေ သာယာ ကောင်းမွန်သဖြင့် ဧည့်သည် အရောက်အပေါက် များသည်။
အိမ်သာလို့ ဧည့်လာ - စကားပုံလည်းရှု။
|
အသီးကို လူကြိုက်များပြီး အပင်သည် ဆေးဖက်ဝင်ကာ ဒေသမရွေး စိုက်ပျိုးနိုင်သဖြင့် အိမ်တိုင်း ၌ မာလကာပင်စိုက်သင့်သည်။
|
တစ်ရပ်ကွက်တည်းနေ အိမ်နီးနားချင်းတို့သည် သာရေးနာရေးကိစ္စများတွင် အပြန်အလှန် ရိုင်း ပင်းကူညီတတ်ကြသည်။
|
အမျိုးသမီးများအဖို့ မိတ်ဆွေကောင်း ပီသသော အိမ်နီးနားချင်းရှိမှ လင်ကောင်းသားကောင်း ရနိုင်သည်။
အိမ်နီးချင်းကောင်းမှ လင်ကောင်းရသည် - စကားပုံလည်းရှု။
|
အိမ်ထောင်ပြုခြင်း၊ ဘုရားတည်ခြင်း၊ ဆေးမင်ရည်ထိုးခြင်းတို့သည် တစ်ကြိမ်မှားလျှင် ပြင်ရန် ခက်ခဲသည့် ကိစ္စများဖြစ်၍ သေချာစေ့စပ်စွာ စဉ်းစားချိန်ဆပြီးမှ ဆောင်ရွက်ရသည်။
|
အိမ်ကြီးကြီးဆောက်ခြင်းသည် လောင်စာအတွက် အထောက်အပံ့ဖြစ်သည်။ ဘုန်းကြီးကျောင်း ကြီးကြီး ဆောက်ခြင်းသည် သံသရာမှ လွတ်မြောက်ကြောင်း အထောက်အပံ့ဖြစ်သည်။
|
မချစ်ခင် မနှစ်သက်သူနှင့် အတူ နေရခြင်းသည် ဆင်းရဲ၏။ (အပ္ပိယေဟိ - မချစ်မနှစ်သက်လို သော သတ္တဝါသင်္ခါရတို့နှင့်၊ သမ္ပယောဂေါ - အတူတကွ ပေါင်းယှဉ်ရခြင်းသည်လည်း၊ ဒုက္ခော- ဆင်းရဲ၏။)
|
တနင်္ဂနွေဂြိုဟ်နှင့် စနေဂြိုဟ်တို့သည် တေဇောဓာတ်ချင်း အားဖြင့်လည်းကောင်း၊ တနင်္လာဂြိုဟ် နှင့် ကြာသပတေးဂြိုဟ်တို့သည် ပထဝီဓာတ်ချင်း အားဖြင့်လည်းကောင်း၊ အင်္ဂါဂြိုဟ်နှင့် ရာဟုဂြိုဟ် တို့သည် ဝါယောဓာတ်ချင်းအားဖြင့်လည်းကောင်း၊ ဗုဒ္ဓဟူးဂြိုဟ်နှင့်သောကြာဂြိုဟ်တို့သည် အာပေါ ဓာတ်ချင်းအားဖြင့် လည်းကောင်း တူညီကြ၍ မိတ်ဓာတ်များ ဖြစ်ကြသည်။ (အန် = တနင်္ဂနွေဂြိုဟ်၊ တေဇောဓာတ်။ တော = စနေဂြိုဟ်၊ တေဇောဓာတ်။ ဂဗ် = တနင်္လာဂြိုဟ်၊ ပထဝီဓာတ်။ ဘေ = ကြာသပတေးဂြိုဟ်၊ ပထဝီဓာတ်။ စ=အင်္ဂါဂြိုဟ်၊ ဝါယောဓာတ်။ ရေ=ရာဟုဂြိုဟ်၊ ဝါယောဓာတ်။ ဝံ=ဗုဒ္ဓဟူးဂြိုဟ်၊ အာပေါဓာတ်။ သေ= သောကြာဂြိုဟ်၊ အာပေါဓာတ်။)
|
မင်းတုန်းမင်းတရားကြီးသည် သက္ကရာဇ် ၁၂၂၁- ခုနှစ်၌ မန္တလေးရတနာပုံ နေပြည်တော်ကြီးကို တည်ထောင်ခဲ့သည်။ (အောင် ကျော် ချမ်း အေး မန္တလေး - ဟူ၍လည်း အဆိုရှိသည်။) (အုတ်=၁၊ ကျစ်=၂၊ ကျော်=၂၊ အေး= ၁။)
|
မိန်းမတို့၏ သဘောသည် ကောက်ကွေ့တတ်၏။ မြစ်သည် ကောက်ကွေ့ တတ်၏။ (ဣတ္ထိ - မိန်းမသည်၊ ဝင်္ကံ - ကောက်ကွေ့၏။ နဒီ - မြစ်သည်၊ ဝင်္ကံ - ကောက်ကွေ့၏။)
|
မိန်းမတို့၏ ဥစ္စာသည် ရုပ်အဆင်း ဖြစ်သည်။ (ဣတ္ထိနံ - မိန်းမတို့၏၊ ဓနံ - ဥစ္စာကား၊ ရူပံ - အဆင်းတည်း။
|
အချို့အမျိုးသမီးတို့သည် ရုပ်ရည် လှပသော်လည်း လိုက်ဖက်သောဆံထုံး မထုံးတတ်သဖြင့် အလှပျက်ကြရသည်။
|
အက္ခရာမှန်၊ စာလုံးမှန်မှ အနက်မှန်ကို သိနိုင်သည်။ (အတ္ထော - အနက်ကို၊ အက္ခရ သညာတော - အက္ခရာတို့ဖြင့် ကောင်းစွာ သိအပ်၊ မှတ်အပ်သည်။)
|
မိမိကိုယ်သာ မိမိ ကိုးကွယ်ရာ ဖြစ်၏။ (အတ္တာဟိ - မိမိကိုယ်သာ၊ အတ္တနော - မိမိ၏၊ နာထော - ကိုးကွယ်ရာ ဖြစ်၏။)
|
ကိုယ့်ကိုယ်ကိုယ်သာ အချစ်ဆုံးဖြစ်သည်။ (အတ္တသမံ - မိမိကိုယ်ကိုချစ်ခြင်းနှင့် တူသော၊ ပေမံ - ချစ်ခြင်းသည်၊ နတ္ထိ - မရှိ။)
ပဿေနဒီကောသလမင်းသည် မလ္လိကာမိဖုရားအား “မလ္လိကာ၊ သင့်အား သင့်ထက်ပို၍ ချစ်သော သူ ရှိပါသလော”ဟု မေးသော် “မင်းကြီး၊ အကျွန်ုပ်အား အကျွန်ုပ်ထက်ပို၍ ချစ်သောသူ မရှိပါ ”ဟု လျှောက်၏။ မလ္လိကာ မိဖုရားကလည်း မင်းကြီးအား “မင်းကြီး၊ သင့်အားလည်း သင့်ထက်ပို၍ ချစ် သောသူ ရှိပါသလော” ဟုမေး၏။ "မလ္လိကာ ငါ့အားလည်း ငါ့ထက်ပို၍ ချစ်သောသူမရှိ”ဟု ဆို၏။ ထိုသို့ အမေးအဖြေပြုကြပြီးသော် မင်းကြီးသည် မြတ်စွာဘုရားထံ သွားရောက်၍ ထိုအမေးအဖြေ စကားကို လျှောက်ထား၏။ ထိုအခါ မြတ်စွာဘုရားက “အရပ်ရပ်သို့ စိတ်ဖြင့် လှည့်လည်ရှာဖွေပါ သော်လည်း သင့်ထက် သင့်ကိုယ်ကို ချစ်သောသူကို မတွေ့နိုင်။ ဤအတူပင် အခြားသူတို့သည်လည်း မိမိတို့ကိုယ်ကို မိမိတို့ ချစ်ကြ၏ ”ဟု မိန့်မြွက်တော်မူ၏။
|
ညဉ့်နက်သည့်တိုင်အောင် မပြန်နိုင်သည့် ဧည့်သည်ကြောင့် အိမ်ရှင်အိပ်ရာဝင်ရန် အခက်တွေ့ရ သည်။
|
ပစ္စည်းဥစ္စာဟူသည် မျက်လှည့်ပြသကဲ့သို့ ခုမြင်ခုပျောက်သဘော၊ မတည်မြဲသောသဘော ရှိသည်။ ပညာဟူသည် ရတနာရွှေအိုးပမာ ယူဆောင်သုံးစွဲ၍ မကုန်သောသဘော ရှိသည်။
|
မီးဖိုချောင်စရိတ်ကို ချွေချွေတာတာ စနစ်တကျ မသုံးစွဲလျှင် အိမ်၏ စီးပွားရေး ကျဆင်းတတ် သည်။ (အိမ်ဖြို စားဖိုက - ဟူ၍လည်း အဆိုရှိသည်။)
|
မိမိ၏ ပစ္စည်းဥစ္စာ ပျောက်သည်နှင့် တစ်ပါးသူအား စိတ်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ မှားယွင်းယိုး စွပ်မိသောကြောင့် ငရဲလားစရာ ဖြစ်ရသည်။
ခိုးသူငရဲမလား၊ ယိုးသူငရဲလား - လည်းရှု။
|
ကုသိုလ်ကံအကျိုးမပေးသေး၍ ပစ္စည်းဥစ္စာမရရှိသေးသော်လည်း စိုးရိမ်ကြောင့်ကြမူ မဖြစ်ပါနှင့်။
|
အချိန်ကို ဥစ္စာ၊ ကုသိုလ်၊ ပညာ တစ်ခုခု ရရာရကြောင်း၌ အသုံးပြုရသည်။
|
မိသားစုတစ်စုတွင် ညီငယ်၊ ညီမငယ်တို့က အစ်ကိုကြီး၊ အစ်မကြီးတို့ကို မိဘသဖွယ် လေးစားကြ ရသကဲ့သို့ အစ်ကိုကြီး၊ အစ်မကြီးများကလည်း ညီငယ်၊ ညီမငယ်တို့ကို သားသမီးသဖွယ် စောင့် ရှောက်ကြရသည်။
|
မည်ကာမတ္တဖြစ်သော အိုင်မျိုး၌ ကြာပင်မပေါက်၊ ပေါက်ပြန်လျှင်လည်း ကတောက်မျိုးသာ ဖြစ်မည်။ မည်ကာမတ္တဖြစ်သော အိမ်မျိုးသို့ ဧည့်ကောင်းစောင်ကောင်းမလာ၊ လာပြန်လျှင်လည်း ဧည့်ပြောက်သောက်သာ ဖြစ်မည်။
ကတောက် = ကြာမျိုးဝင် စားရသော ရေပင်ငယ်တစ်မျိုး။
|
တနင်္ဂနွေနှင့် ကြာသပတေး၊ တနင်္လာနှင့်ဗုဒ္ဓဟူး၊ အင်္ဂါနှင့်သောကြာ၊ စနေနှင့်ရာဟုတို့သည် မိတ်ဆွေအဖြစ် ပေါင်းသင်းရန် သင့်သော နေ့နံများ ဖြစ်ကြသည်။ (အောင် = တနင်္ဂနွေ၊ ပ = ကြာသပတေး၊ ကု = တနင်္လာ၊ လား = ဗုဒ္ဓဟူး၊ ဆွေ = အင်္ဂါ၊ သား = သောကြာ၊ တော် = စနေ၊ ရင်း = ရာဟု။) (အောင်ပကုလား၊ ဆွေသားတော်ရင်း၊ မိတ်ဖက်ချင်း - ဟူ၍လည်း အဆိုရှိသည်။
|
အင်းကောင်းမှန်လျှင် တစ်ကွက်မျှနှင့် ထိရောက်သကဲ့သို့ ဆေးကောင်းလျှင် တစ်စက်မျှနှင့် ထိ ရောက်သည်။
|
မြင့်မြတ်သူ အလောင်းအလျာတို့မှသာ အဂ္ဂိရတ်အတတ်၌ အောင်မြင်သည်။ မိမိ၏ဥစ္စာဟောင်း ဖြစ်ဖူးမှသာ သိုက်တူးရာ၌ အောင်မြင်သည်။ အဆောင်ကောင်း ရှိသူမှသာ မိန်းမပိုးပန်းရာ၌ အောင် မြင်သည်။
|
အသက်အရွယ် အိုမင်းရင့်ရော်သည့်အခါမှ ပျိုရွယ်ခြင်း၏ သဘောသဘာဝနှင့် အရသာတို့ကို နားလည်လာသည်။
|
တနင်္ဂနွေနှင့်သောကြာ၊ အင်္ဂါနှင့် ကြာသပတေး၊ စနေနှင့်ဗုဒ္ဓဟူး၊ တနင်္လာနှင့်ရာဟု သားသမီးတို့ သည် အိမ်ထောင်ဖက်အဖြစ် ပေါင်းသင်းရန် သင့်သော နေ့နံများ ဖြစ်ကြသည်။ (ဦး = တနင်္ဂနွေ၊ သာ = သောကြာ၊ စိန် = အင်္ဂါ၊ ပန်း = ကြာသပတေး၊ ဒန်း = စနေ၊ လှ = ဗုဒ္ဓဟူး၊ ကို = တနင်္လာ၊ ရှာ = ရာဟု)
|
တနင်္ဂနွေဂြိုဟ်သည် တေဇောဓာတ်ဖြစ်၍ ဗုဒ္ဓဟူးဂြိုဟ်သည် အာပေါဓာတ် ဖြစ်၍လည်းကောင်း၊ အင်္ဂါဂြိုဟ်သည် ဝါယောဓာတ်ဖြစ်၍ တနင်္လာဂြိုဟ်သည် ပထဝီဓာတ်ဖြစ်၍လည်းကောင်း၊ ရာဟု ဂြိုဟ်သည် ဝါယောဓာတ်ဖြစ်၍ ကြာသပတေးဂြိုဟ်သည် ပထဝီဓာတ်ဖြစ်၍လည်းကောင်း၊ စနေ ဂြိုဟ်သည် တေဇောဓာတ်ဖြစ်၍ သောကြာဂြိုဟ်သည် အာပေါဓာတ်ဖြစ်၍လည်းကောင်း အချင်းချင်း ဆန့်ကျင်သည့် သဘောရှိ၍ ရန်ဓာတ်များဖြစ်ကြသည်။ ( ဦး = တနင်္ဂနွေဂြိုဟ်၊ တေဇောဓာတ်။ ဝေ = ဗုဒ္ဓဟူးဂြိုဟ်၊ အာပေါဓာတ်။ စံ = အင်္ဂါဂြိုဟ်၊ ဝါယောဓာတ်။ ကူး = တနင်္လာဂြိုဟ်၊ ပထဝီဓာတ်။ ရေ = ရာဟုဂြိုဟ်၊ ဝါယောဓါတ်။ ဘူး = ကြာသပတေးဂြိုဟ်၊ ပထဝီဓါတ်။ တော = စနေဂြိုဟ်၊ တေဇော ဓာတ်။ သူ = သောကြာဂြိုဟ်၊ အာပေါဓာတ်။)
|
