လ (ဆိုရိုးစကား)
- လာမည့်ဘေး ပြေးတွေ့
- လာမည့်ဘေး အဝေးကမြင်
- လာမည့်ဘေး အဝေးကရှောင်
- လာလို အနီးကလေး၊ မလာလို ခရီးဝေး
- လူကို ယုံသော်လည်း ကုန်ကို အကြွေးမပေးနှင့်
- လူကို အမျိုး၊ မြင်းကို ဇက်ကြိုး၊ လှေကို ထိုးဝါး
- လူကြမ်းလျှင် နတ်ကြမ်းမခံနိုင်
- လူတူမရှား နာမည်တူမရှား
- လူတစ်ကိုယ် ထင်တစ်လုံး
- လူတစ်ကိုယ် အကြိုက်တစ်မျိုး
- လူတစ်ခု ပူမှုဆယ်ကုဋေ
- လူတစ်လူ အပူတစ်မျိုး
- လူတန် ကံချ
- လူပု စိတ်တို၊ ခွေးပု ရန်လို
- လူပုံက ပတ်ကလားနဲ့ နတ်စကားထွက်
- လူပျင်းလုံ့လ တစ်ခဏ
- လူပြော မသန်၊ လူသန် မပြော
- လူဖြောင့် စိတ်တို၊ လူချို စိတ်ကောက်
- လူမစွမ်းကို ချီးမွမ်းလေလေ ဖျင်းလေလေ
- လူမတန် ကံချ
- လူမပြောဘူး ဝိုင်းပြော သိလိမ့်မည်
- လူမရောက် မြင်းမိုရ်တောင်၊ ခွေးမရောက် အိမ်မိုးခေါင်
- လူမသေ ငွေမရှား
- လူမိုက်ဆွဲ၍ လူမဲပါသည်
- လူမိုက်တစ်သောင်း ကဲ့ရဲ့ရှောင်း၊ လူကောင်းတစ်ယောက် ချီးမွမ်းပျောက်
- လူမိုက်နှင့်ငွေ အတူမနေ
- လူမင်းဘုန်းကြီး နတ်မင်းမနေနိုင်
- လူမြူးလျှင် ဒဏ်ရ၊ နွားမြူးလျှင် ထွန်ရ
- လူမှာ အကျင့်၊ ပန်းမှာ အပွင့်
- လူယုံသတ် သေတတ်
- လူရိုးဆိုတာ သင်္ချိုင်းမှာသာရှိ
- လူလိုမှ နတ်လို၊ နတ်လိုမှ ဂြိုဟ်မ
- လူလိမ္မာသား ယဉ်ပါး၊ လူမိုက်သား ရမ်းကား
- လူလှတော့ ညှင်းခ
- လူသာငယ် လူငယ်ဟုတ်ကြီး၊ လူသာကြီး လူကြီးပေါသော
- လူသာ ပဓာန
- လူအစ ဗြဟ္မာက
- လူ့အလိုကို ဝါးနှင့်ဝါသာ လိုက်နိုင်သည်
- လူ့အလို နတ်မလိုက်နိုင်
- လူ့အောက်ကျို့၍ မသေ၊ တုံးပိမှ သေသည်
- လေနှင့်မိုး အစိုးမရ
- လေမစုန်လျှင် ငွေကုန်သည်
- လေမလာ ကြာတိုင်းကောင်း၊ လှေသူကြီးကို လှေသားထောင်း
- လောဘကြီးလျှင် ချွဲ၊ ဒေါသကြီးလျှင် ဆဲ
- လောဘကြီးသူ စကားချို၊ ဒေါသကြီးသူ စကားတို၊ မောဟကြီးသူ စကားယို
- လောဘကြီး အီးလောက်ရ၊ လောဘငယ် လယ်လောက်ရ
- လိုတာမရ၊ ရတာမလို
- လိုလျှင်ကြံဆ နည်းလမ်းရ
- လိုလျှင်ရစေ ကြိုးနှယ်ခွေ
- လက် ခွတ် ထိမ် ပြေ၊ ကုတ် သစ် ဒေ၊ တွက်ရေခုနစ်ရပ်
- လက်ပံဖူးချိန် ခွေးရူးချိန်
- လက်ဖက်တစ်ရိုး၊ ကွမ်းရိုးတစ်ညှာ
- လက်ဦးဆရာ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ မိနှင့်ဖ
- လောက်လမ်းသဖွယ် ဝိညာဉ်တွယ်
- လင်ကွာမိန်းမ တသသ၊ လင်သေမိန်းမ တတတ
- လင်စံရွေး လင်ခွေးနှင့်ညား
- လင်ဆိုးမယား တဖားဖား
- လင်နှင့်မယား လျှာနှင့်သွား
- လင်မယား ချစ်တော့ ရန်ဖြစ်
- လင်မရှိ မရေရာ၊ လင်မကောင်းက မထောင်းတာ
- လုဇ္ဇတိ ပလုဇ္ဇတီတိ လောကော
- လုပ်ရဲလျှင် ခံရဲရမည်
- လမ်းမသိ ခွေးနောက်လိုက်
- လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်
- လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်၊ သုတ်သင်ကာမျှ လွယ်ကာရ
- လိမ္မာမှ အိမ်ပါသည်
- လျင်သော်ကား မင်း၊ နှောင်းသော် ချင်း
- လွမ်းစရာပေါ်လျှင် နာစရာနှင့်ဖျောက်
- လွယ်လွန်းက ရှုံး၊ ထည်လွန်းက မုန်း
- လှတစ်မျက်နှာ၊ ယဉ်တစ်ကိုယ်လုံး
- လှေကားသုံးထစ်ဆင်းလျှင် လူပျိုဖြစ်သည်
- လှေမျော လှေနှင့်လိုက်၊ ငွေမျော ငွေနှင့်လိုက်
- လှေအစုန် ရေရွက်တိုက်၊ လှေသမားများ အကြည်ဆိုက်
- လှေအဆင်း မြင်းအတက်
- လှေဦးစို စို၊ လှေဦးခြောက် ခြောက်
- လှံထမ်းလာတာကို မြင်ရ၊ ကံထမ်းလာတာကို မမြင်ရ
- လှိုင်းကြီး လှေအောက်
- လှည်းကားအနှင်၊ လှေလျှင်တက်ပဲ့၊ မြင်းဇက်ဖွဲ့
- လှည်းဝင်ရိုးသံ တညံညံ၊ ပုဂံဘုရားပေါင်း
No comments:
Post a Comment