မြင်းမှာ အုန်းခွံ၊ ကျွန်မှာ ကုလား၊ ဓားမှာ မိုးကြိုး၊ ယွန်း ပုဆိုး
(ဆိုရိုးစကား)
မြင်းတကာတွင် အုန်းခွံရောင်ရှိသော မြင်းသည် အကောင်းဆုံး ဖြစ်သည်။ အစေအပါးတကာ တွင် ကုလားသည် အကျိုးနွံဆုံး ဖြစ်သည်။ ဓားတကာတွင် မိုးကြိုးသွားဖြင့် ပြုလုပ်သော ဓားသည် အကောင်းဆုံး ဖြစ်သည်။ ပုဆိုးတကာတွင် ယွန်းပုဆိုးသည် အကောင်းဆုံး ဖြစ်သည်။
မြင်း အုန်းခွံ၊ ကျွန် ကုလား၊ မယား တောသူ - လည်းရှု။
No comments:
Post a Comment