လောင်းလှေထွင်းရာတွင် လှေဦးသည် ကြက်၏ ရင်ကဲ့သို့ ခပ်မောက်မောက် ခပ်ချွန်ချွန် ရှိရမည်၊ လှေဝမ်းသည် ဝက်၏ကျောကဲ့သို့ အလယ်တွင် အနည်းငယ် ခုံးသယောင်ရှိပြီး ဘေးနှစ်ဖက် ခပ်ပြေ ပြေ ရှိရမည်၊ ပဲ့သည် ဆန်ကောကဲ့သို့ ဝိုင်းနေရမည်။
|
တနင်္ဂနွေနှင့်အင်္ဂါ၊ တနင်္လာနှင့်ကြာသပတေး၊ သောကြာနှင့်စနေ၊ ဗုဒ္ဓဟူးနှင့်ရာဟု တို့သည် ရန် ဘက်နေ့နံများ ဖြစ်ကြသည်။ (ဦး = တနင်္ဂနွေ၊ ညို = အင်္ဂါ၊ ခေ = တနင်္လာ၊ မာ = ကြာသပတေး၊ သု = သောကြာ၊ တာ = စနေ၊ ဝေ = ဗုဒ္ဓဟူး၊ ရီ = ရာဟု။)
|
အလောင်းမင်းတရားသည် သက္ကရာဇ် ၁၁၁၅- ခုနှစ်၌ ရတနာသိင်္ဃ ကုန်းဘောင်မြို့ကြီးကို တည်ထောင်သည်။ ( ဥ = ၁၊ ဩ = ၁၊ အော် = ၁၊ မြည် = ၅။)
|
အမျိုးသားနှင့် အမျိုးသမီးတို့၏ အရေအတွက် အချိုးအစားသည် တင်းတောင်းတစ်လုံးတွင် ပါရှိ သော ဥသျှစ်သီးလုံးရေနှင့် တင်းတောင်းတစ်လုံးတွင် ပါရှိသော နှမ်းစေ့လုံးရေတမျှ ကွာခြားသည်။
|
ရာသီဥတု သမမျှတမှုသည် ပတ်ဝန်းကျင်ရှိ သစ်ပင်၊ သစ်တောများအပေါ်၌ တည်မှီနေသည်။
|
မိမိမစွမ်းဆောင်နိုင်သည့်အခါမျိုး၊ အားချင်းမမျှသည့် အခါမျိုး၌ မိမိ၏ မာန်ကို လျှော့ရသည် လည်း ရှိသည်။ (အားမသန် မာန်လျှော့ - ဟူ၍လည်း အဆိုရှိသည်။)
|
ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဖြစ်သည်။ (အာရောဂျံ - အနာရောဂါ ကင်းရှင်းကျန်းမာခြင်း သည်၊ ပရမံ - မြတ်သော၊ လာဘံ - လာဘ်မည်၏။)
|
အအေးမြဆုံးသောအရာသည် မေတ္တာ ဖြစ်သည်။ အမှန်ကန်ဆုံးသောအရာသည် သစ္စာဖြစ်သည်။ အကြည်လင်ဆုံးသော အရာသည် သဒ္ဓါတရား ဖြစ်သည်။
|
အသစ် အသစ်တို့သည် မည်မျှပင် ဆန်းသစ်ကောင်းမွန်စေကာမူ ရင်းနှီးပြီးဖြစ်သော အဟောင်း ကိုပင် ပြန်လည်၍ သတိရမိနေတတ်သည်။
|
အသက်ရှည်လိုလျှင် ကျောင်းရိပ်ကန်ရိပ်နှင့် သာယာစိုပြည်သော မန္တလေးတောင်ဝန်းကျင်၌ နေထိုင်ပါ။
|
အသက်မွေးဝမ်းကျောင်း ပြုနိုင်သည့် အတတ်ပညာတစ်ခုခုကို လူတိုင်း တတ်ထားသင့်သည်။
|
အသက်တစ်ရာရှည်ရန် မသေချာသော်လည်း အမှုကိစ္စအမျိုးမျိုးနှင့်မူ ကြုံတွေ့ ရမြဲဖြစ်သည်။
|
အစားအသောက် အနေအထိုင်ကို ဉာဏ်ပညာဖြင့် ဆင်ခြင်သုံးသပ် စားသောက်နေထိုင်တတ်မှ သာ အသက်ရှည်မည်။ (မဟာနိဒ္ဒေသပါဠိတော်၌ အမောဟော ဒီဃာယုကတာယ ပစ္စယော ဟောတိ ဟူ၍ရှိသည်။ အမောဟော - ဉာဏ်ပညာသည်၊ ဒီဃာယုကတာယ - အသက်ရှည်ခြင်း၏၊ ပစ္စယော - အကြောင်း အထောက်အပံ့သည်၊ ဟောတိ - ဖြစ်၏။)
|
အသက်ကြီးလာသည့်အခါ ဆင်တုံးမနွယ်ဖြင့် ဖော်စပ်သော ဆေးကို မှီဝဲရသည်။
|
အသီးကို အလိုရှိပါက အပင်ကို ခုတ်ယူလျှင် ရနိုင်သကဲ့သို့ သမီးနှင့် ထိမ်းမြားလိုပါက မိခင်ဖြစ် သူထံ ချဉ်းကပ် ခွင့်ပန်ခြင်းဖြင့် ရနိုင်သည်။
|
အသိပညာရှိပါလျက် လမ်းလွဲသို့ ဇွတ်တိုး၍ လိုက်သည်။ (အသိခေါက်ခက် အဝင်နက် - ဟူ၍လည်း အဆိုရှိသည်။)
မသိခေါက်ရက် အဝင်နက် - စကားပုံနှင့် နှိုင်းယှဉ်။
|
၁၊ အသားမည်းသူသည် အနီရဲရဲကိုမှ ဝတ်ဆင်တတ်သည်။
၂၊ အသားမည်းသူသည် အနီရဲရဲ ဝတ်ဆင်ပါက လိုက်ဖက် တင့်တယ်သည်။
|
အသားဖြူသူ၏ အလှသည် ရုတ်တရက် ကြည့်လိုက်လျှင် လှသည်ဟု ထင်ရသည်။ အသားညို သူ၏ အလှမှာ တစိမ့်စိမ့် အကြည့်ခံသည်။
အသားဖြူ မြင်းတစ်ပြေး၊ အသားညို ကွမ်းတစ်ယာကမ်း - လည်းရှု။
|
အသားဖြူသူ၏ အလှသည် အဝေးကသာ လှသည်ဟု ထင်ရသည်။ အသားညိုသူ၏ အလှကား အနီးကပ် ကြည့်လျှင်လည်း လှသည်။
အသားဖြူ မြင်းတစ်ပြေး၊ အသားညို ကွမ်းတစ်ယာညက် - လည်းရှု။
|
အသားတကာတွင် ဝက်သားသည် အရသာအရှိသုံး ဖြစ်သည်။ အသီးတကာတွင် သရက်သီးသည် အရသာအရှိဆုံး ဖြစ်သည်။ အရွက်တကာတွင် လက်ဖက်သည် အရသာအရှိဆုံး ဖြစ်သည်။
မံသေသု သူကရော၊ ဖလေသု အမ္ဗော - လည်းရှု။
|
သိက္ခာရှိသူအဖြစ် ရရှိအပ်သော ဂုဏ်အသရေမျိုးကို ဥစ္စာရွှေငွေပေး၍ ဝယ်ယူမရနိုင်ပေ။
|
၁၊ မိမိအလှည့်ရောက်လျှင် မိမိထမ်းဆောင်ရမည့် တာဝန်ကို အားကြိုးမာန်တက် ထမ်းဆောင် ရမည်။
အလှည့်ကျတော့ နွားမတောင်ရုန်းရ - စကားပုံ လည်းရှု။
၂၊ သူတစ်ပါးကို ဒုက္ခပေးတတ်လျှင် ကိုယ်ခံရမည့်အလှည့် ရောက်သောအခါ ခံနိုင်ရည်ရှိရန် လိုသည်။ (ကလဲ့ကျ မနွဲ့ရ - ဟူလည်း အဆိုရှိသည်။)
|
အလှူခံပုဂ္ဂိုလ် တစ်ကျိပ်လေးဦးတွင် ခွေးစသော တိရစ္ဆာန်များပင် ပါရှိသည်။ (အလှူခံတစ်ကျိပ်လေး ခွေးပါသည်၊ အလဇ္ဇီပုဂ္ဂိုလ်မပါ - ဟူ၍လည်း အဆိုရှိသည်။)
|
အလျင်လိုသော စိတ်ဖြင့် ကတိုက်ကရိုက် ပြုလုပ်လျှင် နှောင့်နှေးကြန့်ကြာစရာနှင့် ကြုံရတတ် သည်။ (အလျင်လို အနှေးရ။ အလျင်လို အနှေးတွေ့ - ဟူ၍လည်း အဆိုများရှိသည်။)
|
လိုရာခရီးသို့ အမြန်ရောက်လိုလျှင် သွားနေကျ လမ်းဟောင်းအတိုင်း လိုက်ရသည်။
အလျင်လို လမ်းအိုလိုက် - စကားပုံလည်းရူ။
|
အလိုကြီးသူသည် အနည်းငယ်သာ ရတတ်သည်။
လောဘကြီး အီးလောက်ရ၊ လောဘငယ် လယ်လောက်ရ - လည်းရှု။
ရှေးသောအခါ လေးကျွန်းလုံးကို အစိုးရသော စကြဝတေးမင်းသည် လေးကျွန်းလုံးကို အစိုးရ လျက် အလိုကြီးသည် ဖြစ်သောကြောင့် မရောင့်ရဲနိုင်၍ တာဝတိံသာသို့ တက်ပြီးလျှင် သိကြားမင်း၏ စည်းစိမ်ကို တောင်းရာ သိကြားလည်း တစ်ဝက်ပေး၏။ တစ်ဖန် မရောင့်ရဲနိုင်သဖြင့် အားလုံးကို လို၍ သိကြားအား တောင်းပြန်လေသော် သိကြားလည်း အာလုံးကို ထား၍ တစ်ဝက်မျှလည်း မပေး၊ ပြန် သွားပေတော့ဟု ဆို၍ မန္ဓာတုစကြာမင်းသည် လူ့ပြည်သို့ ပြန်ခဲ့ရ၏။ ယင်းစကားကို အကြောင်းပြု၍ အလိုကြီးသော် အရနည်းသည် ဟူ၍ ယခုတိုင် လူတို့ ဆိုစမှတ် ပြုကြလေသည်။
|
ရောက်ဖြစ်အောင် အရောက်လာသော်လည်း အချိန်နှောင်း၍ အချည်းနှီးဖြစ်ရသည်။
အလာကောင်းသော်လည်း အခါနှောင်း - စကားပုံလည်းရှု။
|
မှီခိုအားထားရာအရှင်သခင် ကြီးပွားတိုးတက်မှ ကျွန်ဖြစ်သူလည်း ကြီးပွားတိုးတက်သည်။ (အရှင်မြင့်က ကျွန်တင့်။ အရှင်တင့် ကျွန်မြင့် - ဟူ၍လည်း အဆိုများရှိသည်။)
|
အရှင်သခင်က ချစ်ကြည်လိုလားလျှင် အဆောင်အယောင် အခမ်းအနားတို့ကို ရရှိခံစားရသည်၊ အရှင့်စိတ်နှင့် အခန့်မသင့်ပြန်ပါကလည်း အသက်ပင် ဆုံးရှုံးရသည်။
|
ညောင်ပင်ကို အိမ်၏ အရှေ့ဘက်တွင် မစိုက်ကောင်း။ ငှက်ပျောကို အိမ်၏ တောင်ဘက်တွင် မစိုက်ကောင်း။ လက်ပံကို အိမ်၏ မြောက်ဘက်တွင် မစိုက်ကောင်း။ သဖန်း၊ ဒန်း၊ သပြေကို အိမ်၏ အနောက်ဘက်တွင် မစိုက်ကောင်း။
|
အရပ်က ဝိုင်းဝန်းကူညီ ထောက်ပံ့ကြမှသာ အသုဘကိစ္စ အစစအရာရာ အဆင်ပြေသည်။
အရပ်ကောင်းမှ အလောင်းလှ - စကားပုံလည်းရှု။
|
အရေးကြီးသောအခါမျိုးတွင် သွေးနီးရာစည်းလုံးကြသည်။ (အရေးကြီးက သွေးနီးရာချို - ဟူ၍လည်း အဆိုရှိသည်။)
|
အရူး၏ စကားပင် ဖြစ်သော်လည်း ဆယ်ခွန်းတွင် တစ်ခွန်းအမှန် ပါတတ်သည်။
|
အခွင့်ကောင်းနှင့် ကြုံတွေ့ရလျှင် တစ်ချက်တည်းနှင့် အောင်မြင်မှု ရနိုင်သည်။ တည်ရာမှီရာ၊ အရပ်အနေကောင်းလျှင် တစ်သက်လုံး ကောင်းစားမည်။ (အကြံကောင်းလျှင် တစ်ချက်၊ အနေကောင်းလျှင် တစ်သက်။ အမှီကောင်းလျှင် တစ်ချက်၊ အနေကောင်းလျှင် တစ်သက် - ဟူ၍လည်း အဆိုများရှိသည်။)
|
မြင်တွေ့ရသောအရာကို နိမိတ်အဖြစ် ကောက်ယူသည်။ ရှိလာသော လက်ဆောင်ကို အတိတ် အဖြစ် ကောက်ယူသည်။ ကြားရသော အသံကို တဘောင် အဖြစ် ကောက်ယူသည်။ (အသံ တဘောင်၊ အကောင် နိမိတ် - ဟူ၍လည်း အဆိုရှိသည်။)
|
ဆွေမျိုးနည်းပါးလျှင် လူတွင်ကျယ်မလုပ်ပါနှင့်၊ တန်ရာတန်ဖိုးအောက် နည်းလွန်းသော ပစ္စည်း မျိုးကိုလည်း မဝယ်ပါနှင့်။
|
တံကောက်ကြောကို ထိုးကွင်းထိုးသောအခါ အမေ့ကို တ ရလောက်အောင် နာကျင်လှသည်။ (အမေ့အော်သော တံကောက်ကြော - ဟူ၍လည်း အဆိုရှိသည်။)
|
မိခင်အမူအကျင့် မကောင်းလျှင် သားသမီးတို့ နှုတ်အမူအရာ ကြမ်းတမ်းသည်။ ဖခင် အမူအကျင့် မကောင်းလျှင် သားသမီးတို့ ကိုယ်အမူအရာ ကြမ်းတမ်းသည်။
|
အင်္ဂတေကောင်းဖြစ်ရန် တမာစေး၊ ပွဲ့လျက်၊ ထန်းလျက်၊ လဲဝါ၊ လွန်စေး၊ ဖန်ခါးသီး၊ ကျွဲကော်၊ ကြွေ၊ ဥသျှစ်စေး၊ အုံတုံစေး ဤဆယ်မျိုးကို ရောကျိုရသည်။
