ရ (ဆိုရိုးစကား)
- ရတုသာတုန်း တန်ဆောင်မုန်း
- ရတတ်လျှင် ဘုရားတည်၊ ကြွယ်မှ ကျောင်းဆောက်
- ရသာမသိ ဆေးမရှိ၊ ရသာမတည် ဆေးမမည်
- ရဟန်းမှာ သိက္ခာ၊ မင်းမှာ ဘိသိက်
- ရာဇဝတ်ဘေး ပြေးမလွတ်
- ရာဇာ ပဋ္ဌာနံ
- ရာသီမပိုင် ဆေးမကိုင်နှင့်
- ရာသီမသိ ပန်းနှင့်ညှိ
- ရေချိုး၍ သေသည့် မသာသာရှိသည်၊ ရေမချိုး၍ သေသည့် မသာမရှိ
- ရေတစ်အိုး မိုးတစ်ပေါက်
- ရေ နိမ့်ရာစီး၊ မီး မြင့်ရာလောင်
- ရေဘူးနှင့်ဖိနပ်မပါ နွေခါမှသိ၊ ဒါနနှင့်သီလမပါ သေခါမှသိ
- ရေမရှိကန်၊ ဆန်မဲ့စပါး၊ တရားမဲ့မင်း၊ ခိုးကင်းသည့်မီး
- ရေလာကောင်းစရာက မြောင်းသာမှ
- ရေသတ္တဝါကုန်း၊ ကုန်းသတ္တဝါရေ၊ ကျက်စားလေ၊ မိုးသွေကင်းမည်ပ
- ရေအကျိုးဆယ်ပါး မတောင်းဘဲပြည့်
- ရေအဆုံး၊ ကုန်းတစ်ဝက်
- ရေးခါမကျန် ဖတ်ခါချန်
- ရေးတော့အမှန် ဖတ်တော့အသံ
- ရဲသော် မသေ
- ရဲသော် မသေ၊ သေသော် ငရဲမလား
- ရိုးရိုးကျင့်၊ မြင့်မြင့်ကြံ
- ရိုးလွန်းတော့ အ
- ရက်စက်မှ ကြေကွဲ
- ရင်သွေးဟူက ချစ်မဝ
- ရင်းထောင်ထောင် ပြောင်၊ ရင်းထောင်လှဲ မွဲ
- ရောင့်ရဲတင်းတိမ် လူ့စည်းစိမ်
- ရောင်းသူတစ်ဆယ်၊ ဝယ်သူငါးကျပ်
- ရည်းစားတစ်ထောင်၊ လင်ကောင်တစ်ယောက်
- ရန်ကို မေတ္တာ၊ မင်းမှာ လက်ဆောင်
- ရန်ကို ရန်ချင်း မတုံ့လျှင်းနှင့်
- ရန်လိုက ရန်ပိုသည်၊ ရန်မလိုမှ ရန်ပြိုသည်
- ရုပ်လက္ခဏာ လူ့ဇာတာ
- ရုပ်သေးမှာ အသံ၊ ဇာတ်မှာ ဟန်
- ရွေးလွန်းလျှင် မရ၊ သေးလွန်းလျှင် မလှ
- ရှာလျှင်ရှား၊ လွှာလျှင်ပါး
- ရှေ့က ဖုံး၊ နောက်က ပေါ်
- ရှေ့ စံကား၊ နောက် ဖလား
- ရှေ့နေ ပျိုစေ၊ သမား အိုစေ
- ရှေ့မှာ တမာ၊ နောက်မှာ ခံတက်၊ စီးပွားတက်
- ရှေးကလူမျိုး၊ ဆိုလမ်းရိုး၊ စာခိုးမမည်ရာ
- ရှေးကဝိပါက် ခုနစ်ရက်၊ ကာလဝိပါက် နောက်ပိုးတက်
- ရှေးကသမ္ဘာ၊ အရင်းပါလည်း၊ သမ္မာမကျင့်၊ ဘုန်းမပွင့်
- ရှေးထုံးလည်း မပယ်နှင့်၊ ဈေးသုံးလည်း မလွယ်နှင့်
- ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်
- ရှင်ကိုဖျက် ဓဇဂ်၊ လူကိုဖျက် အရက်၊ ဓားကိုဖျက် ဝါးမျက်
- ရှင်ကို လှူ၊ လူကို မျှ
- ရှင်လူထွက်သစ် ဆယ့်သုံးနှစ်
- ရွှေချဉ်ပေါင်လက်ခြား ကြက်သားနှင့် မလဲပေါင်
- ရွှေမရှိတဲ့ဘုရား လူမရိုသေ
- ရွှေရှိမှ မျိုးတော်ချင်သည်
- ရွှေလမင်း တောင်ကိုစောင်း စပါးဆန်ရေကောင်း
- ရွှေအကြောင်း ဖယောင်းသိ၊ လူအကြောင်း ပေါင်းမှသိ
No comments:
Post a Comment