အတ္တသမံ ပေမံ နတ္ထိ
ကိုယ့်ကိုယ်ကိုယ်သာ အချစ်ဆုံးဖြစ်သည်။ (အတ္တသမံ - မိမိကိုယ်ကိုချစ်ခြင်းနှင့် တူသော၊ ပေမံ - ချစ်ခြင်းသည်၊ နတ္ထိ - မရှိ။)
ပဿေနဒီကောသလမင်းသည် မလ္လိကာမိဖုရားအား “မလ္လိကာ၊ သင့်အား သင့်ထက်ပို၍ ချစ်သော သူ ရှိပါသလော”ဟု မေးသော် “မင်းကြီး၊ အကျွန်ုပ်အား အကျွန်ုပ်ထက်ပို၍ ချစ်သောသူ မရှိပါ ”ဟု လျှောက်၏။ မလ္လိကာ မိဖုရားကလည်း မင်းကြီးအား “မင်းကြီး၊ သင့်အားလည်း သင့်ထက်ပို၍ ချစ် သောသူ ရှိပါသလော” ဟုမေး၏။ "မလ္လိကာ ငါ့အားလည်း ငါ့ထက်ပို၍ ချစ်သောသူမရှိ”ဟု ဆို၏။ ထိုသို့ အမေးအဖြေပြုကြပြီးသော် မင်းကြီးသည် မြတ်စွာဘုရားထံ သွားရောက်၍ ထိုအမေးအဖြေ စကားကို လျှောက်ထား၏။ ထိုအခါ မြတ်စွာဘုရားက “အရပ်ရပ်သို့ စိတ်ဖြင့် လှည့်လည်ရှာဖွေပါ သော်လည်း သင့်ထက် သင့်ကိုယ်ကို ချစ်သောသူကို မတွေ့နိုင်။ ဤအတူပင် အခြားသူတို့သည်လည်း မိမိတို့ကိုယ်ကို မိမိတို့ ချစ်ကြ၏ ”ဟု မိန့်မြွက်တော်မူ၏။
No comments:
Post a Comment