|
မိမိကိုယ်ကို သတ်သေသူသည် ဘဝပေါင်းငါးရာငါးကမ္ဘာတိုင်အောင် ဤအဖြစ်ဆိုးမျိုးနှင့် အကြိမ် ကြိမ် ကြုံရသည်။
|
၁၊ တန်ဖိုးနည်းသော ပစ္စည်းသည် ပျက်စီးလွယ်၍ မိမိအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်တတ်သည်။
၂၊ တန်ဖိုးနည်းသောပစ္စည်း ဖြစ်သော်လည်း အသုံးတည့်သဖြင့် မိမိအတွက် တန်ဖိုးရှိသည်။
|
အပွေးအခေါက်မြင်ရုံဖြင့် မည်သည့်အပင်ဖြစ်ကြောင်း သိနိုင်သကဲ့သို့ အရည်အသွေးကိုမြင်ရုံဖြင့် မျိုးရိုးအဆင့်အတန်း သဘောလက္ခဏာကို ခန့်မှန်းနိုင်သည်။
အပွေးမြင် အပင်သိ ။ အသွေးမြင် အသွင်သိ - စကားပုံများလည်းရှု။
|
ရုပ်သေးသဘင်တွင် ဦးဖူးညိုသည် အပြောပိုင်သည်။ ဦးပုသည် အဆိုပိုင်သည်။
|
အပျိုဘဝကို စွန့်လွှတ်၍ အိမ်ထောင်ပြုမိသဖြင့် ဒုက္ခဆင်းရဲ ဖြစ်ရသည်။
|
ညောင်သည် အပင်အားဖြင့် ကြီးသော်လည်း အသီးသေးပါသည်။ တောင်သည် အမြင်အားဖြင့် နီးသော်လည်း ခရီးဝေးကွာသည်။
|
အနာရောဂါကို မသိလျှင် ယင်းအနာရောဂါ ပျောက်စေနိုင်သော ဆေးကို ပေးနိုင်မည်မဟုတ်ပေ။
အနာမသိ ဆေးမရှိ - စကားပုံလည်းရှု။
|
အနာရောဂါနှင့် ကိုက်ညီသောဆေးဖြင့် ကုသလျှင် ရောဂါ ပျောက်ရန် မခက်ပါ။
|
အထိန်းမရှိသည့် ချည်ခင်သည် အမျှင် ရှုပ်ထွေးသည်။
အထိန်းမရှိသည့်ချည်ခင် - စကားပုံလည်းရှု။
|
ချင်းတွင်းမြစ်ကြောင်းအထက်ပိုင်းတွင် ပေဝဲ၊ အောက်ပိုင်းတွင် ရွှေစာရေးဝဲ၊ အလယ်တွင် ဝဲသိုက် ဝဲတို့သည် လှေသမားကို မျက်ဖြူဆိုက် လောက်အောင် ဒုက္ခပေးတတ်သည်။
|
အောက်မြန်မာနိုင်ငံတွင် ရွှေတိဂုံစေတီသည် သပ္ပာယ် ထင်ရှားသကဲ့သို့ အထက်မြန်မာနိုင်ငံ မလိခ မြစ်ကမ်းရှိ ကောင်းမှုလုံရွာမှ ကောင်းမှုလုံစေတီသည် သပ္ပာယ် ထင်ရှားသည်။
|
လွယ်လွယ်ထားသော ပစ္စည်းကို တွေ့မြင်လျှင် သူကြွယ်ပင် ဖြစ်စေကာမူ ယူတတ်သည်။ (လွယ်လျှင် သူကြွယ်ပင် ခိုးတတ်သည်။ အလွယ်မြင်လျှင် သူကြွယ်လိုချင်။ လွယ်လျှင် သူကြွယ်ပင်မရိုးသား - ဟူ၍လည်း အဆိုများရှိသည်။)
|
ကိုယ်တွင်း၌ အပူမီးတောက်လောင်နေသူအဖို့ ပြင်ပအပူတို့ကို ဂရုမထားနိုင်ချေ။
|
တုပစရာမြင်၍ အတုခိုးပြီး လိုက်လုပ်သည်။ (အတုမြင် အတတ်ရ - ဟူ၍လည်း အဆိုရှိသည်။)
|
ရုပ်အဆင်းသာလှ၍ အချင်းမရှိသူသည် အဆင်းသာလှ၍ ရနံ့ကင်းသော ပေါက်ပန်းနှင့် တူသည်။
|
အကျည်းတန်သူ၏ နှုတ်မှ သိမ်ဖျင်းသော စကား ထွက်သည်။ (အကျည်းတန် စကားတန်ထွက် - ဟူ၍လည်း အဆိုရှိသည်။)
|
ဆန်းပြားသော အရာပင် ဖြစ်သော်လည်း အဆင်အပြင် မတတ်လျှင် မလှမပ မတင့်မတယ် ဖြစ်တတ်သည်။ မိမိ လိုချင်သည့် အရာကို ရအောင် အားမထုတ်တတ်ပါက ပင်ပန်းရကျိုးမနပ် ဖြစ်တတ်သည်။
|
အချို့သူများသည် အဆီအအိမ့် မည်မျှပင် စားစေကာမူ ဝဖြိုးလာခြင်းမရှိပေ။
|
မကြံလည်း ဖြစ်၊ ကြံလည်းနစ် - နှင့်အတူတူ။ (အစိန္တိတမ္ပိ - မကြံဘဲလည်း၊ ဘဝတိ - ဖြစ်တတ်၏။ စိန္တိတမ္ပိ - ကြံလျက်လည်း၊ ဝိနဿတိ - ပျက်စီးတတ်၏။)
|
အစားကို ကုန်အောင် စားသင့်သော်လည်း စကားကိုမူ အကုန် မပြောသင့်ပေ။
|
မစားသင့်သော အစာကို တစ်လုတ်မျှ စားမိရုံဖြင့် ဘေးဥပဒ် ဖြစ်တတ်သကဲ့သို့ မသွားသင့်သော အရပ်သို့ တစ်လှမ်းမျှ သွားမိရုံဖြင့်လည်း ဘေးအန္တရာယ် တွေ့ရတတ်သည်။
အစားမတော် တစ်လုတ်၊ အသွားမတော် တစ်လှမ်း - စကားပုံလည်းရှု။
|
သင့်လျော်သောအစားအစာသည် အာဟာရဖြစ်စေသဖြင့် ဆေးတစ်မျိုးပင် ဖြစ်သည်။ သင့်လျော် သော ဆေးသည်လည်း အာဟာရ ဖြစ်စေသဖြင့် အစားအစာတစ်မျိုးပင် ဖြစ်သည်။
|
ကြက်သည် အစာကို ကောက်တိုင်းသာ ရမည်ဆိုလျှင် စလုတ်ပင် ဆံ့နိုင်မည် မဟုတ်သကဲ့သို့ နှမ်းသမားသည် နှမ်းလျင်စိုက်ပျိုးတိုင်းသာ ဖြစ်ထွန်းမည်ဆိုလျှင် ထည့်စရာပုတ်များပင် ဆံ့နိုင်မည် မဟုတ်ချေ။
ကောက်တိုင်းရ စလုတ်မဆံ့နိုင် - စကားပုံလည်းရှု။
|
ရည်းစားဦးနှင့်လွဲကာ တစ်ပါးသူနှင့် အိမ်ထောင်ကျ၍ သားသမီးတစ်ဖျာစာလောက် ရပြီးသော် ငြားလည်း မိမိ ရည်းစားဦးကို မေ့မရနိုင်ချေ။
|
လုပ်ငန်းတစ်ခုကို စလုပ်စဉ်ကတည်းက စနစ်တကျရှိမှသာ အောင်မြင်စွာ အဆုံးသတ်နိုင်ရန် သေချာသည်။
|
မိဘသည် သားသမီးကို ငယ်စဉ်ကတည်းက မဆုံးမလျှင် မိဘဝတ္တရားပျက်သဖြင့် သားသမီး၏ ရန်သူသဖွယ် ဖြစ်ရသည်။
|
ခိုင်ခိုင်လုံလုံ ထွက်ဆိုခဲ့သော ရှေ့သက်သေစကားနှင့် နောက်သက်သေစကားသည် တစ်သဝေ မတိမ်း ဖြစ်သင့်သည်။
|
တစ်ဦးတစ်ယောက်ကို အချစ်ကြီးချစ်သူသည် ထိုသူ့ကို မုန်းမိလျှင်လည်း အမုန်းကြီးမုန်းတတ် သည်။
|
အကြမ်းဖက်လာသော အရေးကိစ္စမျိုးကို အနုနည်းဖြင့်သာ အောင်မြင်အောင် ကိုင်တွယ်ဖြေရှင်း ရာသည်။
|
ရည်မှန်းချက်၊ အကြံအစည်ချင်းတူ၍ အချင်းချင်း ယှဉ်ပြိုင်ရလျှင် ရန်သူ ဖြစ်တတ်သည်။ လုပ်ငန်းချင်း တူလျှင်လည်း တစ်ဦးကိုတစ်ဦး မလိုလား မရှုဆိတ် ဖြစ်တတ်သည်။
|
အကြံတူသော် ရှေ့လူ၏ လုပ်ဆောင်ချက်ကို လေ့လာခွင့်ရသော နောက်လူ၏ လုပ်ဆောင်ချက် သည် အရည်အသွေး ပိုကောင်းမြဲ ဖြစ်သည်။
|
အားအကြီးဆုံးသော အရာသည် တွယ်တာတပ်မက်မှုတဏှာ၊ အပူလောင်ဆုံးသော အရာသည် ကိလေသာ၊ အမွေးပျံ့ဆုံးသော အရာသည် မေတ္တာ ဖြစ်သည်။
|
အကျယ်မချဲ့သင့်သော အရေးကိစ္စများကို အပြန်အလှန် ငြင်းခုံ ပြောဆိုနေခြင်းဖြင့် ကိစ္စပြီး မြောက် ငြိမ်းအေးသွားမည်မဟုတ်ပေ။
|
ခြေလက်ထိခိုက် ကျိုးပဲ့နေသူကလည်း အငြိမ်မနေချင်၊ မျက်မမြင်ကလည်း ဟိုဟိုသည်သည် ငေးမောချင်သည်။
|
ပျော်ရွှင်လိုသောသဘောဖြင့် နောက်ပြောင်ကျီစားလွန်းလျှင် ရန်ဖြစ်တတ်သည်။
|
တစ်ပါးသူ ကျရစ်သော ပစ္စည်းကို ကောက်ယူရာ၌ မကျင်လည်ပါက ခိုးသည်ဟု အထင်ခံရ တတ်သည်၊ တစ်ပါးသူ၏ ပစ္စည်းကို ခိုးယူရာ၌ ကျင်လည်ပါက ကောက်ယူသည်ဟု အထင်ခံရ တတ်သည်။
|
ဟန်မပျက်နေနိုင်ခြင်းသည် မိမိအရေးသာရာ အကြောင်း ဖြစ်သည်။ မာန်လုပ်ခြင်းဖြင့် သူတစ်ပါး အရေးသာသွားရန် အကြောင်း ရှိသည်။
|
ချို့ယွင်းချက်၊ အားနည်းချက် ရှိသူအား သူ့ချို့ယွင်းချက်၊ အားနည်းချက်ကို ဟုတ်မှန်သည့်အတိုင်း ပြောဆိုလျှင် အခံရခက်ကာ အမျက်ထွက်တတ်သည်။
|
ထုံးဟောင်းပင် ဖြစ်သော်လည်း အကျိုးမဲ့လျှင် စွန့်ပယ်ရသည်။
ရှေးထုံးလည်း မပယ်နှင့်၊ ဈေးသုံးလည်း မလွယ်နှင့် - နှင့် နှိုင်းယှဉ်။
|
အဟောင်းပင် ဖြစ်သော်လည်း ဆက်လက်အသုံးပြုသင့်လျှင် မပစ်ပယ်ရ။ အသစ်ပင် ဖြစ်သော် လည်း မသုံးသင့်လျှင် ပယ်ရမည်။
|
အိမ်ထောင်ရှင် ဖြစ်လာသောအခါ အမျိုးသမီးသည် အမျိုးသား၏ အိမ်၊ ရပ်ရွာသို့ လိုက်ပါ နေထိုင်ရသည်။ (သျှောင်နောက်ဆံထုံး ပါမြဲထုံး - ဟူ၍လည်း အဆိုရှိသည်။)
|
သျှောင်ကြီးလွန်းပါက တင့်တယ်စွာ မတည်ရှိနိုင်ဘဲ အောက်သို့ ငိုက်ကျ၍ လာတတ်သည်။ အချို့ လူများ အသက်ကြီးလာလျှင် ဆိုးတတ်မိုက်တတ်သည်။
|
ဝီရိယမလျှော့ဘဲ အစဉ်တစိုက်သွားပါလျှင် လိုရာအရပ်သို့ မုချ ဆိုက်ရောက်မည်။
မအိပ်မနေ အသက်ရှည် - တွင် ပုံပြင်ရှု။
|
ပုဂ္ဂိုလ်တစ်ဦး၊ ဌာနတစ်ခု၏ ကိုယ်စား တမန်သဖွယ် သွားရောက်စေ့စပ် ဆွေးနွေးရာတွင် မပြေ လည်သေးသည့်အချက်များ ရှိပါက စေလွှတ်သူ ပုဂ္ဂိုလ်၊ ဌာနအား ရှေ့နေသဖွယ် ပြေပြစ်အောင် ရှင်း လင်းတင်ပြရသည်။
|
ရောဂါပျောက်စေနိုင်သော ဆေးဝါးပင် ဖြစ်စေကာမူ မှန်မှန်ကန်ကန် မသုံးတတ်လျှင် ဘေး အန္တရာယ် ဖြစ်တတ်သည်။
|
သုံးကျောင်းပြောင်းသော ရှင်ရဟန်း၊ သုံးလင်ပြောင်းသော မိန်းမတို့ကို မတည်တံ့သူများအဖြစ် အများက အထင်သေးကြသည်။
|
သတ္တဝါတို့သည် အစာအာဟာရကို မှီဝဲ၍ အသက်ရှင်နေကြသည်။ (သဗ္ဗေ - အလုံးစုံသော၊ သတ္တာ - သတ္တဝါအပေါင်းတို့သည်၊ အာဟာရဋ္ဌိတိကာ - အာဟာရသာလျှင် ထောက်တည်ရာရှိကုန်၏။)
|
သတ္တဝါတစ်ခု ကံတစ်ခု - နှင့် အတူတူ။ (သဗ္ဗေ - ခပ်သိမ်းကုန်သော၊ သတ္တာ - သတ္တဝါအပေါင်းတို့သည်၊ ကမ္မသကာ - ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။)
