သ (စကားပုံ)
- သခင်အားရ ကျွန်တန်ဝ
- သခွားစား၍ ဖရုံပြသည်
- သခွတ်ပင်က မီးတကျည်ကျည်
- သခွတ်ပွင့် တစ်ပြည်ပြုတ်၍ တစ်ဆုပ်မရ
- သတိမမူ ဂူမမြင်၊ သတိမူက မြူကိုမြင်
- သမဏေန သမဏော၊ ဂေါဏေန ဂေါဏော
- သမီးပေးမှ သမက်ရ
- သမင်မွေးရင်း ကျားစားရင်း
- သမုဒ္ဒရာရေ တစ်ယောက်တည်းသောက်၍ မကုန်
- သာလကာတစ်လင်ပန်း၊ ပင်ပန်းကာတစ်ယောက်မ
- သားကားအဖျား၊ မြေးကားအရင်း
- သားတစ်သာ မြင်၊ ကျော့ကွင်း မမြင်
- သားရေပေါ်အိပ်၊ သားရေနားစား
- သား ရွှေအိုးထမ်း
- သားသမီးမကောင်း မိဘခေါင်း
- သိကြားမင်း ကျွဲယောင်ဆောင်၊ ချိုကား
- သီတင်းကျွတ်မည့်အရေး တော်သလင်းကန့်လန့်
- သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်
- သူကြီးဘုရား ရွာသားကောင်းမှု
- သူခိုးက နွားကောင်းရွေး
- သူခိုးက လူ လူ ဟစ်
- သူခိုး တိုက်စိုးနှင်း
- သူခိုး ဓားရိုးကမ်း
- သူခိုးပြေးမှ ထိုးကွင်းထ
- သူခိုးရှိရာ ဝန်ထုပ်ဝန်ပိုးနှင့်သွား
- သူခိုးရွှေရ တပြပြ
- သူခိုးလက်က သူဝှက်လု
- သူခိုး သေဖော်ညှိ
- သူဌေး ကြေးပံ့
- သူတော်ချင်းချင်း သီတင်းလွေ့လွေ့ ပေါင်းဖက်တွေ့
- သူတောင်းစားချင်း ခွက်စောင်းခုတ်
- သူများနှာခေါင်းနှင့် အသက်ရှူ
- သူများဗိုက်နှင့် ဓားထိုးခံ
- သူများယောင်လို့ ယောင်၊ အမောင် တောင်မှန်း မြောက်မှန်း မသိ
- သူ့ဆန်စား ရဲမှ
- သေချင်တဲ့ကျား တောပြောင်း
- သေ မြေကြီး၊ ရှင် ရွှေထီး
- သဲထဲ ရေသွန်
- သံကို ကြွက်စား သားကို စွန်ချီ
- သံကို သံဖျက် သံချေးတက်
- သံဃာအား ဘုရားမဆန်သာ
- သံပရာသီးလို ကြီးလေ ချဉ်လေ
- သစ်ငုတ်မြင့်တုံ၊ မြက်မြင့်တုံ
- သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားရ
- သစ်နှစ်ပင်ကြား ဝါးပေါက်
- သစ်မရခင်စပ်ကြား ဝါးပေါင်းကွတ်
- သည်ပုတ်ထဲက သည်ပဲ
- သည်ယုန်မြင်လို့ သည်ခြုံထွင်
- သဒ္ဓါလို့ပေး သေဆေးသော်မှ အာစောက်ချ
- သဒ္ဓါလွန်း ဆွမ်းတော်တော်ရပ်
- သန်းခေါင်ထက် ညဉ့်မနက်
- သုံးထမ်းပိုးကျမှ အရွသင်
- သွားချေးထူရာတွင် ပိန်းဥစားပြန်သည်
No comments:
Post a Comment