မ (ဆိုရိုးစကား)
- မကောင်း ကျောင်းပို့
- မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ
- မကောင်းလည်းခံ၊ ကောင်းလည်းစံ
- မကောင်းသူကို ပယ်၊ ကောင်းသူကို ကယ်
- မကြံလည်း ဖြစ်၊ ကြံလည်း နစ်
- မခေါ်ချင်သာ နေလို့ရသည်၊ မတော်ချင်ဘဲ နေလို့မရ
- မခင်မှ ဥခင်
- မချိ ငိုစတမ်း၊ မသိ ဆိုစတမ်း
- မချစ်မလှ ချစ်လျှင်လှ
- မချစ်သော်ကား ကစဉ့်ကလျား၊ ချစ်သော်ကား မခြားနား
- မဂိုမဂဲ မယားဆဲ
- မစားရက် လောက်တက်
- မတူးမတည်၊ မြကောင်းသည်၊ ပုန်းရည်တောင်စာဆင်း
- မနော ပုဗ္ဗင်္ဂမာ ဓမ္မာ
- မနုဿတ္တဘာဝေါ ဒုလ္လဘော
- မပေးဘဲ မလိုလင့်၊ မမေးဘဲ မဆိုလင့်
- မပြောမပြီး မတီးမမြည်
- မဘက်လိုက် မိုက်ဘက်ပါ
- မမင်းဖြူ မှန်မှန်ပြော
- မမြင်ရာသည် ဆေးသမား၊ မကြားရာသည် တရားသူကြီး
- မမြင်အပ်သည် သူကန်းလား၊ မပြောအပ်သည် လျှာမဲ့ငါး
- မယားဆိုးနှင့်၊ ကျွန်ဆိုးဟူဘိ၊ မြွေရှိအရပ်၊ ယှဉ်စပ်နေသူ၊ သေပြီးလူ
- မယား တိန်ညင်၊ လင် မုဆိုး
- မယားထိ ဓားကြည့်
- မယားနေစ ကြောင်သေမှ
- မယားနှင့်နွား မသနားရ
- မယားသခင်၊ လင်သာစိုးပိုင်
- မယားသေက အစားရ၏၊ မိဘသေငြား အစားမရ
- မရောင်းဖြစ်လျှင် ခုံတိုင်လည်၊ မဝယ်ဖြစ်လျှင် စရန်ဆုံး
- မရှိ ခိုးနိုး၊ မလှ စုန်းယိုး
- မရှိတာထက် မသိတာခက်
- မရှိတောင့်တ ရှိကြောင့်ကြ
- မရှိလို့ မလှူ၊ မလှူလို့ မရှိ
- မရှိ ဝမ်းစာ၊ ရှိ တန်ဆာ
- မလုပ် မရှုပ် မပြုတ်
- မလိမ္မာ တစ်ခါမိုက်စမြဲ
- မလိမ္မာ နှစ်ခါပန်း
- မလှူတတ် ဈေးရောင်း
- မသာတစ်ခေါက် ကျောင်းဆယ်ခေါက်
- မသိလျှင် မေး၊ မစင်လျှင် ဆေး
- မသောက်မစား လူ့ငနွား၊ သောက်သောက်စားစား လူမင်းသား
- မအိပ်မနေ အသက်ရှည်
- မာဃနဂါး၊ ပြုဗ်သုံးပါး၊ ကျေးနားသောခါ၊ မိုးကြီးရွာ
- မိဘကျေးဇူး မြင်းမိုရ်ဦး
- မိဘစကား၊ နားထောင်ငြား၊ သံပြားကျောက်စောင်း၊ ကြိုသော်ပျောင်း
- မိဘစကား နားမထောင်၊ သားတစ်ကောင်နှင့် တိုးလိုးတွဲလဲ