|
အလှူအားလုံးတို့တွင် တရားအလှူသည် အမြတ်ဆုံး အသာဆုံး ဖြစ်သည်။ (ဓမ္မဒါနံ - တရားအလှူ သည်၊ သဗ္ဗဒါနံ - အလှူအားလုံးကို၊ ဇိနာတိ - အောင်နိုင်၏။)
|
အတတ်ပညာကို ခိုးသူတို့ မခိုးယူနိုင်။ (သိပ္ပံ - အတတ်ကို၊ စောရာ - ခိုးသူတို့သည်၊ နဂဏှန္တိ - မခိုးယူနိုင်ကုန်။)
|
အတတ်ပညာနှင့်တူသော ဥစ္စာသည် မရှိ။ (သိပ္ပာသမံ - အတတ်နှင့်တူသော၊ ဓနံ - ဥစ္စာသည်၊ နတ္ထိ - မရှိ။)
|
ရောင့်ရဲတင်းတိမ် လူ့စည်းစိမ် - နှင့် အတူတူ။ (သန္တုဋ္ဌိ - ရောင့်ရဲခြင်းသည်၊ ပရမံ - အမြတ်ဆုံးသော၊ ဓနံ - ဥစ္စာတည်း။)
|
သဒ္ဓါလွန်ကဲလျှင် လိုအပ်သည်ထက်ပို၍ လုပ်ဆောင်တတ်သည်။ ပညာလွန်ကဲလျှင် လိုအပ်သည့် အောက် ဆွန့်ရှားလျော့နည်း၍ လုပ်ဆောင်တတ်သည်။ ဝီရိယလွန်ကဲလျှင် စိတ်အာရုံ ပြန့်တတ်သည်။ သမာဓိလွန်ကဲလျှင် တွန့်ဆုတ်ထိုင်းမှိုင်းတတ်သည်။
|
တစ်ဦးဦးအပေါ် သဒ္ဓါတရား လွန်ကဲစွာထားမိပါက ထိုသူ့ကို တပ်မက်စွဲလမ်း လာတတ်သည်။
|
သဒ္ဓါနှင့် ပညာကိုလည်းကောင်း၊ သမာဓိနှင့်ဝီရိယကိုလည်းကောင်း ညီညွတ်မျှတအောင် စောင်း ကြိုးညှိသကဲ့သို့ ညှိရသည်။
|
ပါဠိသဒ္ဒါအရာ၌ ရှင်မဟာကစ္စည်းသည် ကျော်ကြားသည်။ ပျို့ကဗျာအရာ၌ ရှင်မဟာသီလဝံသ သည် ကျော်ကြားသည်။
|
သဒ္ဒါကို ကျွမ်းကျင်နိုင်နင်းခြင်းမရှိဘဲနှင့် စာကြီးပေကြီးများကို မကိုင်ပါနှင့်။
|
ပါဠိသဒ္ဒါကို ကိုးခေါက်လောက် ပြန်ပြီးသည့်တိုင်အောင် စာကို ပြောက်တိပြောက်ကျား အနည်း ငယ်မျှသာ တတ်သေးသည်ဟု ဆိုနိုင်သည်။
|
ပိုးမွှား တိရစ္ဆာန်တို့သည် လူက သုတ်သင်လိုက်မှ တိရစ္ဆာန်ဘဝက ကျွတ်လွတ်ကြသည်။ (ပိုးမွှားတိရစ္ဆာန်တို့ကို သတ်ဖြတ်သူတို့၏ လက်သုံးစကား ဖြစ်သည်။)
|
ယခုဘဝ၌ ယခုကိုယ်ဖြင့်စံစားမည်၊ ခံစရာရှိလျှင်လည်း အခြားဘဝ၌ အခြားကိုယ်ကခံလိမ့်မည်။
|
ပင်စောက်မှ သီးသော အသီးကို သစ်သီး၊ နွယ်မှ သီးသော အသီးကို ဝလံ ဟူ၍လည်းကောင်း၊ ပင်စောက်မှ ပွင့်သော အပွင့်ကို ပန်း၊ နွယ်မှ ပွင့်သော အပွင့်ကို မန် ဟူ၍လည်းကောင်း ခေါ်သည်။
|
သစ်ပင်၏ အရိပ်အာဝါသထက် ဆွေမျိုးအသိုင်းအဝိုင်း၏ အရိပ်အာဝါသက ပို၍ အေးမြသည်။
|
သစ်ပင်အောက်ဝင်လျှင် သစ်ပင်ပိ၍ သေနိုင်သည်။ လူအချင်းချင်း အောက်ကျို့ ဆက်ဆံခြင်းဖြင့် ဒုက္ခမရောက်နိုင်။
လူ့အောက်ကျို့၍ မသေ၊ တုံးပိမှ သေသည် - နှင့် အတူတူ။
|
သစ်ပင်သည် အမြစ်နှင့်မကင်း။ လူသည် အချစ်နှင့်မကင်း။ တိုင်းပြည်သည် စစ်နှင့်မကင်း။
|
အထီးတည်းဖြစ်သော သစ်ပင်သည် လေပြင်းဒဏ်ကို ခံရတတ်သကဲ့သို့ အထီးတည်း နေသူသည် လည်း ရန်မူခြင်း၊ အနိုင်ကျင့်ခြင်းကို ခံရတတ်သည်။
|
မှန်ကန်သောစကားကို ဆိုခြင်း၊ ဆင်ခြင်တုံတရားရှိခြင်း၊ လုံ့လဝီရိယရှိခြင်း၊ စွန့်ဝံ့ခြင်းတို့သည် ရန်သူကို အောင်မြင်နိုင်သော အကြောင်းတရားလေးခု ဖြစ်သည်။
|
သစ်စေးထိုးလုပ်သားတို့သည် လေးလံသော ပုံတင်ကို လွယ်၍ ဝေးလံသော တောတွင်းသို့ သွားကာ သစ်စေးထိုးကြရသည်။
ပုံတင် = သစ်စေးထိုး လုပ်သားတို့၏ လွယ်ခြင်း။
|
သင်းဝင်ပွင့်များ ပွင့်သည့်အချိန်တွင် အပွင့်မှ ထွက်သော ညှီစို့စို့အနံ့ကြောင့် ယင်ကောင်များ အလွန်ပေါများသည်။
|
သင်္ဂြိုဟ်ကျမ်းလာ အဘိဓမ္မာသဘော၌ ဝိုးတိုးဝါးတားဖြစ်၍ အယူအဆမှားလျှင် အပါယ်လား နိုင်သည်။ ရှေ့နေသည် အမှုလိုက်ရာ၌ ဝိုးတိုးဝါးတား ဖြစ်လျှင် အမှုအရှုံးများနိုင်သည်။ ဆေးသမား သည် ဆေးကုရာ၌ ဝိုးတိုးဝါးတား ဖြစ်လျှင် လူနာအသေအပျောက် များနိုင်သည်။
|
သင်္ကန်းအလှူတွင် ကထိန်သင်္ကန်း အလှူသည် အမြတ်ဆုံးဖြစ်သည်။ ကျောင်းအလှူတွင် သိမ် ကျောင်း ဆောက်လုပ်လှူဒါန်းခြင်းသည် အမြတ်ဆုံးဖြစ်သည်။
|
သိုက်စာဖတ်သည်ကို နားထောင်မိသူသည် ထိုသိုက်မှ ဥစ္စာတို့ကို မိမိပင် ရတော့မယောင် မျှော် လင့်ထင်စား မိတတ်သည်။
|
အရသာနှင့် ပြည့်စုံ၍ သောက်၍ မတင်းတိမ်နိုင်သော ထန်းရည်သုံးမျိုးမှာ ရဟန်းကြီးကြိုက်၊ အပျော်သောက်၊ ထန်းရည်ခါးတို့ ဖြစ်သည်။
|
ဆားငန်ရည်နှင့်တူသော ကာမဂုဏ်ငါးပါးတို့ကို မည်မျှပင် ခံစားသော်လည်း အားမရနိုင်ဘဲ တိုး၍ တိုး၍သာ ခံစားချင်သည်။
|
တစ်ဖက်ဖက်မှ သက်သေများသည် ညီညွတ်ခြင်းမရှိကြဘဲ သူတစ်မျိုးငါတစ်ဖုံ ထွက်ဆိုကြလျှင် တရားရှုံးတတ်သည်။
|
ခိုင်လုံသော သက်သေပင် ဖြစ်သော်လည်း သက်သေတစ်ခုတည်း မဖြစ်သင့်ပေ။
|
အမည်၏ နေ့နံကို ကောက်ယူရာတွင် သက်ရှိဖြစ်လျှင် အစစာလုံးကို ယူရသည်။ သက်မဲ့ဖြစ်လျှင် အဆုံးစာလုံးကို ယူရသည်။ (သာဓက။ ။ တံခွန် - သက်မဲ့၊ အဆုံးစာလုံး - ခွန် = တနင်္လာနံ။ ဇီးကွက် - သက်ရှိ၊ အစစာလုံး - ဇီး = အင်္ဂါနံ။)
|
သက်ကြီးရွယ်အိုတို့၏ ဆိုစကားကို ငယ်ရွယ်သူတို့က မှတ်သားလိုက်နာရသည်။
|
သံပေါက်ကဗျာကိုမျှ နိုင်နိုင်နင်းနင်း မရေးစပ်တတ်လျှင် တေးသီချင်းရေးစပ်ခြင်း မပြုပါနှင့်။
|
သံဃာကို ဆည်းကပ်ကိုးကွယ်ခြင်းဖြင့် မိမိဘဝ၌ ချမ်းသာကြီးပွားနိုင်သည်။
ဘုရားဖက်တော့ အသက်ရှည် ။ တရားဖက်တော့ အမျက်ပြေ - တို့လည်းရှု။
|
သံချပ်ထိုးသည့်အခါ မိုး မိုး မိုးလားမောင်ရို့၊ လေ လေ လေလားမောင်ရို့ ဟူသော စကားဖြင့် စလေ့ရှိသည်။
|
သောကြာသားသည် စကားများသည်။ (သောကြာလေမျိုး စကားအိုး - ဟူ၍လည်း အဆိုရှိသည်။)
|
ပျောက်သောသူ ရှာလျှင်တွေ့၊ သေသောသူ ကြာလျှင်မေ့ - နှင့်အတူတူ။
|
ဆွေမျိုးမတော်စပ်သူအား မကျန်းမာစဉ် ငွေကြေး စိုက်ထုတ်ပြုစုရုံမျှမက သေသောအခါ၌လည်း သင်္ဂြိုဟ်သူသည် သေသူ၏ ဥစ္စာပစ္စည်းကို ပိုင်ဆိုင်ခွင့်ရှိသည်။
ဘုရားလက်ထက်တော်တွင် သူဌေးသားတစ်ယောက်သည် ရဟန်းခံ၍ သင်္ကန်းအနားပတ်အတွင်း တစ်သိန်းတန် လက်စွပ်ကို မြှုပ်လျက် အရပ်တစ်ပါးသို့ သွားရာ တစ်ဦးသော ရဟန်း၏ ကျောင်း၌ တည်းနေ၏။ ထိုအခါ ရဟန်းနာဖျားမကျန်းရှိရာ ကျောင်းရှင်ရဟန်းလည်း ကောင်းစွာ ကုမပေ၏။ ကံကြမ္မာအလျောက် သေလွန်လျှင် ထိုတစ်သိန်းတန်လက်စွပ်ကို ရ၍ ကျောင်းရှင်ရဟန်း ယူထားပြီးမှ ကောင်းမွန်သင်္ဂြိုဟ်ပေ၏။ အဖသူဌေးလိုက်လာ၍ အလုံးစုံကို ပြန်ပြောပေ၏။ အဖသူဌေးလည်း လက်စွပ်ကို ရထိုက်ကြောင်းနှင့် တောင်းကာလ မြတ်စွာဘုရားသခင် ခြေတော်ရင်းသို့ ဝပ်စင်း လျှောက်ထားကြရာ နာစဉ် ကုမ၍ သေလျှင် အရိုးမြေကျသင်္ဂြိုဟ်သူ ရထိုက်ကြောင်း ဟောတော် မူချေသောကြောင့် ကုသသင်္ဂြိုဟ်သူတို့ ခံစားသော တရားလမ်းဖြစ်သည်။
|
ခေတ်အခြေအနေ အလွန်ကောင်းသည့်အခါ၌ ဤသို့သော ခေတ်မျိုးကို ရှေးက သွားလေသူတို့ မကြုံခဲ့ကြရပလေဟု တမ်းတကြသည်။
|
ချက်အောက် တစ်ဝိုက်၌ ထိုးကွင်းထိုးသည့်အခါ သေမတတ် နာကျင်လှသည်။
|
မွေးသောနေ့ ရှိလျှင် သေသောနေ့လည်း ရှိစမြဲဖြစ်၍ သေရမည်ကို အထူး တွေးတောထိတ်လန့် ကြောက်ရွံ့စရာ မလိုပေ။
|
သူတစ်ပါး၏ အကျိုးကို ကူညီဆောင်ရွက် ပေးခြင်းဖြင့် မိမိ၏ အကျိုးစီးပွားလည်း ဖြစ်ထွန်း အောင်မြင်လာသည်။
|
မိမိနှင့် ဆက်ဆံရသူများကို မဆန့်ကျင်ဘဲ အထိုက်အလိုက် ပြောဆိုကျင့်ကြံခြင်းဖြင့် မိမိအလိုပါ အောင် ဆောင်ရွက်ပါ။ (သူ့စရိုက်နှင့်၊ လိုက်လျောညီထွေ ကျင့်တတ်စေ - ဟူ၍လည်း အဆိုရှိသည်။)
|
သူ့ဘက်သားဟု ယူဆထားရသူက ကိုယ့်ဘက်သား ဖြစ်နေတတ်သည်။
ကိုယ့်လူ သူ့ဘက်သား - နှင့် နှိုင်းယှဉ်။
|
သူတစ်ပါးစိတ်ကို သိလိုပါက မိမိစိတ်နှင့် နှိုင်းယှဉ်ကြည့်လျှင် သိနိုင်သည်။
|
သူတစ်ပါးပျက်စီးအောင် ကြံစည်ပြုမူလျှင် မိမိသာ ထိုမကောင်းမှုဒဏ်ကို ခံစားရသည်။
ကိုယ့်ရှူး ကိုယ်ပတ် - စကားပုံလည်းရှု။
|
သူတော်ကောင်းများကို နတ်ကောင်းနတ်မြတ်များက စောင်မစမြဲဖြစ်သည်။
|
