သေသူပေးက ရှင်သူရ
ဆွေမျိုးမတော်စပ်သူအား မကျန်းမာစဉ် ငွေကြေး စိုက်ထုတ်ပြုစုရုံမျှမက သေသောအခါ၌လည်း သင်္ဂြိုဟ်သူသည် သေသူ၏ ဥစ္စာပစ္စည်းကို ပိုင်ဆိုင်ခွင့်ရှိသည်။
ဘုရားလက်ထက်တော်တွင် သူဌေးသားတစ်ယောက်သည် ရဟန်းခံ၍ သင်္ကန်းအနားပတ်အတွင်း တစ်သိန်းတန် လက်စွပ်ကို မြှုပ်လျက် အရပ်တစ်ပါးသို့ သွားရာ တစ်ဦးသော ရဟန်း၏ ကျောင်း၌ တည်းနေ၏။ ထိုအခါ ရဟန်းနာဖျားမကျန်းရှိရာ ကျောင်းရှင်ရဟန်းလည်း ကောင်းစွာ ကုမပေ၏။ ကံကြမ္မာအလျောက် သေလွန်လျှင် ထိုတစ်သိန်းတန်လက်စွပ်ကို ရ၍ ကျောင်းရှင်ရဟန်း ယူထားပြီးမှ ကောင်းမွန်သင်္ဂြိုဟ်ပေ၏။ အဖသူဌေးလိုက်လာ၍ အလုံးစုံကို ပြန်ပြောပေ၏။ အဖသူဌေးလည်း လက်စွပ်ကို ရထိုက်ကြောင်းနှင့် တောင်းကာလ မြတ်စွာဘုရားသခင် ခြေတော်ရင်းသို့ ဝပ်စင်း လျှောက်ထားကြရာ နာစဉ် ကုမ၍ သေလျှင် အရိုးမြေကျသင်္ဂြိုဟ်သူ ရထိုက်ကြောင်း ဟောတော် မူချေသောကြောင့် ကုသသင်္ဂြိုဟ်သူတို့ ခံစားသော တရားလမ်းဖြစ်သည်။
No comments:
Post a Comment