အ (ဆိုရိုးစကား)
- အကောက်မတတ် အခိုးဖြစ်သည်၊ အခိုးတတ်က အကောက်ဖြစ်သည်
- အကျီစားသန် ရန်ဖြစ်
- အကျိုးဆော့၊ အကန်းမော့
- အကျည်းတန် မှန်ကြိုက်
- အကျယ်အကျယ် မငြိမ်းဖွယ်
- အကြီးတွင် တဏှာ၊ အပူတွင် ကိလေသာ၊ အမွှေးတွင် မေတ္တာ
- အကြံတူ နောက်လူကောင်းစမြဲ
- အကြံတူ ရန်သူ၊ အလုပ်တူ ငြူစူ
- အကြမ်းမှု အနုနှင့်သာ အောင်စေရာ
- အချစ်ကြီးတော့ အမျက်ကြီး
- အချိန်ရှိခိုက် လုံ့လစိုက်
- အချုပ်သက်သေ သဝေမခြား
- အငယ်တည်းက၊ မဆုံးမသော်၊ မိဘတစ်လည်၊ ရန်သူမည်၏
- အစကောင်းမှ အနှောင်းသေချာ
- အစဆုံးရည်းစား သားတစ်ဖျာပြည့်တော့ မမေ့
- အစရှိ အနောင်နောင်
- အစာကို ကောက်တိုင်းရလျှင် စလုတ်မဆံ့၊ နှမ်းလျင်ကို လုပ်တိုင်းရလျှင် ထည့်စရာ ပုတ်မဆံ့
- အစာလည်း ဆေး၊ ဆေးလည်း အစာ
- အစားပုပ်သော် အလုပ်ကြာ
- အစားမတော် တစ်လုတ်၊ အသွားမတော် တစ်လှမ်း
- အစားသာ အကုန်စား၊ စကားကို အကုန်မပြောနှင့်
- အစိန္တိတမ္ပိ ဘဝတိ၊ စိန္တိတမ္ပိ ဝိနဿတိ
- အဆီစားလို့ အသားမဖြစ်
- အဆင်မတတ်လျှင် ဆန်းလျက်နှင့်မလှ၊ အငင်မတတ်လျှင် ပန်းလျက်နှင့်မရ
- အဆင်းတန် စကားတန်ထွက်
- အဆင်းလှဆန်း လူ့ပေါက်ပန်း
- အတုမြင် အတတ်သင်
- အတွင်းမီးထ ပြင်မီးပ
- အထားလွယ် သူကြွယ်လက်ဆော့
- အထက်မှာ ကောင်းမှုလုံ၊ အောက်မှာ ရွှေတိဂုံ
- အထက်မှာပေ၊ အောက်မှာရွှေ၊ အလယ်ဝဲသိုက်၊ မျက်ဖြူဆိုက်
- အထိန်းမရှိသည့်ချည်ခင် အမျှင်မျှင်
- အနာခံမှ အသာစံရမည်
- အနာနှင့်ဆေး ကိုက်အောင်ပေး
- အနာပဆုပ် ကျောလုံးပုပ်
- အနာမသိ ဆေးမရှိ
- အနက်မသန် အဘိဓာန်
- အပင်ကြီး အသီးသေးသည့်ညောင်၊ အမြင်နီး ခရီးဝေးသည့်တောင်
- အပျိုလို မနေမိလို့ ကိုယ်ရိတယ်လေး
- အပြော ကိုဖူးညို၊ အဆို ကိုပု
- အပြောမတတ် အပတ်မပြေ
- အပွေးမြင် အပင်သိ၊ အသွေးမြင် အသွင်သိ
- အဖိုးနည်း ဝန်ပါ
- အဖန်ငါးရာ ငါးကမ္ဘာ
- အဖျော်ဆယ်ခု ထောပတ်ပြု
- အမိယုတ် နှုတ်ကြမ်း၊ အဖယုတ် လက်ကြမ်း
- အမေ့ကိုပြော တံကောက်ကြော
- အမျိုးထိ မချိအောင်နာ
- အမျိုးနည်းလျှင် မကျယ်နှင့်၊ အဖိုးနည်းလျှင် မဝယ်နှင့်
- အမြင်နိမိတ်၊ အတိတ်လက်ဆောင်၊ အသံတဘောင်
- အမှားကြာ အမှန်ဖြစ်
- အမှားတွေ့က အမှန်ရ
- အရာကောင်းလျှင် တစ်ချက်၊ အနေကောင်းလျှင် တစ်သက်
- အရူးဆယ်ခွန်းပြော တစ်ခွန်းမှန်
- အရေးကြီး သွေးနီး
- အရောဝင် အရိုအသေတန်
- အရပ်ကောင်းမှ အလောင်းလှ
- အရှေ့မှာ ညောင်၊ တောင်ကား ငှက်ပျော၊ မြောက်ကြော လက်ပံ၊ နောက်ယံ သဖန်း၊ ဒန်းနှင့်သပြေ၊ မစိုက်လေနှင့်
- အရှက်ရှိမှ အကြောက်ရှိသည်
- အရှင်ချစ်ကြည် ထီးနှင့်စည်၊ မည်မသင့်ငြား လည်နှင့်ဓား
- အရှင်မြင့်မှ ကျွန်မြင့်
- အလာကောင်းသော်လည်း အခါနှောင်း
- အလိုကြီးက အရနည်း
- အလိုလိုက် အမိုက်စော်ကား
- အလိမ္မာ စာမှာရှိသည်
- အလျင်လို လမ်းအိုလိုက်
- အလျင်လို အနှေးဖြစ်
- အလှူခံတစ်ကျိပ်လေး ခွေးတောင်မလွတ်