သူဇာပျို့သည် မင်းခမ်းမင်းနား ထီးမူနန်းရာ၊ ထီးသုံးနန်းသုံး မြန်မာ့ယဉ်ကျေးမှု အစုံပါသဖြင့် ပစ်ပယ်မထားဘဲ လေ့လာဆည်းပူးသင့်ပေသည်။ သို့ရာတွင် စာနုစာယဉ် အဖွဲ့အနွဲ့လောက်တွင်သာ သာယာနစ်မြုပ် မနေသင့်ပေ။
|
သူခိုးများ အင်အားကောင်းလာသောအခါ ဓားပြ ဖြစ်လာတတ်သည်။ ဓားပြများ အင်အားကောင်း လာသောအခါ သူပုန် ဖြစ်လာတတ်သည်။
|
သုစရိုက် ၁၀-ပါးကို လိုက်နာကျင့်သုံး၍ ဒုစရိုက် ၁၀- ပါးမှ ရှောင်ကြဉ်ပါ။
|
သီတင်းကျွတ်လတွင် မိုးသည် သင်ပုတ်ပလ္လင် သန့်စင်သွားလောက်အောင် ရွာသည်။
သင်ပုတ်ပလ္လင် = ဘုရားဆွမ်းတော်စွန့်ရာ အုတ်ခုံ။
|
မိမိ၏ အတွင်းရေး ကိစ္စကို သိရုံသာသိသေးသူအား မမြင်ပါစေနှင့်။ အပေါ်ယံ မြင်ရုံသာ မြင်သေး သူအားလည်း ကိစ္စ အလုံးစုံကို မသိပါစေနှင့်။ (သိသာသိစေ မမြင်စေနှင့်၊ မြင်သာမြင်စေ မထင်စေနှင့် - ဟူ၍လည်း အဆိုရှိသည်။)
|
၁၊ မိဘတို့သည် သားဦးသမီးဦးကို အရူးအမူးချစ်တတ်ကြသည်။
၂၊ သားဦးသမီးဦးသည် ရူးပေါပေါ ဖြစ်တတ်သည်။
|
စနေနေ့၌ ဖွားမြင်သော သားဦးသမီးဦးကြောင့် မိဘများ စိတ်ဆင်းရဲရခြင်း၊ အကျိုးစီးပွား ဆုတ်ယုတ်ခြင်း ဖြစ်တတ်သည်။
|
မိဘတိုင်းသည် သားသမီးကို မြင်လိုက်ရလျှင် သီတာရေကြည်နှင့် ထိတွေ့ ရသကဲ့သို့ ရွင်လန်း ချမ်းမြေ့ကြသည်။
|
အမိအဖအဖြစ်မှ အဘိုးအဘွားအဖြစ်သို့ ရောက်လာကြသောအခါ အဘိုးအဘွား တို့သည် သားသမီးထက် မြေးကို အချစ်ပိုတတ်၊ အချစ်သည်းတတ်ကြသည်။
|
သားလျှော၊ သားသေပြီးစ မိခင်တို့သည် ရက်များ မကြာခင် နောက်ထပ်ကိုယ်ဝန်ရတတ်သည်။
|
သားသမီးများ အကျင့်စာရိတ္တမကောင်းသူ ဖြစ်လာလျှင် မိဘဝတ္တရားပျက်ကွက်သည်ဟု မိဘတို့ အပေါ် အပြစ်ပုံချသည်။
သားသမီးမကောင်း မိဘခေါင်း - စကားပုံလည်းရှု။
|
မိမိ၌ ငွေပိုငွေလျှံရှိလျှင် ဆင်မြင်းကျွဲနွားများ ဝယ်ယူခြင်းဖြင့်လည်းကောင်း၊ လယ်ယာမြေများ ဝယ်ယူခြင်းဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံပါ။
|
မိဘကို သားသမီးတို့က မရိုသေမလေးစားလျှင် ကျေးကျွန်အစေအပါးတို့က ရိုသေလေးစားမည် မဟုတ်ချေ။
|
သားဆိုးလျှင် မိခင်သည် ပူပင်သောကရောက်၍ မဆုံး ဖြစ်ရတတ်သည်။ (သားဆိုးအမေ တတေတေ - ဟူ၍လည်း အဆိုရှိသည်။)
|
လိမ္မာသော သားသည်သာ အမျက်ကျောက်ကောင်းတစ်စေ့ပမာ တန်ဖိုးရှိသည်။
|
မိန်းမသားတို့သည် သားကို သခင်သဖွယ် အရေးထား၍ လင်ကို ဘုရားတစ်ဆူ ဂူတစ်လုံးသဖွယ် ရိုသေလေးစားကြသည်။
|
ငယ်ရွယ်သော သားကို လည်းကောင်း၊ ဝယ်ခါစ ကျွန်အသစ်ကို လည်းကောင်း၊ ဆရာလက်သို့ အပ်ခါစ တပည့်အသစ်ကို လည်းကောင်း မျက်နှာသာမပေးရာ။
|
ဝမ်းဗိုက်သည် တစ်ထွာခန့်မျှသာ ရှိသော်လည်း နေ့စဉ်နှင့်အမျှ အစာရေစာဖြည့်၍ မပြည့်နိုင် အောင်ရှိသည်။
|
စည်းလုံးညီညာလျှင် အောင်မြင်မည်။ (သမဂ္ဂါန - ညီညွတ်သောသူတို့၏၊ တပေါ - အကျင့်သည်၊ သုခေါ - ချမ်းသာ၏။)
|
သမီးမိန်းကလေးကို မွေးရသည်မှာ မလိမ္မာလျှင် မိဘမောင်ဖား အရှက်ရတတ်သည်။
|
အချို့ယောက်ျားများသည် သမီးကို မရသေးခင် အမေကို အလွန် ရိုသေကိုင်းရှိုင်း ဟန်ပြကြ သော်လည်း သမီးကို ရပြီးသောအခါ အမေကို မလေးစားကြတော့ပေ။
|
သမီးပျိုတစ်ယောက်ကို ထိန်းသိမ်းစောင့်ရှောက်ရခြင်းသည် နွားတစ်ထောင်ကို ထိန်းကျောင်းရ သကဲ့သို့ တာဝန်ကြီးလှသည်။
|
အရွယ်ရောက်သော သမီးကညာကို အိမ်ထောင်ပြုပေးရန် မနှောင့်နှေးသင့်ပေ။
|
သမားကောင်းသည် လက်သုံးဆေးတစ်လက်တည်း သုံးကာမျှဖြင့် အနာရောဂါများ ပျောက်ကင်း အောင် ကုသနိုင်သည်။ ရှေ့နေကောင်းသည် အင်္ကျီလက်ပင့်ကာပင့်ကာမျှဖြင့် အမှုနိုင်အောင် လျှောက် လဲတတ်သည်။
ဖျင် = အင်္ကျီ
|
ထီးတွင် ခရိုင်သည် အချုပ် ဖြစ်သကဲ့သို့ သဘင်ပညာ၊ ဂီတပညာတွင် စည်းဝါးသည် အချုပ် ဖြစ်သည်။
|
ကံတူ အကျိုးပေး - နှင့် အတူတူ။ (သဒိသံ - တူသော၊ ပါကံ - အကျိုးကို၊ ဇနေတိ - ဖြစ်စေ၏။)
|
မိမိ၏စိတ်ကို သတိတည်းဟူသော တာတမံ၊ ဉာဏ်တည်းဟူသော မြေကတုတ်ဖြင့် ဝန်းရံလုံခြုံ စေပြီး ပညာတည်းဟူသော ချွန်းဖြင့် ထိန်းချုပ်ရမည်။
|
မိမိဝမ်းနှင့်လွယ်၍ မွေးရသော သားသမီး မဟုတ်လျှင် သားသမီး မမည်ပေ။
|
ဝမ်းမှန်လျှင် ခေါင်းကိုက် ဝေဒနာမျှကိုပင် မခံစားရဘဲ ရောဂါ ကင်းရှင်းသည်။
|
မြန်မာဇာတ်သဘင်၌ ဝန်ကြီးလေးပါးမထွက်ဘဲ ပြည်တည်၍မရ၊ ပြည်တည်ရာ၌ ဝန်တို့က အချိန် ကြာမြင့်စွာ ပြောဆိုနေပါကလည်း ပွဲကြည့်သူတို့ ငြီးငွေ့ကြရသည်။
|
ငရဲမှ လွတ်ကင်းအောင် ရှောင်နိုင်သော်လည်း ဝဋ်ကြွေးမှ လွတ်ကင်းအောင် မရှောင်နိုင်ပေ။
|
ဝီရိယ လွန်ကဲပါက စိတ် ပျံ့လွင့်တတ်သည်။ (ဝီရိယ- ကြိုးစားအားထုတ်မှု၊ ဥဒ္ဓစ္စ- ပျံ့လွင့်ခြင်း။)
|
ပါဠိစာပေ လေ့လာသူများ ဝိဂြိုဟ်ပြုရာ၌ မကျွမ်းကျင်လျှင် ဂဠုန်ပျံသဒ္ဒါ ကျမ်းကို လေ့လာပါ။
|
ဝါးပင်၊ ပေပင်၊ ကျူပင်၊ ငှက်ပျောပင်တို့သည် အသီးသီးပြီးလျှင် သေစမြဲ ဖြစ်သည်။
|
ဝါဆိုနှင့်ဝါခေါင်လတွင် မိုးကောင်းစွာ ရွာလေ့ရှိ၍ မြစ်၊ ချောင်း၊ အင်း၊ အိုင်တို့တွင် ရေပြည့်နေ တတ်သည်။
|
ဝါဆိုလသို့ရောက်သောအခါ မိကျောင်းပန်း ဖြူဖြူဖွေးဖွေးတို့လည်း ပွင့်ကြသည်။ မိုးတစိမ့်စိမ့် ရွာသဖြင့် ရာသီဥတုမှာလည်း အေးသည်။ (ဝါဆိုတစ်ကြောင်း၊ မိကျောင်းဖွေးဖွေး၊ မိုးအေးအေး - ဟူ၍လည်း အဆိုရှိသည်။)
|
မိုးစိပ်စိပ်ရွာသည့် ဝါခေါင်လသည် လယ်သမားများအတွက် ထွန်ယက်စိုက်ပျိုးသောလုပ်ငန်း ပြီးဆုံး၍ ထွန်တုံးပိတ်ချိန် ဖြစ်သည်။
|
ဝါခေါင်လတွင် အညာဒေသ၌ ထနောင်းပင်၊ ကြောင်ကျစ်ပင်၊ ဆူးရစ်ပင်တို့ ပွင့်ကြသည်။ မိုးမှာမူ မရွာတတ်၊ ရွာပါလျှင်လည်း မိုးမသည်းတတ်။
|
ဝါပင်ကို ကဆုန်လတွင် စိုက်ပျိုးရသည်။ နှမ်းပင်ကို နယုန်လတွင် စိုက်ပျိုးရသည်။
|
သူတစ်ပါးအား ထိပါးပုတ်ခတ်ပြောဆိုလျှင် မိမိ ပြောခဲ့သည့်အတိုင်း မကောင်းကျိုးကို မိမိ ခံစားရသည်။
သိခီဘုရား လက်ထက်တော်အခါက ဘိက္ခုနီမတစ်ဦးသည် တစ်နေ့တွင် အဖော် ဘိက္ခုနီမများနှင့် အတူ စေတီတစ်ဆူဝယ် လှည့်လည်ပူဇော်၏။ ရှေ့ဆုံးမှ သွားနှင့်သော ဘိက္ခုနီမသည် ရဟန္တာထေရီ တစ်ပါး ဖြစ်၏။ ထိုထေရီသည် စေတီကို လှည့်လည်ဖူးမြော်ခိုက် နှာချေသဖြင့် စေတီရင်ပြင်ပေါ်သို့ တံတွေးပေါက် အမှတ်တမဲ့ကျ၏။ ထိုတံတွေးပေါက်ကို ဘိက္ခုနီမမြင်သော် အဘယ် ပြည့်တန်ဆာမ သည် ဤနေရာ၌ တံတွေးထွေးခဲ့သနည်းဟု ဆဲရေး၏။ ယင်းသို့ ဆဲရေးမိသဖြင့် ထိုဘိက္ခုနီမသည် ထိုဘဝမှ လွန်သော် ငရဲကျ၏။ ငရဲဘဝမှ လွတ်သော် လူ့ဘဝ၌ ဘဝပေါင်း တစ်သောင်းတိုင် ပြည့်တန် ဆာမ ဖြစ်၏။ နောက်ဆုံးဘဝ၌ ဝေသာလီပြည်တွင် အမ္ဗပါလီ အမည်ဖြင့် ပြည့်တန်ဆာမ ဖြစ်၏။
|
၁၊ ပုဂံမြို့ဟောင်းတွင် ရှေးအခါက ဘုရားပေါင်း ၄၄၄၆- ဆူရှိသည်။ (လှည်း=၄၊ ဝင်=၄၊ ရိုး=၄၊ သံ=၆။)
၂၊ ပုဂံမြို့ဟောင်းတွင် ရှေးအခါက ဘုရားပေါင်း ၄၄၄၆၇၃၃- ဆူရှိသည်။ (လှည်း=၄၊ ဝင်=၄၊ ရိုး=၄၊ သံ=၆၊ တ=၇၊ ညံ=၃၊ ညံ=၃။)
|
လှည်းသမားသည် လှည်းမောင်း ကျွမ်းကျင်ရသည်။ လှေသမားသည် တက်ကိုင်၊ ပဲ့ကိုင် ကျွမ်း ကျင်ရသည်။ မြင်းစီးသူသည် ဇက်ဖွဲ့ကျွမ်းကျင်ရသည်။
|
လှိုင်းလုံးတို့သည် မည်မျှပင် ကြီးမားစေကာမူ လှေအောက်တွင် ရှိစမြဲဖြစ်သည်။
လှိုင်းကြီးလှေအောက်၊ တောင်ကြီးဖဝါးအောက် - စကားပုံလည်းရှု။
|
လူတစ်ယောက် ထမ်းလာသော လှံကို လှံဖြစ်မှန်း အလွယ်တကူ သိနိုင်သော်လည်း ပါလာသော ကံကိုမူ မသိနိုင်၊ မမြင်နိုင်ပေ။
ကံထမ်းလာတာ မမြင်ရ၊ လှံထမ်းလာတာ မြင်ရ - နှင့် အတူတူ။
|
တံငါသည် ငါးဖမ်းမထွက်လျှင် စားရေးဝတ်ရေး မပြေလည်၊ ငါးဖမ်းနိုင်မှ စားရေးဝတ်ရေး ပြေ လည်သည်။
လှေဦးခြောက် ခြောက်၊ လှေဦးစို စို - စကားပုံလည်းရှု။
|
လှေမှ အဆင်းတွင် သတိထားရသကဲ့သို့ မြင်းပေါ်သို့ ခုန်အတက်တွင် သတိထားရသည်။
|
လှေအစုန်၌ ရေရွက်တိုက်၍ သွားရလျှင် လှော်ခတ်စရာ မလိုသဖြင့် လှေသမားများ ဝမ်းသာကြ သည်။
