ယ (ဆိုရိုးစကား)
- ယတြာကောင်းက မင်းလောင်းပျောက်
- ယတြာကောင်း ကိန်းတစ်သောင်းကျေ
- ယောက်ျားကို စေသော် မပြီးနိုင်၊ မိန်းမကို စေသော် မခံနိုင်
- ယောက်ျားကောင်း မောင်းမတစ်ထောင်
- ယောက်ျား စာမတတ်လျှင် အကန်း၊ မိန်းမ ရက်ကန်း မတတ်လျှင် အကျိုး
- ယောက်ျားတံခွန်၊ လူရည်မွန်က၊ ကောင်းကင်တမွတ်၊ ကြယ်ကိုဆွတ်လည်း၊ မလွတ်စတမ်း၊ ရမြဲလမ်း
- ယောက်ျားတို့ဘုန်း၊ ချိန်ဆုန်းခါသင့်၊ ပန်းနှယ်ပွင့်
- ယောက်ျားတို့ဘုန်း လက်ရုံး၊ မိန်းမတို့ဘုန်း ဆံထုံး
- ယောကျ်ားတို့လုံ့လ သေခါမှ လျှော့
- ယောက်ျား ဒူလာ၊ မိန်းမ မီးယပ်
- ယောက်ျား ဓားသွေး၊ မိန်းမ သားမွေး
- ယောက်ျားပျင်း ကျောခင်း၊ မိန်းမပျင်း ခြေဆင်း
- ယောက်ျား ဖောင်စီး၊ မိန်းမ မီးနေ
- ယောက်ျားမှာ လမ်း၊ မိန်းမမှာ ပန်း
- ယောက်ျားရန်စစ် ဆုတ်နစ်ရ၏၊ မိန်းမရန်စစ် ဆုတ်နစ်မရ
- ယောက္ခမအိမ်ထက် သမက်သဖွယ် မျက်နှာငယ်
No comments:
Post a Comment