သ (ဆိုရိုးစကား)
- သဇင်ပွင့်ပေါ်၊ လနတ်တော်
- သတိဆို ပိုသည်မရှိ
- သတိတမံ၊ ဉာဏ်မြေကတုတ်၊ ပညာစွန်း ချွန်းကဲ့သို့အုပ်
- သတိလက်ယာ၊ ပညာလက်ဝဲ
- သဒိသံ ပါကံ ဇနေတိ
- သဘင် စည်း၊ ထီး ခရိုင်
- သမားကောင်းလျှင် လက်သုံးကိုင်ကာ၊ ရှေ့နေကောင်းလျှင် ဖျင်လက်ပင့်ကာ
- သမီးကညာ အခါမလင့်စေနှင့်
- သမီးတစ်ကောင် နွားတစ်ထောင်
- သမီးမရခင် အမေကို ဖျာလိုလိပ် ထိပ်ပေါ်တင်၊ ရပြန်တော့ ဖျာလိုခင်း နင်း
- သမီးမိန်းမ မွေးပြန်ရ၊ မောင်ဖားမိဘ အရှက်ရ
- သမဂ္ဂါနံ တပေါ သုခေါ
- သမုဒ္ဒရာ ဝမ်းတစ်ထွာ
- သဝေမပါ ကိုးဂါထာ
- သားကိုငယ်ခါ၊ ကျွန်မှာဝယ်သစ်၊ တပည့်ဖြစ်က၊ အပ်စဟူသည်၊ မျက်ခြည်မျက်သာ မပေးရာ
- သားကိုသခင်၊ လင်ကိုဘုရား
- သားကောင်းတစ်ယောက် ကျောက်ကောင်းတစ်စေ့
- သားချစ်မညီ၊ သားချီမမျှ
- သားဆိုးအမေ တပေပေ
- သားမလေးက ကျေးမရိုသေ
- သားရေမှာထုပ်၊ မြေမှာမြှုပ်
- သားသမီးမကောင်း မိဘခေါင်း
- သားသေ ရက်ရေ
- သားအချစ် မြေးအနှစ်
- သား၏ရုပ်ရည်၊ သီတာမည်သား၊ ရေကြည်ချမ်းမြ၊ တစ်ပေါက်ကျက၊ မိဘတို့ဝမ်း၊ ငြိမ်းစတမ်း
- သားဦးစနေ မီးလိုမွှေ
- သားဦး အရူး
- သိသာသိစေ မမြင်စေနှင့်၊ မြင်သာမြင်စေ မသိစေနှင့်
- သီတင်းကျွတ်တွင်၊ ပလ္လင်ဆေးမိုး၊ ရွာသွန်းဖြိုး
- သုကို ယှဉ်၊ ဒုကို ကြဉ်
- သူခိုးကြီးတော့ ဓားပြ၊ ဓားပြကြီးတော့ သူပုန်
- သူစိမ်းကောင်းလျှင် ဆွေမျိုးမသာ
- သူဇာကိုလည်း မပစ်နှင့်၊ စာနုကိုလည်း မချစ်နှင့်
- သူတော်ကောင်း နတ်ကောင်းမ
- သူတစ်ပါးမကောင်းကြံ ကိုယ့်မှာ ဘေးဒဏ်ထိ
- သူမိုက်နှင့်ပေါင်း သူကောင်းလည်းပျက်
- သူများမနာလို ကိုယ်အကျိုးမရှိ
- သူ့ကို ကိုယ်ဖျက် ကိုယ်ပင်ပျက်
- သူ့စိတ်ကိုလို ကိုယ့်စိတ်နှင့်နှိုင်း
- သူ့လူ ကိုယ့်ဘက်သား
- သူ့သဘောကို လိုက်လျောညီထွေ ကျင့်တတ်စေ
- သူ့အကျိုးဆောင် ကိုယ်အကျိုးအောင်
- သေကံမရောက် သက်မပျောက်
- သေချာမှ ရေရာသည်
- သေတစ်နေ့ မွေးတစ်နေ့
- သေပြီစင်းစင်း ခါးပုံတွင်း
- သေသူကို ရှင်သူတ
- သေသူပေးက ရှင်သူရ
- သေသောသူ ကြာလျှင်မေ့၊ ပျောက်သောသူ ရှာလျှင်တွေ့
- သောကြာရေကြောင်း မသွားကောင်း
- သောကြာလူမျိုး စကားအိုး
- သံချပ်အစ မိုးလေက
- သံဃာ ဖက်တော့ အခက်ဝေ
- သံပေါက်မနိုင် တေးမကိုင်နှင့်
- သက်ကြီးစကား သက်ငယ်ကြား
- သက်ရှိ အရင်း၊ သက်ကင်း အဖျား