ရေရွက် = ရေစီးအားဖြင့် လှေကို ရွေ့လျားအောင် ရေအောက်တွင် တပ်ဆင်ထားသော အပြား။
|
လှေမျောပါသွားလျှင် အခြားလှေနှင့် လိုက်လံဆယ်ယူရသကဲ့သို့ လုပ်ငန်းတွင် ငွေကြေးအရှုံး ပေါ်ပါက ငွေရင်းငွေနှီး ထပ်မံစိုက်ထုတ်၍ အမြတ်အစွန်းရအောင် အားထုတ်ရသည်။
|
အိမ်ထောင်သည်ယောကျ်ားများသည် အိမ်အပြင်သို့ ရောက်သည်နှင့် မိမိကိုယ်ကို လူပျိုလူလွတ် သဖွယ် သဘောထားတတ်ကြသည်။
|
အလှသည် မျက်နှာတစ်ကွက်၏ ပသာဒနှင့်သာဆိုင်၍ အယဉ်သည် ကိုယ်နေဟန် ပြေပြစ်အချိုး ကျနမှု၊ ဆင်ယင်ထုံးဖွဲ့မှုတို့နှင့် သက်ဆိုင်သည်။
|
သဘောလွယ်လွန်းပါက အရှုံးနှင့် ရင်ဆိုင်ရတတ်သည်။ ထည်ဝါလွန်းပါကလည်း အများမုန်းတီး တတ်သည်။
|
တစ်စုံတစ်ယောက်ကို လွမ်းသောစိတ် ဖြစ်ပေါ်လာပါက ထိုသူ၌ နာကြည်းစရာအပြစ်ကို ဖွေရှာ၍ ဖြေဖျောက်ရသည်။ (လွမ်းတာပေါ်လာလျှင် နာတာနှင့်ဆို့။ လွမ်းစရာရှိလျှင် နာစရာနှင့်ဖြေ - ဟူ၍ လည်း အဆိုများရှိသည်။)
နာစရာရှိလျှင် လွမ်းစရာနှင့်ဖြေ - နှင့် နှိုင်းယှဉ်။
|
အခွင့်သာခိုက်တွင် လျင်လျင်မြန်မြန် ဆောင်ရွက်လျှင် မင်းအဖြစ်ကိုပင် ရနိုင်သည်။ နှေးကွေး နောက်ကျနေလျှင်မူ မင်းချင်းမျှသာ ဖြစ်မည်။ (အလျင်ကြံသော် မင်းဖြစ်။ အနှေးကြံသော် သူ့ ကျွန်ဖြစ် - ဟူ၍လည်း အဆိုရှိသည်။)
|
စီးပွားရှာသည့်အခါ အသုံးအစွဲ ကျစ်လျစ်လိမ္မာမှ ဥစ္စာပစ္စည်းသည် အိမ်သို့ ပါမည်။
|
အစဉ်အလာ လိုက်နာခဲ့သည့် နည်းလမ်းကို အခြေခံ၍ တစ်ဆင့်တက်လှမ်း တီထွင်ခြင်း၊ ကောင်း အောင် သုတ်သင်ပြုပြင်ခြင်းဖြင့် ပိုမို ကောင်းမွန်သော နည်းလမ်းများကို လွယ်ကူစွာ ရရှိနိုင်သည်။
|
အစဉ်အလာ လိုက်နာခဲ့သည့် နည်းလမ်းကို အခြေခံ၍ ပို၍ ကောင်းမွန်သော နည်းလမ်းများ ရရှိအောင် တစ်ဆင့်တက်လှမ်း တီထွင်ကြရမည်။
|
တောလမ်းခရီး၌ မျက်စိလည်လမ်းပျောက်နေလျှင် တွေ့သည့် ခွေးနောက်သို့ လိုက်သွားပါက လူနေရပ်ရွာသို့ ရောက်သည်။
|
အမှုတစ်ခုကို ကျူးလွန်ရဲလျှင် ထိုအတွက်ကျရောက်မည့် အပြစ်ကိုလည်း ရဲရဲရင့်ရင့် ရင်ဆိုင်နိုင် ရမည်။
|
လောကသည် ပျက်တတ်သော သဘောရှိ၏။ (လုဇ္ဇတိ - ပျက်တတ်၏၊ ပလုဇ္ဇတိ - ပရမ်းပတာ ပျက်တတ်၏၊ ဣတိတသ္မာ - ထို့ကြောင့်၊ လောကော - လောက မည်၏။)
|
အိမ်ထောင်ရှင် အမျိုးသမီး တစ်ဦးအဖို့ အိမ်ထောင်ဖက်ခင်ပွန်းလင် မကောင်းပါက အကြောင်း မဟုတ်၊ လင်မရှိတော့မှသာ မရေမရာ မျက်နှာငယ်စရာ ဖြစ်ပေမည်။
|
တစ်ဦးနှင့်တစ်ဦးချစ်ခင်သော လင်မယားပင်လျှင် တစ်ခါတစ်ရံ ရန်ဖြစ်တတ်ကြသည်။
|
လျှာနှင့်သွားသည် အနေနီးသဖြင့် အခန့်မသင့်လျှင် ကိုက်မိတတ်သကဲ့သို့ လင်နှင့် မယားသည် လည်း စိတ်သဘောချင်း မတိုက်ဆိုင်သည့်အခါတွင် ရန်ဖြစ်တတ်ကြသည်။
|
ရွေးလွန်းလျှင် အသုံးမကျသော လင်မျိုးနှင့် ညားရတတ်သည်။ (လင်စံရွေးခါမှ လင်ခွေးနှင့်ညား ။ လင်စံရွေးတော့ လင်ခွေးရ - ဟူ၍လည်း အဆိုများ ရှိသည်။)
|
လင်ဆိုးလျှင် မယားသည် ဖတ်ဖတ်မောအောင် ဒုက္ခအမျိုးမျိုးနှင့် ကြုံရသည်။
|
လင်နှင့် ကွာရှင်းပြီးသော မိန်းမသည် အိမ်ထောင်သစ်ထူရန် မိမိကိုယ်ကို ခြယ်သနေတတ်သော် လည်း မုဆိုးမသည်ကား ကွယ်လွန်သူယောက်ျားကို တမ်းတမ်းတတ ရှိနေတတ်သည်။
|
ဘဝဟောင်းတစ်ခု၏ စုတိစိတ်ချုပ်ခြင်း အခြားမဲ့တွင် ဘဝသစ်တစ်ခု၏ ပဋိသန္ဓေဝိညာဉ်စိတ် သည် တစ်ဆက်တည်း ဖြစ်ပေါ်လာသည်။
|
လက်ဖက်ကို အရသာခံ၍ အနည်းငယ်သာ စားရသကဲ့သို့ ကွမ်းကိုလည်း အရသာခံ၍ အနည်း ငယ်သာ စားရသည်။
|
လက်ပံပင်များ ဖူးပွင့်သည့် တပို့တွဲ၊ တပေါင်းလသည် ခွေးများ ရူးတတ်သည့်အချိန် ဖြစ်သည်။ (လက်ပံလည်းဖူး ခွေးလည်းရူး - ဟူ၍လည်း အဆိုရှိသည်။)
|
ဂဠုန်ပြည်၌ လက်ပံပင်၊ အသူရာပြည်၌ သခွတ်ပင်၊ အနောက်ကျွန်း၌ ထိမ်ပင်၊ တောင်ကျွန်း၌ ဇမ္ဗုသပြေပင်၊ အရှေ့ကျွန်း၌ ကုက္ကိုပင်၊ တာဝတိံသာ၌ ပင်လယ်ကသစ်ပင်၊ မြောက်ကျွန်း၌ ပဒေသာ ပင်တို့ ပေါက်ရောက်သည်။
|
ကြိုးကို အလိုရှိသည့်အခါ အလွယ်တကူ အသုံးပြုနိုင်ရန် ရစ်ခွေသိမ်းဆည်း ထားသကဲ့သို့ နောင်တွင် အသုံးကျနိုင်မည့် အရာကို အလိုရှိသည့်အခါ ရအောင် သိမ်းဆည်းထားသင့်သည်။
|
တစ်စုံတစ်ခုကို ရလိုလျှင် ရနိုင်မည့် နည်းလမ်းကို ကြံဆနိုင်ပေလိမ့်မည်။
ဆန္ဒရှိက နည်းလမ်းရ - နှင့် အတူတူ။
|
လူတို့သဘောသည် ရနိုင်သော အရာကို မလိုချင်၊ မရနိုင်သော အရာကိုမှ လိုချင်တတ်သည်။
|
လောဘကြီးလွန်းလျှင် ဘာမျှ မည်မည်ရရ မရချေ၊ လောဘနည်းလျှင် များများ ရသည်။
အလိုကြီး အရနည်း - လည်းရှု။
|
လောဘကြီးသူသည် စကားကို ချိုချိုသာသာပြောတတ်သည်။ ဒေါသကြီးသူသည် စကားကို တိုတိုတုတ်တုတ် ပြောတတ်သည်။ မောဟကြီးသူသည် စကားကို မှားမှားယွင်းယွင်းပြောတတ်သည်။
|
လှေသားတို့အဖို့ တောင်လေ အလာကို ကြာကြာ စောင့်ရလေ သက်သာလေ ဖြစ်သော်လည်း လှေသူကြီးအဖို့ ရက်ကြာကြာ စောင့်ရလေ လှေသားတို့အား ကျွေးမွေးရသည့် စရိတ်ပိုမို ဖိစီးလေ ဖြစ်ရသည်။
|
သစ်ပင်အောက်ဝင်၍ သစ်ပင်ပိသေနိုင်သည်၊ လူ့အောက်ကျို့၍ လူပိ မသေနိုင် - နှင့် အတူတူ။
|
လူတို့၏လိုအင်ဆန္ဒမှာ ထွေပြားလှသဖြင့် နတ်တို့ပင် ဖန်တီးလုပ်ဆောင်ပေးနိုင်မည် မဟုတ်ပေ။ (လူ့အကြိုက် နတ်မလိုက်နိုင် - ဟူ၍လည်း အဆိုရှိသည်။)
|
ဝါးနှင့်ဝါသာ လူတို့၏ စားဝတ်နေရေး လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည်။
|
အချို့သည် လူငယ်ပင် ဖြစ်သော်လည်း အသိဉာဏ် ထက်မြက်သည်။ အချို့သည် လူကြီးပင် ဖြစ်သော်လည်း အသိအလိမ္မာ နည်းပါးညံ့ဖျင်းသည်။
|
လူလိမ္မာ၏ သားသမီးသည် လိမ္မာယဉ်ကျေးသည်။ လူမိုက်၏ သားသမီးသည်ကား ရမ်းကား တတ်သည်။
|
နတ်တို့စောင့်ရှောက်ခြင်း၊ ဂြိုဟ်များ မစခြင်းကို ခံလိုလျှင် ဦးစွာပထမ လူအများနှစ်သက် ချစ်ခင်အောင် ပြုမူနေထိုင်သင့်သည်။
|
အခြားသူတို့ နှင့်စာလျှင် အတွင်းလူက လုပ်ကြံပါက သေသည်အထိ ပျက်စီးဆုံးပါးနိုင်သည်။
လူယုံသတ် သေတတ် - စကားပုံလည်းရှု။
|
ပန်းသည် အပွင့်ကောင်းမှ တန်ဖိုးရှိသကဲ့သို့ လူသည် အကျင့်ကောင်းမှ တန်ဖိုးရှိသည်။
|
နွားမြူးလွန်းလျှင် ထွန်တုံးတပ်၍ အခိုင်းခံရတတ်သည်။ လူမြူးလွန်းလျှင် ဘေးအန္တရာယ်နှင့် ကြုံရတတ်သည်။
|
လူမင်း ဘုန်းတန်ခိုးကြီးပါက နတ်မင်းများ မနေနိုင်ဘဲ စောင့်ရှောက်မစ ရစမြဲ ဖြစ်သည်။
လူမင်းဘုန်းကြီး နတ်မင်းမနေနိုင် - စကားပုံလည်းရှု။
|
လူမိုက်တစ်သောင်း ကဲ့ရဲ့ပြစ်တင်စကားသည် လူကောင်းတစ်ယောက် ချီးမွမ်းရုံနှင့် ပပျောက် နိုင်သည်။
|
ခွေးမရောက်နိုင်သောနေရာသည် အိမ်ခေါင်မိုး ဖြစ်သည်။ လူမရောက်နိုင်သောနေရာမှာ မြင်းမိုရ် တောင် ဖြစ်သည်။
|
မိမိက ထုတ်ဖော် ပြောပြနေစရာမလို ပတ်ဝန်းကျင်က ပြောဆိုဝေဖန်သည့်စကားများ ကြားရ ရုံဖြင့် အကျိုးအကြောင်း သိလာပါလိမ့်မည်။
|
အချို့သူတို့သည် မိမိတို့ မစွမ်းဆောင်နိုင်သောအခါ ကံကို အပြစ်ပုံချ တတ်သည်။
လူတန် ကံချ - နှင့် နှိုင်းယှဉ်။
လူမတန် ကံချ - စကားပုံလည်းရှု။
|
ဉာဏ်ပညာ နည်းပါး၍ အရည်အသွေး အစွမ်းအစ မရှိသူကို ချီးမွမ်းလေလေ ထိုသူ၏အရည် အသွေး ပိုမို ညံ့ဖျင်းလာလေလေ ဖြစ်သည်။
|
ဖြောင့်မှန်သောသူသည် စိတ်တိုတတ်သည်။ နှုတ်ချိုသောသူသည် ကောက်ကျစ်တတ်သည်။
|
အပြောကြီးသူသည် လက်တွေ့ မဆောင်ရွက်တတ်သကဲ့သို့ လက်တွေ့ဆောင်ရွက်တတ်သူသည် လည်း အပြောမကြီးတတ်ပေ။
|
လူပျင်းတို့၏ ကြိုးပမ်းအားထုတ်မှုမှာ ဆုံးခန်းတိုင်သည်အထိ မရောက်ဘဲ တစ်ခဏမျှသာ ကြာတတ်သည်။
|
ရူးချာချာပုံပေါက်နေသူ၏ နှုတ်မှ ကြီးကြီးကျယ်ကျယ်စကား ထွက်သည်။
|
လူကိုယ်၌က ညံ့ဖျင်းသည်ကို ကံတရားအပေါ် အပြစ်ပုံချသည်။
လူမတန် ကံချ - နှင့် နှိုင်းယှဉ်။
လူတန် ကံချ - စကားပုံလည်းရှု။
|
လူ့လောကတွင် ရုပ်ရည်ချင်းတူသောသူ၊ နာမည်ချင်းတူသောသူများ ရှိနိုင်သည်။
|
