လ (စကားပုံ)
- လသာတုန်း ဗိုင်းငင်
- လာလာချင်း ဆောက်နှင့်ထွင်း
- လူချင်းတူသော်လည်း အသက်ရှူချင်းကွဲ
- လူတန် ကံချ
- လူတွင်ပါ၍ နွားကျားကိုက်
- လူနာ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ
- လူပါး ပုလင်းထိ
- လူမစွမ်း နတ်မ
- လူမတတ်ပေမဲ့ လက်ဖက်ထုပ်တတ်
- လူမတန် ကံချ
- လူမိုက် နတ်ပြည်တင် မြင့်တယ်ထင်လို့ ခုန်ချ
- လူမင်းဘုန်းကြီး နတ်မင်းမနေနိုင်
- လူများ၍ ပွဲမစည်
- လူယုံသတ် သေတတ်
- လေဆင်ကြည့် ရွက်တိုက်
- လေဖမ်း ဒန်းစီး
- လေဖမ်း ဝါးတန်းချည်
- လက်ခုပ်တွင်းကရေ သွန်လိုသွန် မှောက်လိုမှောက်
- လက်ညှိုးညွှန်ရာ ရေဖြစ်
- လက်ညှိုးမကောင်း လက်ညှိုး၊ လက်မ မကောင်း လက်မ
- လက်နှင့်ရေး ခြေနှင့်ဖျက်
- လက်ဖက်ကောင်းစားချင် ပလောင်တောင်တက်နှေးစေ
- လက်သင့်ရာ စားတော်ခေါ်
- လက်သည်းဆိတ် လက်ထိပ်နာ
- လင်လိုတုန်း နားပဲ့
- လင်းတလောက်တော့ ငှက်တိုင်းလှ
- လင်းနို့ခွန်တောင်း ကြွက်၊ ကြွက်ခွန်တောင်း လင်းနို့
- လည်လွန်းသည့်ဘီး ချေးသင့်
- လုပ်စားမိုးခေါင်၊ ခိုးစားခွေးဟောင်
- လမ်းဆုံးလျှင် ရွာတွေ့
- လုံ့လလည်းထူ မိုးလည်းကူ နွားချေးလည်းချ ကံလည်းမ
- လယ်ထွန်သွား နွားမေ့
- လွတ်တဲ့ငါး ကြီး
- လှစေချင်လို့ သွားကြောင်တိုက် ရေစီးကမ်းပြိုလိုက်
- လှေခွက်ချည်းကျန် အလံမလှဲ
- လှေနံ ဓားထစ်
- လှေနံ နှစ်ဖက်နင်း
- လှေပြေးတုန်း တက်ကျိုး
- လှေဦးခြောက် ခြောက်၊ လှေဦးစို စို
- လှော်ကား ဝန်တင်
- လှံဖျား ပုစဉ်းနား၊ ကျီးကန်း ချေးပါ
- လှိုင်းကြီး လှေအောက်၊ တောင်ကြီး ဖဝါးအောက်
- လှုပ်လေ မြုပ်လေ
- လျှောမွေးနှင့် ဗာရာဏသီချဲ့
No comments:
Post a Comment