- သက်သေပင် ကြီးသော်လည်း မထီးစေရာ
- သက်သေမညီ၊ ကိုယ်စီစကား၊ တရားမအောင်
- သက်သေသက္ခိ၊ မရှိစကား၊ တရားမအောင်
- သောက်လေသောက်လေ ငတ်မပြေ၊ ကာမေငါးသင်း သည်ဆားတွင်း
- သောက်လေသောက်လေ ငတ်မပြေ၊ ထန်းရည်သုံးမျိုး ရသာအိုး
- သိုက်စာဖတ်ရာ နားထောင်ပါ၊ ဥစ္စာရနိုးနိုး
- သင်္ကန်းမှာ ကထိန်၊ ကျောင်းမှာ သိမ်
- သင်္ဂြိုဟ်ဝိုးဝါး အပါယ်လား၊ ရှေ့နေဝိုးဝါး အရှုံးများ၊ သမားဝိုးဝါး အသေများ
- သင်းဝင်လည်းပွင့် ယင်လည်းဝင့်
- သစ္စာနှုတ်သီး မန္တန်ကြီး
- သစ်စေးပုံတင် တစ်ခွဲဝင်၊ ပုံတင်က လေး တောက ဝေး
- သစ္စံ ဓမ္မ၊ ဝီရိယနှင့် စာဂဟူသည်၊ ရန်သူအောင်မှု၊ ကြောင်းလေးခု
- သစ်ပင်ထီးလျှင် လေညှဉ်းသည်၊ လူထီးလျှင် ရန်ညှဉ်းသည်
- သစ်ပင်မှာလည်း အမြစ်နှင့်၊ လူမှာလည်း အချစ်နှင့်၊ တိုင်းပြည်မှာလည်းစစ်နှင့်
- သစ်ပင်အောက်ဝင်၍ သစ်ပင်ပိသေနိုင်သည်၊ လူ့အောက်ကျို့၍ လူပိမသေနိုင်
- သစ်ရိပ်ဝါးရိပ်ထက် ဆွေရိပ်မျိုးရိပ်က ပိုအေးသည်
- သစ်သီးဝလံ ပန်းနှင့်မန်
- သစ်အဖျား ဝါးအရင်း
- သည်ဘဝ သည်ကိုယ်စံ၊ ဟိုဘဝ ဟိုကိုယ်ခံ
- သည်းညည်းခံ နိဗ္ဗာန်ရောက်
- သဏ္ဌာန်လုပ် သရုပ်တူရမည်
- သတ္တဝါတစ်ခု ကံတစ်ခု
- သတ္တဝါဖား၊ ကုန်းကျက်စား၊ မိုးများခေါင်တတ်လှ
- သတ္တဝါ လူချွတ်မှ ကျွတ်သည်
- သဒ္ဒါကိုးခေါက် စာပြိုးပြောက်
- သဒ္ဒါမတတ် စာမတတ်
- သဒ္ဒါမနိုင် စာမကိုင်နှင့်
- သဒ္ဒါမသန် မောဂ္ဂလာန်
- သဒ္ဒါမှာ ရှင်မဟာကစ္စည်း၊ ကဗျာမှာ ရှင်မဟာသီလဝံသတည်း
- သဒ္ဓါပညာ၊ သမာဝီရိ၊ စောင်းနှယ်ညှိ
- သဒ္ဓါလွန်တော့ တဏှာကျွံ
- သဒ္ဓါလွန်လျှင် ကွန့်သည်၊ ပညာလွန်လျှင် ဆွန့်သည်၊ ဝီရိယလွန်လျှင် ပြန့်သည်၊ သမာဓိလွန်လျှင် တွန့်သည်
- သဒ္ဓါလွန်သော် ရာဂ
- သန္တုဋ္ဌိ ပရမံ ဓနံ
- သန္ဓေပါ ဆရာမနိုင်
- သိပ္ပာ သမံ ဓနံ နတ္ထိ
- သိပ္ပံ စောရာ နဂဏှန္တိ
- သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ
- သဗ္ဗေ သတ္တာ ကမ္မသကာ
- သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ
- သုံးကျောင်းပြောင်းသော ရှင်၊ သုံးလင်ပြောင်းသော မိန်းမ
- သုံးတတ်လျှင် ဆေး၊ မသုံးတတ်လျှင် ဘေး
- သွား တမန်၊ ပြန် ရှေ့နေ
- သွားဖန်များ ခရီးရောက်
- သွေးလေမလျှောက် ဘေးတွေရောက်
- သျှောင်ကြီးလျှင် ငိုက်၊ လူကြီးလျှင် မိုက်
- သျှောင်နောက် ဆံထုံးပါ
No comments:
Post a Comment