မအိပ်မနေ အသက်ရှည်

(ဆိုရိုးစကား)

      အအိပ်အနေ နည်းပါးခြင်းသည် ဘေးရန်ကင်းရှင်း အသက်ရှည် စေနိုင်သည်။

      ရှေးအခါက မောင်ပေါက်ကျိုင်းအမည်ရှိသော လုလင်တစ်ယောက်သည် အခြားသော လုလင်တို့ နှင့်အတူ သုံးနှစ်တိုင် ပညာသင်ကြားပါ သော်လည်း ပျင်းရိလှ၍ မည်သည့်အတတ်ကိုမျှ မတတ်ချေ။ သုံးနှစ်ပြည့်၍ မောင်ပေါက်ကျိုင်း မိမိအရပ်သို့ ပြန်ခါနီးသော် ဆရာက "တပည့်၊ သွားဖန်များ ခရီး ရောက်၊ မေးဖန်များ စကားရ၊ မအိပ်မနေ အသက်ရှည်ဟူသော စကားသုံးခွန်းကိုမူ မှတ်သား ပါလော့၊ ကျင့်ကြံပါလော့” ဟု မှာကြား၏။ မောင်ပေါက်ကျိုင်းသည် ဆရာ့စကားကို မှတ်သား၍ မိမိအရပ်သို့ ပြန်လာစဉ် လမ်းခရီးတွင် တကောင်းနေပြည်တော်သို့ ရောက်ဖူး လိုသောဆန္ဒ ဖြစ်ပေါ်၏။ တကောင်း နေပြည်တော်သည် မောင်ပေါက်ကျိုင်း ရောက်ရှိရာအရပ်မှ ခရီးတာ ဝေးကွာလှသော်လည်း “သွားဖန် များ ခရီးရောက်” ဟူသော ဆရာ့စကားနှင့်အညီသွားသော် ရက်များမကြာမီ တကောင်းနေပြည်တော် သို့ ရောက်လေ၏။ တကောင်းနေပြည်တော်သို့ ရောက်လျှင် ထီးနန်းကို မိဖုရားကြီးတစ်ပါး အုပ်ချုပ် စိုးစံနေကြောင်း သိရ၏။ နေပြည်တော်အကြောင်း ထို့ထက် ပိုမို သိရှိလို၍ အကြိမ်ကြိမ် စုံစမ်းမေး မြန်းသော် “မေးဖန်များ စကားရ” ဆိုသည်နှင့်အညီ မိဖုရားကြီးနှင့် လက်ဆက်လျှင် မင်းဖြစ်လာ ကြောင်း သို့သော် ထိုမင်းသည် လက်ဆက်သည့် ညဉ့်၌ပင် ထူးဆန်းစွာ နတ်ရွာစံ ရကြောင်း သိရ၏။ မောင်ပေါက်ကျိုင်းသည် စွန့်စားလို၍ မိဖုရားကြီးနှင့် လက်ဆက်၏။ ထိုနေ့ ညဉ့်ဦးတွင် သလွန်ပေါ်၌ မိဖုရားကြီးနှင့် အိပ်ဟန်ပြု၏။ မိဖုရားကြီး အိပ်ပျော်သော် မိမိနေရာတွင် ငှက်ပျောတုံးကို စောင်ဖြင့် ဖုံးလျက် မိမိ အိပ်နေဟန်ထားကာ သလွန်အနီး နန်းတော်တိုင် တစ်ခု၏ နောက်၌ ပုန်းကွယ်လျက် “မအိပ်မနေ အသက်ရှည်” ဟူသော ဆရာ့ စကားနှင့်အညီ မအိပ်ဘဲ ရန်သူကို စောင့်၍ နေ၏။ ညဉ်အတန် နက်သော် နဂါး တစ်ကောင်သည် သလွန်အနီးရှိ နန်းတော်တိုင်တစ်လျှောက် အမိုးမှ ဆင်းလာ၏။ နဂါးသည် မိဖုရားကြီး အနီး၌ ယောက်ျားတစ်ယောက် အိပ်နေဟန် မြင်ရလျှင် ဒေါသ ပြင်းစွာ ထွက်ကာပေါက်လေ၏။ အစွယ်သည် ငှက်ပျောတုံးတွင် ငြိလေလျှင် မောင်ပေါက်ကျိုင်း သည် နဂါးကို ဓားဖြင့် ပိုင်းသော် နဂါးသေလေ၏။

ပုံပြင်

Read Users' Comments (0)

No comments:

Post a Comment

"ာ" ပိုအမှား စကားလုံးများ


အမှန် ("ာ"ထည့်စရာမလို) အမှား ("ာ"ပို)
ဘေးဥပဒ် ဘေးဥပါဒ်
အရုဏ်ဦး အာရုဏ်ဦး
ဒဏ်ကြေး ဒါဏ်ကြေး
အနာဂတ် အနာဂါတ်
ဟေမန် ဟေမာန်
သာမန် သာမာန်
စကြဝဠာ စကြာဝဠာ
ရလဒ် ရလာဒ်
စံပယ်ပန်း စံပါယ်ပန်း
လှည်းယဉ် လှည်းယာဉ်

Source : မြန်မာအဘိဓာန်၊ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း၊ မြန်မာစာ၊ မြန်မာစကား၊
အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!