လူကြမ်းနှင့် တွေ့သည့်အခါ နတ်ကြမ်းက လက်လျှော့ အရှုံးပေးရသည်။
|
လူကို အမျိုး၏ ဂုဏ်ဖြင့် ထိန်းရ၏။ မြင်းကို ဇက်ကြိုးဖြင့် ထိန်းရ၏။ လှေကို ထိုးဝါးဖြင့် ထိန်းရ၏။
|
ချစ်ခင်၍ လာလိုလျှင် ဝေးသော ခရီးကိုပင် နီးသည်ဟု ထင်တတ်သည်။ မချစ်မခင်၍ မလာလို လျှင် နီးသော ခရီးကိုပင် ဝေးလှသည်ဟု ထင်တတ်သည်။
|
ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်မျိုးကို ကြိုတင်တွက်ဆ ရှောင်ရှားသင့်သည်။
လာမည့်ဘေး ပြေးတွေ့ - နှင့် နှိုင်းယှဉ်။
|
မလွဲမသွေ တွေ့ရမည့် ဘေးအန္တရာယ်မျိုးကို အမြန်ဆုံး ရင်ဆိုင်ဖြေရှင်းပါ။
လာမည့်ဘေး အဝေးကရှောင် - နှင့် နှိုင်းယှဉ်။
|
ရှေ့ကို မှတ်တိုက်၍ မှတ်ကို ဖယောင်းတုံးဖြင့် လှိမ့်ကြည့်ခြင်းဖြင့် ရွှေကောင်း မကောင်းကို သိနိုင်သကဲ့သို့ လူ၏ အကျင့်စရိုက် ကောင်း မကောင်းကို ပေါင်းကြည့်ခြင်းဖြင့် သိနိုင်သည်။
|
ဆန်းစလ၏ အကွေးသည် တောင်ဘက်သို့ မျက်နာမူလျှင် စပါးသီးနှံ အထွက်ကောင်းသည်။
|
ရွှေမရှိသော ရုပ်ပွား စေတီကို အချို့လူတို့ အရေးတယူ မကိုးကွယ်ကြပေ။
ရွှေမရှိတဲ့ဘုရား လူမရိုသေ - စကားပုံလည်းရှု။
|
ချဉ်ပေါင်လက်ခြားသည် ကြက်သားနှင့်ပင် မလဲနိုင်လောက်အောင် အရသာရှိလှသည်။
|
ယောက်ျားလေးများသည် ဘုန်းတော်ကြီးကျောင်း၌ စာပေသင်ကြားရင်း ရှင်သာမဏေဝတ်ကြပြီး စာလည်းတတ်၊ လူလားလည်းမြောက်စ အသက်ဆယ့်သုံးနှစ်ခန့်တွင် လူထွက်လေ့ရှိကြသည်။
|
ရဟန်းသံဃာများအားလည်း လှူဒါန်းအပ်သည်။ လူအများ အားလည်း ပေးကမ်းစွန့်ကြဲအပ်သည်။
|
ဓဇဂ္ဂသုတ်၏ ခက်ခဲမှုသည် ရှင်သာမဏေ၏ စာပေသင်လိုစိတ်ကို ပျက်စီးစေတတ်၏။ အရက် သည် လူကို ပျက်စီးစေတတ်၏။ ဝါးမျက်သည် ဓားသွားကို ပျက်စီးစေတတ်၏။
|
ရှေးအဖြစ်အပျက်ဟောင်းတို့သည် အောက်မေ့တသ သတိရဖွယ်ဖြစ်သည်။ (ရှေးခေတ်ဟောင်း အောက်မေဖွယ် - ဟူ၍လည်း အဆိုရှိသည်။)
|
ရှေးက ဓလေ့ထုံးစံများကိုလည်း မပစ်ပယ်ပါနှင့်၊ ပစ်ပယ်လျှင် လွဲမှားတတ်သည်။ ငွေကိုလည်း ချင့်ချိန်၍သုံးစွဲပါ၊ မချင့်မချိန် သုံးစွဲလျှင် မွဲတတ်သည်။
ဟောင်းပင်ဟောင်းလည်း၊ မကောင်းသော်က စွန့်ပယ်ရ - နှင့် နှိုင်းယှဉ်။
|
ရှေးဘုန်းရှေးကံ အရင်းခံပါရှိငြားသော်လည်း ကောင်းသော အကျင့်ကို မကျင့်ပါက ဘုန်းတန်ခိုး မပွင့်လင်းနိုင်ပေ။
|
ဝိပါကဝဋ်သည် ရှေးအခါက ခုနစ်ရက်ဆိုင်းငံ့ပြီးမှ အကျိုးပေးသော်လည်း ယခုကာလတွင်မူ ထက်ကြပ်မကွာ လိုက်၍ အကျိုးပေးသည်။
|
ရှေးက ပညာရှိများ ရေးသားခဲ့သည့် စာများမှ ကောက်နုတ် ကိုးကားသည်ကို စာခိုးသည်ဟု မဆို နိုင်ပေ။
|
အိမ်ရှေ့တွင် တမာပင်၊ အိမ်နောက်တွင် ခံတက်ပင် စိုက်ပျိုးလျှင် စီးပွားတက်သည်။
|
ရှေ့နေဆိုလျှင် လျှောက်လဲ ချေပရာ၌ သွက်လက် ပျိုမျစ်သည့် အရွယ်ရှိသူသာ အသင့်တော်ဆုံး ဖြစ်သည်။ သမားဆိုလျှင် အတွေ့အကြုံ ရင့်ကျက်သည့် သက်ကြီးရွယ်အိုတို့သာ အသင့်တော်ဆုံး ဖြစ်သည်။
|
စောင်းအိုးတွင် စောင်းလက်ရုံးနှင့် စောင်းအိုးဆက်ထားသည့် စောင်းဦးပိုင်းကို စံကားရွက် ပုံသဏ္ဌာန် ပြုလုပ်ရသည်။ စောင်းပဲ့ပိုင်းကို ဖလားပုံသဏ္ဌာန် ပြုလုပ်ရသည်။
|
ဖုံးဖိပြောဆိုလုပ်ကိုင်ထားသမျှသည် ပြောဆိုလုပ်ကိုင်ရင်း မဟုတ်မှန်ကြောင်း ပေါ်ပေါက် လာသည်။
|
သေးငယ်လွန်းပါက မလှမပ ဖြစ်တတ်သကဲ့သို့ ဇီဇာကြောင်ပြီး ရွေးချယ်လွန်းပါကလည်း ဘာမျှ မရ ဖြစ်တတ်သည်။
|
ရုပ်သေးတွင် ဆိုပေးသည့်အသံ ကောင်းရန်မှာ အဓိကဖြစ်သကဲ့သို့ ဇာတ်တွင်ကပြသူတို့ ဟန်ပန် အမူအရာ ကောင်းရန်မှာ အဓိက ဖြစ်သည်။
|
လူတစ်ယောက်၏ ဘဝကံ အကြောင်းတရားကို ထိုသူ၏ ရုပ်သွင်ပြင်လက္ခဏာအရ သိနိုင်သည်။
|
သူတစ်ပါးအား ရန်လိုလျှင် မိမိ၌ ဘေးရန်များတတ်သည်။ သူတစ်ပါးအား ရန်မလိုမှသာ မိမိ၌ ဘေးရန်ကင်းရှင်းမည်။
|
သူတစ်ပါးက မိမိအား ရန်ပြုလာသော် လုံးဝပြန်၍ ရန်မပြုပါနှင့်။
နဟိ ဝေရေန ဝေရာနိ - နှင့် အတူတူ။
ရှေးအခါက သူကြွယ်မတစ်ဦးသည် အရွယ်ရောက်လာသော သားအား သင့်လျော်သော အမျိုး သမီး တစ်ဦးနှင့် လက်ထပ်ထိမ်းမြားပေးရာ သားသမီး မထွန်းကားသဖြင့် သားဖြစ်သူအား အခြား အမျိုးသမီး တစ်ဦးနှင့် လက်ဆက်စေပြန်သည်။ ပထမဇနီးသည် နောက်ဇနီးအား သားသမီး မထွန်း ကား စေလိုသဖြင့် ပဋိသန္ဓေပျက်စီးအောင် အကြိမ်ကြိမ် ပြုလေသည်။ ထို့ကြောင့် ဒုတိယဇနီးသေ ဆုံး ရလေသည်။ သူတို့နှစ်ဦးသည် ဖြစ်လေရာ ဘဝများတွင် လက်စားချေနိုင်ကြောင်း ဆုတောင်း ခဲ့ရာ ကြက်နှင့်ကြောင်ဘဝတွင် ကြက်မွေးသမျှု ကြောင်စား၍ ကျားနှင့်သမင် ဘဝတွင် သမင်မွေး သမျှကို ကျားက စားပြန်လေသည်။ နောက်ဆုံး လူနှင့်ဘီလူးမ ဘဝတွင် ဘီလူးမက လူမွေးသမျှ သားသမီးတို့ကိုစားပြန်၏။ ဤသို့လျှင် ကျင်လည်ခဲ့သမျှသောဘဝများ၌ အပြန်အလှန်ရန်ငြိုးထား၍ သူနိုင်သူစား၊ ငါနိုင်ငါစား အချင်းချင်း ရန်ပွားခဲ့ကြသည်။ မြတ်စွာဘုရားသည် ထိုသူနှစ်ဦးအား "သင် တို့သည် ငါဘုရား ရှေ့မှောက်သို့ မရောက်လာ ခဲ့လျှင် မြွေ့နှင့်မြွေပါ၊ ဝံနှင့် ကြို့ပင်စောင့်နတ်၊ ကျီးနှင့် ခင်ပုပ်တို့ကဲ့သို့ ကမ္ဘာပတ်လုံး မဆုံးမချင်း ရန်ငြိုးဖွဲ့ကြ လိမ့်မည်။ ခိုက်ရန်တို့ မည်သည်ကား ရန်တုံ့ မမူသဖြင့်သာလျှင် ငြိမ်းပျောက်ကုန်၏။ ရန်တုံ့မူသဖြင့် မငြိမ်းမပျောက် သည်သာလျှင်တည်း”ဟု မိန့်တော်မူသည်။
|
ရန်ကို အောင်မြင် လိုသော် မေတ္တာပွားရာသည်။ မင်းကို ချစ်စေလိုသော် လက်ဆောင်ပဏ္ဏာ ဆက်သရာသည်။
|
၁၊ အချို့ မိန်းကလေးများသည် ရည်းစားများများထားပြီးမှ ခင်ပွန်းအဖြစ် တစ်ယောက်ကိုသာ စိတ်ကြိုက် ရွေးချယ်တတ်ကြသည်။
၂၊ အပျိုဘဝတွင် ရည်းစားများစွာ ရှိနိုင်သော်လည်း အိမ်ထောင်ဖက်အဖြစ်မူ တစ်ယောက်တည်း သာ ရှိရသည်။
|
ရောင်းသူက တစ်ဆယ်ဟု ဈေးဆိုသည်ကို ငါးကျပ်သာပေးနိုင်သည်ဟု ဈေးဆစ်နိုင်သည်။
|
ရောင့်ရဲတင်းတိမ်ခြင်းသည် လူ့ဘဝတွင် စိတ်ချမ်းသာရဆုံးသော စည်းစိမ်ဖြစ်သည်။
သန္တုဋ္ဌိ ပရမံ ဓနံ - နှင့် အတူတူ။
|
ထန်းသမားတို့သည် ထန်းလုပ်ငန်း လုပ်ရသည့်အခါ၌ စားဝတ်နေရေး ပြေလည်ကြသော်လည်း လုပ်ငန်းရပ်နား နေရသောအခါတွင်မူ စားဝတ်နေရေး မပြေမလည် ဖြစ်ကြရသည်။
|
ရက်ရက်စက်စက် ပြောဆိုပြုမှုလိုက်မှသာ တစ်ဖက်သားမှာ စိတ်နှလုံး ထိခိုက်ကြေကွဲ နာကြည်း ၍ နောင်ကြဉ်သွားသည်။
|
ကြီးပွားလိုသူတို့သည် ရိုးသားရမည်။ ရည်ရွယ်ချက် မြင့်မားရမည်။
|
ရဲစွမ်းသတ္တိ ရှိသောသူသည် အသက် သေသော်ငြားလည်း မြတ်သော သေခြင်းဖြင့်သာ သေရ သည်။
ရဲသော် မသေ - လည်းရှု။
|
ရဲစွမ်းသတ္တိရှိသော သူသည် အသက်သေသော်လည်း နာမည်မသေပါ။
ရဲသော် မသေ၊ သေသော် ရေဲမလား - လည်းရှု။
|
မြန်မာဝေါဟာရများကို ရေးရာ၌ မှန်ကန်သော စာလုံးပေါင်းအတိုင်း ရေးရသည်။ ဖတ်သည့်အခါ တွင်မူ အချို့ ဝေါဟာရများကို အသံပြောင်း၍ ဖတ်ရသည်။
ရေးခါမကျန် ဖတ်ခါချန် - လည်းရှု။
|
မြန်မာဝေါဟာရများကို ရေးရာ၌ စာလုံးပေါင်း အမှန်အတိုင်း မကြွင်းမကျန်အောင် ရေးရသည်။ ဖတ်သည့် အခါတွင်မူ အချို့ကို ဗျည်းသံ၊ သရသံချန်၍ ဖတ်ရသည်လည်းရှိသည်။
ရေးတော့အမှန် ဖတ်တော့အသံ - လည်းရှု။
|
ပျောက်ဆုံးပစ္စည်းကို ရေမှ ပြန်တွေ့သူအား ပိုင်ရှင်က အပြီးအပိုင် ပေးရ၏။ ကုန်းမှ ပြန်တွေ့သူ အားမူ ပိုင်ရှင်က ထက်ဝက်ပေးရ၏။
|
ရေလှူရခြင်းသည် ဆုမတောင်းရဘဲ အကျိုးဆယ်ပါး ပြည့်သည်။ (သက်ရှည်ဆင်းလှ၊ ချမ်းသာရ၊ ဗလဉာဏ်ပညာ။ စင်ကြယ်သန့်ရှင်း၊ ကျော်စောခြင်း၊ ခပင်းခြွေရံကာ။ ရေမငတ်ငြား၊ လျင်မြန်သွား၊ ဆယ်ပါးရေကျိုးလာ။)
|
ရေသတ္တဝါများကုန်းပေါ်တက်၍ ကျက်စားလျှင်ဖြစ်စေ၊ ကုန်းသတ္တဝါများရေသို့ဆင်း၍ ကျက်စား လျှင်ဖြစ်စေ မိုးခေါင်တတ်သည်။
|
မြောင်း၏ အနေအထား ကောင်းအောင် ပြုပြင်ပေးမှသာ ရေစီးရေလာ ကောင်းမည်။
|
