ဝ (ဆိုရိုးစကား)
- ဝစီဘေဒ ထိတိုင်းရှ
- ဝစေလို အချိုထမင်းနောက်
- ဝါ ကဆုန်၊ နှမ်း နယုန်
- ဝါခေါင်တစ်ကြောင်း၊ ထနောင်းကြောင်ကျစ်၊ ဆူးရစ်ပွင့်ခါ၊ မိုးမရွာ၊ ရွာပါသော်လည်း၊ မိုးမသည်း
- ဝါခေါင် မိုးစိပ် ထွန်တုံးပိတ်
- ဝါဆိုလပြောင်း၊ မိကျောင်းဖွေးဖွေး၊ မိုးအေးအေး
- ဝါဆိုဝါခေါင် ရေဖောင်ဖောင်
- ဝါသနာဘာဂီ၊ ဆက်တိုင်းမှီ
- ဝါးပေကျူပင်၊ ငှက်ပျောပင်၊ သီးလျှင်မုချ သေကုန်ကြ
- ဝိဂြိုဟ်မငံ ဂဠန်ပျံ
- ဝီရိယလွန်သော် ဥဒ္ဓစ္စ
- ဝဋ်မှာအမြဲ၊ ငရဲမှာအပ
- ဝန်မပါလည်း ပွဲမဖြစ်၊ ဝန်ပါလည်း ပွဲစိတ်ညစ်
- ဝမ်းတစ်လုံးကောင်း ခေါင်းမခဲ
- ဝမ်းနှင့်မလွယ် သားမမည်
No comments:
Post a Comment