မင်းခယောက်ျား ကမ်းနားသစ်ပင်
(ဆိုရိုးစကား)
မြစ်ကမ်းနား၌ပေါက်သောသစ်ပင်သည် မြစ်ရေကိုအမှီပြုရ၍ အခက်အလက်စိုပြည်သော်လည်း မြစ်ရေကပင် တိုက်စား၍ ပြိုလဲ ပျက်စီးတတ်သကဲ့သို့ မင်းခယောက်ျားသည် မင်း၏ အရှိန်အဝါဖြင့် ကြီးပွားချမ်းသာ လွယ်သော်လည်း မင်းမျက်သင့်သဖြင့် ပျက်စီးဆုံးရှုံးနိုင်သည်။
No comments:
Post a Comment