ဦးသာစိန်ပန်း၊ ဒန်းလှကိုရှာ၊ မိတ်ဖက်သာ
(ဆိုရိုးစကား)
တနင်္ဂနွေနှင့်သောကြာ၊ အင်္ဂါနှင့် ကြာသပတေး၊ စနေနှင့်ဗုဒ္ဓဟူး၊ တနင်္လာနှင့်ရာဟု သားသမီးတို့ သည် အိမ်ထောင်ဖက်အဖြစ် ပေါင်းသင်းရန် သင့်သော နေ့နံများ ဖြစ်ကြသည်။ (ဦး = တနင်္ဂနွေ၊ သာ = သောကြာ၊ စိန် = အင်္ဂါ၊ ပန်း = ကြာသပတေး၊ ဒန်း = စနေ၊ လှ = ဗုဒ္ဓဟူး၊ ကို = တနင်္လာ၊ ရှာ = ရာဟု)
No comments:
Post a Comment