- မီးစောင်းထက် ရေစောင်းထက်၊ ရေစောင်းထက် လေစောင်းထက်
- မီးပန်းပွင့်တုန်း တန်ဆောင်မုန်း
- မီးရောင် လရောင်၊ နေ အရောင်၊ ဉာဏ်ရောင် လွှမ်း၍မိုး
- မီးလောင်ရာ လေပင့်
- မုဆိုးကောင်း ဒေါင်းချောင်း
- မုဆိုးတစ်သက် တံငါတစ်မနက်၊ တံငါတစ်သက် ချိပ်တစ်ခက်
- မုတမပါ လင်္ကာမချော
- မူလမမှန်တော့ ဖောက်ပြန်
- မေးဖန်များ စကားရ
- မံသေသု သူကရော၊ ဖလေသု အမ္ဗော
- မိုးခါဖြစ်လျက် ပုရွက်အမျိုး၊ ရေအိုးအောက်ဝင်၊ ဖြစ်ခဲ့ကျင်၊ မိုးလျှင် ခေါင်တတ်စွ
- မိုး စနေ၊ လေ ရာဟု
- မိုးတစ်စက် ရေတစ်ရွက်
- မိုးနှင့် နွားသိုး အစိုးမရ
- မိုးဖြူမစဲ၊ မိုးမည်းမရွာ
- မိုးရိပ်လာ ဒူလာထ
- မိုးရွာမှ ပျိုးသာမည်
- မင်းကို နိုင်လိုသော် လက်ဆောင်
- မင်းခယောက်ျား ကမ်းနားသစ်ပင်
- မင်းစိုးရာဇာ၊ မျက်စရာကို၊ ဥစ္စာဆွေမျိုး၊ ဉာဏ်မကိုးနှင့်
- မင်းတို့စကား မိုးကြိုးသွား
- မင်းတို့ထွက် ရက်ရာဇာ
- မင်းတို့မျက်စောင်း အကြောင်းမရွေး
- မင်းနား တစ်ထောင်
- မင်းပင်ကောင်းလျက် မင်းမြှောင်ဖျက်
- မင်းဘဏ္ဍာ ကိုယ့်ဟာမှတ်လို့ တပြုံးပြုံး
- မင်းမသိ ဗြဟ္မဒတ်၊ ပြည်မသိ ဗာရာဏသီ
- မင်းမှာ သစ္စာ၊ လူမှာ ကတိ
- မင်းလိုလိုက် မင်းကြိုက်
- မင်းအစ သမ္မတ
- မောင်ကောင်းစား နှမ မီးဖိုချောင်၊ နှမကောင်းစား မောင် အိမ်ဦးခန်း
- မောင်တစ်ထမ်း မယ်တစ်ရွက်
- မေတ္တာဆောင်လျှင် ရဲ၊ သစ္စာနှောင်လျှင် မြဲ
- မန်ကျည်းတစ်ညှို လူတစ်ကိုယ်
- မန္တလေး စကား။ ရန်ကုန် အကြွား၊ မော်လမြိုင် အစား
- မန္တန်တွင် သစ္စာ၊ အအေးတွင် မေတ္တာ
- မိန်းမကား နှမ်း၊ ယောက်ျား ထန်း
- မိန်းမကိုသာ တိုင်ပင်ရာ
- မိန်းမကောင်းပန်းပန် တစ်ပွင့်တန်
- မိန်းမကြိုက်တော့ မျှော်လိုက်ကာ၊ ယောက်ျားကြိုက်တော့ စိုက်စိုက်လာ
- မိန်းမတို့ဖူးစာ သေခါမှ ကုန်
- မိန်းမတို့ဣန္ဒြေ ရွှေပေးလို့မရ
- မိန်းမဖျက် ပြည်ပျက်
- မိန်းမဗွေကြမ်း သန်းဥစမ်း၊ ယောက်ျားဗွေဆိုး လက်ကိုချိုး