- အလှည့်ကျတော့ မနွဲ့ရ
- အသရေ ရွှေပေးလို့မရ
- အသားတွင် ဝက်၊ အသီးတွင် သရက်၊ အရွက်တွင် လက်ဖက်
- အသားဖြူ မြင်းတစ်ပြေး၊ အသားညို ကွမ်းတစ်ယာကမ်း
- အသားဖြူ မြင်းတစ်ပြေး၊ အသားညို ကွမ်းတစ်ယာညက်
- အသားမည်း အရဲဆင်
- အသိခေါက်ရက် အဝင်နက်
- အသီးလို အပင်ကို ချိုင်၊ သမီးလို အမေကို တိုင်
- အသက်ကြီးလျှင် ဆင်စီးပါ
- အသက်ဉာဏ်စောင့်
- အသက်တစ်ရာ မနေရ အမှုတစ်ရာ တွေ့ရ
- အသက်နှင့် လူမလုပ်၊ အရှက်နှင့် လူလုပ်
- အသက်မွေးမှု တစ်ခုပညာ ကိုယ်စီပါ
- အသက်ရှည်စေလို မန်းတောင်ရိပ်ခို
- အသစ် ဘယ်လို ကောင်းသော်လည်း အဟောင်း တလည်လည်
- အသွင်မတူ အိမ်သူမဖြစ်
- အအေးတွင် မေတ္တာ၊ အမှန်တွင် သစ္စာ၊ အကြည်တွင် သဒ္ဓါ
- အာရောဂျံ ပရမံ လာဘံ
- အားနာလျှင် အားပါ
- အားမတန် မာန်လျှော့
- ဥတုရာသီ တောကိုမှီ
- ဥပါဒါန်ကြောင့် ဥပဒ်ရောက်
- ဥသျှစ်တစ်တင်း နှမ်းတစ်တင်း
- ဥဩတစ်ခွန်း ယင်တစ်ဇွန်း
- ဥဩအော်မြည် ကုန်းဘောင်တည်
- အူမတောင့်မှ သီလစောင့်
- ဦးညိုခေမာ သုတာဝေရီ၊ ရန်စီစီ
- ဦးမှာကြက်ရင်၊ ဝမ်းမှာဝက်ကျော၊ ပဲ့မှာဆန်ကော
- ဦးဝေစံကူး၊ ရေဘူးတောသူ၊ ဓာတ်ရန်ဟူ
- ဦးသာစိန်ပန်း၊ ဒန်းလှကိုရှာ၊ မိတ်ဖက်သာ
- အေးအတူ ပူအမျှ
- အိုဖူးမှ ပျိုဖူး
- အဂ္ဂိရတ်မှာ အလောင်း၊ ဘူမိရတ်မှာ ဥစ္စာဟောင်း၊ ဣတ္ထိရတ်မှာ သျှိုကောင်း
- အင်းကောင်းလျှင် တစ်ကွက်၊ ဆေးကောင်းလျှင် တစ်စက်
- အောင်ပကုလား၊ ဆွေသားတော်ရင်း၊ နံဖက်ချင်း
- အောင့်နိုင်လျှင် အကျိုးရှိ
- အိုင်မည်ကာ ကြာမပေါက်၊ ပေါက်တဲ့ကြာလည်း ကြာကတောက်၊ အိမ်မည်ကာ ဧည့်မရောက်၊ ရောက်ပြန်တော့လည်း ဧည့်ပြောက်သောက်
- အစ်ကိုကြီး အဖအရာ၊ အစ်မကြီး အမိအရာ
- ဥစ္စာကုသိုလ်၊ ပညာကို၊ ထိုထိုရရာသုံး
- ဥစ္စာ ကံစောင့်
- ဥစ္စာကံပေး မရသေး၊ နှောင့်နှေးဗျာပါ မရှိရာ
- ဥစ္စာပျောက် ငရဲရောက်
- ဥစ္စာဖြို စားဖိုက
- ဥစ္စာမရှိ ကတိမတည်
- ဥစ္စာရှိသူ နှလုံးပူ
- ဥစ္စာဟူသည် မျက်လှည့်မျိုး၊ ပညာဟူသည် မြတ်ရွှေအိုး
- ဧည့်သည်ညဉ့်နက် အအိပ်ခက်
- အတ္တသမံ ပေမံ နတ္ထိ
- အတ္တာဟိ အတ္တနော နာထော
- အတ္ထော အက္ခရ သညာတော
- ဣတ္ထိယမူ၊ ရူပကောင်းလျက်၊ ဆံထုံးဖျက်
- ဣတ္ထိရူပံ ဓနံ
- ဣတ္ထိ ဝင်္ကံ၊ နဒီ ဝင်္ကံ
- အုတ် ကျစ် ကျော် အေး မန္တလေး
- အန္တော ဂဗ္ဘေ၊ စရေ ဝံသေ၊ ဓာတ်ဖက်ပေ
- အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော
- အိမ်ကြီးတော့ လောင်စာ၊ ကျောင်းကြီးတော့ သံသရာ
- အိမ်ထောင်မှု ဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုး
- အိမ်နီးချင်းကောင်းမှ လင်ကောင်းရ
- အိမ်နောက်ဖေး ဈေးဆိုင်တည်
- အိမ်မိုးချင်းဆက်၊ ရပ်ကွက်တူနေ၊ သူသေငါပို့
- အိမ်ရှိလျှင် မာလကာပင်ရှိရမည်
- အိမ်သာလို့ ဧည့်လာ
- အိမ်အိုတော့ ကျားကန်၊ လူအိုတော့ ပန်းပန်
- အုံတုံ ပဉ္စ၊ ကျွဲကော် ဆ၊ ဥသျှစ် ဧကေး၊ တင်လဲ ဒွေး
No comments:
Post a Comment