ရေမရှိသောကန်၊ အဆန်မရှိသောစပါးဖျင်း၊ တရားမဲ့သောမင်း၊ အခိုးအလျှံမရှိသော မီးတို့သည် အချည်းနှီးသာ ဖြစ်သည်။
|
ရေဘူးနှင့်ဖိနပ်မပါလျှင် နွေအခါ နေပူဒဏ်၊ ရေငတ်ဒဏ်ခံရမှ နောင်တရမည်ဖြစ်သကဲ့သို့ ဒါန မပြုမိ သီလမဆောက်တည်မိ၍ ကုသိုလ်မရသည်ကို သေခါမှ နောင်တရမည်။
|
ရေသည် နိမ့်ရာသို့ စီးမြဲသဘော ရှိသည်။ မီးသည် ယင်း၏ အထက်နားတွင် ရှိသော အရာကို စွဲတတ်၊ လောင်တတ်သော သဘောရှိသည်။
ရေ နိမ့်ရာစီး၊ မီး မြင့်ရာလောင် - စကားပုံလည်းရှု။
|
အပင်များ ရှင်သန်ရေးအတွက် မိုးရေတစ်ပေါက်သည် ရေတစ်အိုးစာမျှ တာသွားသည်။
မိုးတစ်စက် ရေတစ်ရွက် - နှင့် အတူတူ။
|
အခါ ရာသီအလိုက် ပွင့်သော ပန်းတို့ကို ကြည့်၍ မည်သည့်လ၊ မည်သည့်ရာသီ ရောက်ပြီကို ခန့်မှန်း တွက်ဆနိုင်သည်။
|
ရာသီအလိုက် အပူအအေး ဆေးဝါးဓါတ်စာပေးရသည်ကို ပိုင်ပိုင်နိုင်နိုင်မသိပါက ဆေးမကုပါနှင့်။
|
မင်း၏ ပြဋ္ဌာန်းချက်သည် ပဓာနဖြစ်သည်။ (ရာဇာ - မင်းသည်၊ ပဋ္ဌာနံ - ပြဋ္ဌာန်း၏။)
|
ရာဇဝတ်မှုကျူးလွန်သူသည် မည်သို့ပင် ထွက်ပြေးတိမ်းရှောင်စေကာမူ မိမိ ကျူးလွန်ခဲ့သည့် ပြစ်မှုအတွက် ပြစ်ဒဏ်ကို မုချခံရမည်။
|
ရဟန်းလောင်းကို ရဟန်းအဖြစ်ရောက်အောင် သိမ်၌ သိက္ခာတင်ရသကဲ့သို့ မင်းကို မင်းအဖြစ် ရောက်အောင် ရာဇဘိသိက် သွန်းရသည်။
|
မူလအရသာ မရှိတော့သော နွယ်မြက်သစ်ပင်သည် ဆေးဖော်စပ်ရန် အာနိသင် မရှိပေ။
|
သာမန် ချမ်းသာရုံမျှဖြင့် ဘုရားတည်နိုင်သော်လည်း အလွန် ကြွယ်ဝချမ်းသာမှသာ ကျောင်း ဆောက်နိုင်သည်။
|
ယောက္ခမအိမ်၌ နေရသော သမက်သည် မျက်နှာငယ်ရသကဲ့သို့ မျက်နှာငယ်ရသည်။
|
ယောက်ျားတို့ ရန်ပြုတိုက်ခိုက် လာသည့်အခါ ဆုတ်ခွာရှောင်တိမ်း၍ ရနိုင်၏။ မိန်းမသားက ရန်ပြုလာသည့်အခါ ဆုတ်ခွာရှောင်တိမ်း၍ မရနိုင်။
|
ယောက်ျားကလေးများ စိတ်ကစားသည့် အရွယ်တွင် လမ်းထွက်တတ်ကြ၍ မိန်းမကလေးများ စိတ်ကစားသည့် အရွယ်တွင် ပန်းပန်ကာ အလှပြင် တတ်ကြသည်။
|
ယောက်ျားသားများအဖို့ သစ်ဖောင် စီးလိုက်ရသောအလုပ်နှင့် မိန်းမသားများအဖို့ မီးဖွားရသော အလုပ်သည် အသက်အန္တရာယ်နှင့် နီးလှသည်။
|
ပျင်းရိသော ယောက်ျားသည် ကျောခင်းနေလေ့ရှိသည်။ ပျင်းရိသော မိန်းမသည် ခြေဆင်းနေလေ့ ရှိသည်။
|
ယောက်ျားများသည် တိုင်းပြည် ကာကွယ်ရေးအတွက် အဆင်သင့် ဖြစ်နေစေရန် ဓားကို သွေးကြ ရမည်။ မိန်းမများသည် တိုင်းပြည် ကာကွယ်ရေးအတွက် အာဇာနည် သူရဲကောင်းများကို မွေးကြရ မည်။
|
အသက်ကြီးသည့်အခါ ယောက်ျားများက ဒူလာရောဂါ ဖြစ်တတ်ကြ၍ မိန်းမများက မီးယပ် ရောဂါ ဖြစ်တတ်ကြသည်။
|
ယောက်ျားတို့သည် ဇွဲ၊ လုံ့လ၊ ဝီရိယကို သေသည့်တိုင် မလျှော့ရချေ။
|
ယောက်ျားတို့၏ ဘုန်းတန်ခိုးသည် လက်ရုံးပေါ်မှာ တည်မှီသည်၊ မိန်းမတို့၏ ဘုန်းကျက်သရေ သည် ဆံထုံးပေါ်မှာ တည်မှီသည်။ (ယောက်ျားမှာ ဘုန်း၊ မိန်းမမှာ ဆံထုံး - ဟူ၍လည်း အဆိုရှိသည်။)
|
ပန်းသည် အချိန်တန်လျှင် ပွင့်သကဲ့သို့ ယောက်ျားတို့၏ ဘုန်းတန်ခိုးသည် အချိန်အခါ ကြိုက်ကြုံ သည်နှင့် ထွန်းတောက်သည်။
|
လက်ရုံးရည် နှလုံးရည်နှင့် ပြည့်စုံသော ယောက်ျားသည် ကောင်းကင်က ကြယ်ကိုပင် ဆွတ်ခူး နိုင်သည် ဆိုသကဲ့သို့ ယောက်ျားကောင်းပီပီ ကြိုးစားလျှင် အရာရာကို ရနိုင်သည်။
|
ရှေးအခါက မြန်မာယောက်ျားတိုင်း စာတတ်ကြရသကဲ့သို့ မြန်မာအမျိုးသမီး တိုင်းလည်း ဗိုင်းဝါ ရက်ကန်း တတ်ကြရသည်။
|
စည်းစိမ်ဥစ္စာ ရှာဖွေနိုင်စွမ်းသော ယောက်ျားကို မောင်းမအခြွေအရံ များစွာက အားကိုးအားထား ပြုနိုင်သည်။
|
ယောက်ျားကို ခိုင်းစေ၍ မပြီးပြတ်သည့် အချို့ကိစ္စမျိုး၌ မိန်းမကို ခိုင်းစေလျှင် ပြီးပြတ်အောင်မြင် နိုင်သည်။
|
ယတြာအစီအရင် ကောင်းလျှင် ဘေးအန္တရာယ် ကျရောက်နိုင်သည့် ကိန်းအပေါင်းကို ချေဖျက် နိုင်သည်။
|
ယတြာအစီအရင် ကောင်းလျှင် မင်းလောင်း ပေါ်ပေါက်လာမည့်ကိန်းပင် ပျက်ပြယ်သွားနိုင်သည်။
|
ကျောက်စိမ်းတုံးအရိုင်းကို မှတ် ခေါ် ကျောက်ဖြင့် တိုက်၍ ပြချက်ဖော်ပြီး အရောင်တင်ရာတွင် ပြချက်ကောင်း ရပါက ဈေးကောင်းရသည်။
|
မီးဖွားပြီးနောက် မှိုကို သုံးနှစ်၊ မျှစ်ကို သုံးလ ရှောင်အပ်သည်။
|
ဖက်ဆွတ်မှိုမျိုးသည် မြင်းတစ်ပြေး အကွာအဝေးခန့်အထိ ရှည်လျားစွာ အတန်းလိုက် ပေါက် တတ်သည်။
|
မိမိမွေးနေ့နှင့် သောကြာနေ့၊ တနင်္လာနေ့တို့တွင် ခေါင်းရိတ်ခြင်း၊ ဆံဖြတ်ခြင်း မပြုအပ်။ (ခေါင်းမရိတ်ရာ၊ တနင်္လာနှင့် သောကြာထိုနေ့၊ ရောဂါတွေ့အံ့။ ပူး ကျားနေ့ကို ရှောင်စေလို၊ ခေါင်းကို မရိတ်နှင့် - ဟူ၍လည်း အဆိုများရှိသည်။)
|
ခံတွင်းကို မြိန်စေသော စားဖွယ်သည် မိမိအဖို့ ဟင်းကောင်းဖြစ်သည်။ (မြိန်ရာ ဟင်းကောင်း၊ ခင်ရာ ဆွေမျိုး - ဟူ၍လည်း အဆိုရှိသည်။)
|
ပုဂံသည် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ စုဝေးရာဖြစ်၍ မြန်မာတိုင်း ရောက်ဖူးသင့်သည်။
|
မြတ်စွာဘုရားသော်မှ နို့တစ်လုံးဖိုးသာ ကျေအောင် ဆပ်နိုင်သည်ဟု ဆိုရလောက်အောင် မိခင်၏ ဂုဏ်ကျေးဇူးသည် ကြီးမားသည်။
|
မြစ်ရေများပြည့်လျှံသည့် ဝါဆို၊ ဝါခေါင်လတွင် ကိုင်းပင်များ ဖွေးဖွေးလှုပ်အောင် ပွင့်ကြသည်။
|
မြင်းတို့တွင် အုန်းခွဲရောင်ရှိသော မြင်းသည် အကောင်းဆုံး ဖြစ်သည်။ အစေအပါးတို့တွင် ကုလား သည် အကျိုးနွံဆုံး ဖြစ်သည်။ မယားတို့တွင် တောသူသည် အကျိုးနွံဆုံး ဖြစ်သည်။
မြင်းမှာ အုန်းခွံ၊ ကျွန်မှာ ကုလား၊ ဓားမှာ မိုးကြိုး၊ ယွန်း ပုဆိုး - လည်းရှု။
|
မြင်းတကာတွင် အုန်းခွံရောင်ရှိသော မြင်းသည် အကောင်းဆုံး ဖြစ်သည်။ အစေအပါးတကာ တွင် ကုလားသည် အကျိုးနွံဆုံး ဖြစ်သည်။ ဓားတကာတွင် မိုးကြိုးသွားဖြင့် ပြုလုပ်သော ဓားသည် အကောင်းဆုံး ဖြစ်သည်။ ပုဆိုးတကာတွင် ယွန်းပုဆိုးသည် အကောင်းဆုံး ဖြစ်သည်။
မြင်း အုန်းခွံ၊ ကျွန် ကုလား၊ မယား တောသူ - လည်းရှု။
|
မြင်းမစီးတတ်ဘဲ စီးလျှင် အုံးပေါက်သည်။ ကွမ်းမစားတတ်ဘဲ စားလျှင် ထုံးပေါက်သည်။
|
ပိန်ကြုံချည့်နဲ့နေသော မြင်းသည် ထော့ကျိုးထော့ကျိုး သွားတတ်သည်။ ပိန်ကြုံချည့်နဲ့နေသော ခွေးသည် ခိုးစား တတ်သည်။
|
မြင်းဇက်ကြိုးကို နိုင်နင်းစွာ ဆွဲတတ်မှ မြင်းကို လိုသလို စီးနိုင်သည်။ တက်ကို ကျွမ်းကျင်စွာ ကိုင်တတ်မှ လှေကို လိုသလို လှော်ခတ်နိုင်သည်။
|
မြင်းကို နိုင်နင်းကျွမ်းကျင်စွာ စီးလိုလျှင် ဇက်ကြိုးကို ပိုင်နိုင်စွာ ကိုင်တတ်ရမည်။ သစ်ဝါးကို လိုသလို ဆစ်ပိုင်းခွဲစိတ်လိုလျှင် အဆစ်အမျက်တို့၏ သဘောကို သိထားရမည်။ လူကို မိမိအလိုသို့ ပါအောင် ဆွဲဆောင်လိုလျှင် ချက်ကောင်းကို ကိုင်နိုင်ဖို့ လိုသည်။
|
မိန်းကလေးနှင့် ယောက်ျားလေးတို့သည် တွေ့ဖန်မြင်ဖန် များလျှင် နီးစပ်ကျွမ်းဝင်တတ်သည်။
အမှန် ("ာ"ထည့်စရာမလို) | အမှား ("ာ"ပို) |
ဘေးဥပဒ် | ဘေးဥပါဒ် |
အရုဏ်ဦး | အာရုဏ်ဦး |
ဒဏ်ကြေး | ဒါဏ်ကြေး |
အနာဂတ် | အနာဂါတ် |
ဟေမန် | ဟေမာန် |
သာမန် | သာမာန် |
စကြဝဠာ | စကြာဝဠာ |
ရလဒ် | ရလာဒ် |
စံပယ်ပန်း | စံပါယ်ပန်း |
လှည်းယဉ် | လှည်းယာဉ် |
အမှန် | အမှား | အမှန် | အမှား |
နုတ်ထွက် | နှုတ်ထွက် | သန္နိဋ္ဌာန် | သံဓိဋ္ဌာန် |
အမီလိုက် | အမှီလိုက် | အခမ်းအနား | အခန်းအနား |
နေ့လယ် | နေ့လည် | ရလဒ် | ရလာဒ် |
ရာနှုန်း | ရာနှုံး | ရန်ငြိုး | ရန်ညှိုး |
ရန်ပုံငွေ | ရံပုံငွေ | တုံ့ပြန် | တုန့်ပြန် |
ရုပ်သိမ်း | ရုတ်သိမ်း | စိစစ် | စီစစ် |
ရှုံ့ချည်နှပ်ချည် | ရှုတ်ချည်နှပ်ချည် | ရှုတ်ချ | ရှုပ်ချ |
ရှုပ်ထွေး | ရှုတ်ထွေး | ကတိကဝတ် | ဂတိဂဝတ် |
ကတည်းက | ကထဲက | ခြစ်ကုတ် | ချစ်ကုတ် |
ခြိုးခြံ | ချိုးခြံ | ချက်ချင်း | ချက်ခြင်း |
ပရိသတ် | ပရိတ်သတ် | ကရုဏာ | ဂရုဏာ |