ဝစီဘေဒ ထိတိုင်းရှ

(ဆိုရိုးစကား)

      သူတစ်ပါးအား ထိပါးပုတ်ခတ်ပြောဆိုလျှင် မိမိ ပြောခဲ့သည့်အတိုင်း မကောင်းကျိုးကို မိမိ ခံစားရသည်။

      သိခီဘုရား လက်ထက်တော်အခါက ဘိက္ခုနီမတစ်ဦးသည် တစ်နေ့တွင် အဖော် ဘိက္ခုနီမများနှင့် အတူ စေတီတစ်ဆူဝယ် လှည့်လည်ပူဇော်၏။ ရှေ့ဆုံးမှ သွားနှင့်သော ဘိက္ခုနီမသည် ရဟန္တာထေရီ တစ်ပါး ဖြစ်၏။ ထိုထေရီသည် စေတီကို လှည့်လည်ဖူးမြော်ခိုက် နှာချေသဖြင့် စေတီရင်ပြင်ပေါ်သို့ တံတွေးပေါက် အမှတ်တမဲ့ကျ၏။ ထိုတံတွေးပေါက်ကို ဘိက္ခုနီမမြင်သော် အဘယ် ပြည့်တန်ဆာမ သည် ဤနေရာ၌ တံတွေးထွေးခဲ့သနည်းဟု ဆဲရေး၏။ ယင်းသို့ ဆဲရေးမိသဖြင့် ထိုဘိက္ခုနီမသည် ထိုဘဝမှ လွန်သော် ငရဲကျ၏။ ငရဲဘဝမှ လွတ်သော် လူ့ဘဝ၌ ဘဝပေါင်း တစ်သောင်းတိုင် ပြည့်တန် ဆာမ ဖြစ်၏။ နောက်ဆုံးဘဝ၌ ဝေသာလီပြည်တွင် အမ္ဗပါလီ အမည်ဖြင့် ပြည့်တန်ဆာမ ဖြစ်၏။

ခုဒ္ဒကနိကာယ်၊ ထေရီအဋ္ဌကထာ။ ၂၁၄။

Read Users' Comments (0)

No comments:

Post a Comment

"ာ" ပိုအမှား စကားလုံးများ


အမှန် ("ာ"ထည့်စရာမလို) အမှား ("ာ"ပို)
ဘေးဥပဒ် ဘေးဥပါဒ်
အရုဏ်ဦး အာရုဏ်ဦး
ဒဏ်ကြေး ဒါဏ်ကြေး
အနာဂတ် အနာဂါတ်
ဟေမန် ဟေမာန်
သာမန် သာမာန်
စကြဝဠာ စကြာဝဠာ
ရလဒ် ရလာဒ်
စံပယ်ပန်း စံပါယ်ပန်း
လှည်းယဉ် လှည်းယာဉ်

Source : မြန်မာအဘိဓာန်၊ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း၊ မြန်မာစာ၊ မြန်မာစကား၊
အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!