ဝ (စကားပုံ)
- ဝမရှိဘဲ ဝိလုပ်
- ဝါဂွမ်းတစ်လှည်း ဖုတ်၍ အကျွမ်းမရ
- ဝါးဆွေးကို ချွန်၍ မထက်
- ဝါးနားပင်း ရေသွင်း၍ မဝင်
- ဝါးလုံးခေါင်းထဲ လသာ
- ဝိနည်းတတ် ကြက်သတ်
- ဝက်နားရွက် ကြွက်တပ်
- ဝက်ဖြစ်မှတော့ မစင်မကြောက်
- ဝင်ဝင်ချင်း ဆောက်နှင့်ထွင်း
- ဝန်နှင့်အား မြားနှင့်လေး
- ဝန်မတန်သည် စစ်ကဲ၊ ထမင်းမတန်သည် ထမနဲ
- ဝှေ့တတ်သည့် နွားကို ရှောင်ပြန်၊ ကန်တတ်သည့် နွားနှင့် ညား
No comments:
Post a Comment