- မိန်းမမာယာ သဲကိုးဖျာ
- မိန်းမမှာ မီး၊ ယောက်ျားမှာ ဆီး
- မိန်းမယောက်ျား၊ မြင်ဖန်များသော်၊ သနားချစ်ခင်၊ စိတ်ကျွမ်းဝင်
- မိန်းမ လှ မလှ အိပ်ရာထမှာ ကြည့်ရ
- မိန်းမဟူဘိ၊ ထိုဣတ္ထိကား၊ မရှိမကောင်း၊ ရှိမကောင်းနှင့်၊ မပေါင်းလည်းခက်၊ ပေါင်းလည်းခက်
- မုန့်သာ ဝေစားနိုင်သည်၊ လင်ကို မဝေငှနိုင်
- မုန်းတင်းပြောလျှင် တိုက်၊ ချစ်တင်းပြောလျှင် ငိုက်
- မုန်းလျှင် အပြစ်၊ ချစ်လျှင် အကျိုး၊ မြတ်နိုးလျှင် သဒ္ဓါ
- မုန်းသော် မပိုင်၊ ချစ်သော် ပိုင်၏
- မျက်စိမှာ ရေ၊ နားမှာ ဆီ၊ ဒန္တီမှာ ဆား၊ ဝမ်းမှာ ခါး
- မျက်စိ အကျင့်၊ ဝမ်း အချင့်
- မျက်စိ အချမ်း၊ ဝမ်းကား အပူ
- မျက်စိ အဆုံး၊ နား အရှုံး
- မျက်စပ် ပိုးဝင်၊ ဆံ တစ်ပင်တင်း၊ ချစ်ခြင်းမယား
- မျက်ရည်စက်လက် တံကောက်ခွက်
- မြေမညီသော် ရေနှင့်ညှိ၊ လူမညီသော် သေနှင့်ညှိ၊ သွေးမညီသော် ဆီနှင့်ညှိ
- မြေမျို၍ လူမျိုးမပြုတ်၊ လူမျိုမှ လူမျိုးပြုတ်မည်
- မြေးကားအဖျား၊ သားကားအရင်း
- မြို့စီး တစ်ရာ၊ မြို့လာ တစ်ထောင်
- မြင်ဖန်များ ယဉ်ပါး
- မြင်းကို နိုင်လိုက ဇက်၊ သစ်ဝါးကို နိုင်လိုက အမျက်၊ လူကို နိုင်လိုက ချက်
- မြင်းကို နိုင်လို ဇက်ကိုဆွဲ၊ လှေကို နိုင်လို တက်ကိုစွဲ
- မြင်းပိန်တော့ ကျိုး၊ ခွေးပိန်တော့ ခိုး
- မြင်းမစီးတတ်တော့ အုံးပေါက်၊ ကွမ်းမစားတတ်တော့ ထုံးပေါက်
- မြင်းမှာ အုန်းခွံ၊ ကျွန်မှာ ကုလား၊ ဓားမှာ မိုးကြိုး၊ ယွန်း ပုဆိုး
- မြင်း အုန်းခွံ၊ ကျွန် ကုလား၊ မယား တောသူ
- မြစ်ရေဖွေးဖွေး ကိုင်းဖွေးဖွေး
- မြတ်စွာဘုရားသော်မှ နို့တစ်လုံးဖိုးသာကျေ
- မြန်မာမှန် ပုဂံ ရောက်ဖူးရမည်
- မြန်မာအစ တကောင်းက
- မြိန်ရာ ဟင်းကောင်း
- မွေးနေ့ဆောင် အောင်
- မွေးနေ့သောကြာ၊ တနင်္လာ၊ ကေသာဆံဖြတ်၊ မပြုအပ်
- မှိုတစ်ကျင်း မြင်းတစ်ပြေး
- မှိုသုံးနှစ်၊ မျှစ်သုံးလ
- မှတ်တစ်ချက်ကောင်း တစ်သောင်းတန်
- မှန်တာပြော သစ္စာ