ရ (စကားပုံ)
- ရတနာရှိရာ ရတနာစု
- ရလေလိုလေ အိုတစ္ဆေ
- ရသာလျှင် ဘနဖူး သိုက်တူး
- ရာဇဝတ်အိုး တုတ်နှင့်ထိုး
- ရေငတ်တုန်း ရေတွင်းထဲကျ
- ရေစီးတစ်ခါ၊ ရေသာတစ်လှည့်
- ရေစုန် ရွက်တိုက်
- ရေနက်ကလည်း နေရ၊ လင်းပက်လည်း စိုက်ရ
- ရေနစ်သူ ဝါးကူလို့ထိုး
- ရေ နိမ့်ရာစီး၊ မီး မြင့်ရာလောင်
- ရေမနောက် ကြာမရှောက်
- ရေများရာ မိုးရွာ
- ရေများရေနိုင်၊ မီးများမီးနိုင်
- ရေမြင့် ကြာမြင့်
- ရော့ပတ္တမြား၊ ရော့နဂါး
- ရောက်သမျှဘေးဒဏ် ပုဏ္ဏားခံ
- ရောင်တော်ပြန်နှင့် ရောကျွတ်
- ရောင်တော်ပြန်နှင့် ရောလွှတ်
- ရွာနားကမြက် ရွာနွားမစား
- ရွာဘုရား ရွာသားမရိုသေ
- ရွာလွန် ရွက်တိုက်
- ရွာသမုတ်လျှင် သစ်ငုတ်သော်မှ ကျားဖြစ်ရ
- ရွာသားမင်းစေ ရွာနေမရှက်
- ရှိသာခိုး အငြိုးနှင့်
- ရှေ့ဆောင်နွားလား ကောက်ကောက်သွားက နောက်နွားတစ်သိုက် ကောက်ကောက်လိုက်၏
- ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားက နောက်နွားစဉ်စိုက် ဖြောင့်ဖြောင့်လိုက်၏
- ရှေ့တိုး ထမ်းပိုး၊ နောက်ဆုတ် လှည်းထုပ်
- ရှင်နည်းရာ အဂ္ဂ လူထွက်
- ရှင်ပြုတုန်းက ရွှေထီးဆောင်း
- ရှင်ဘုရင်တစ်ခါထွက် ပဲကြီးတစ်လှေချက်
- ရှင်ဘုရင်အတွက် ငဝက်က ဒဏ်ခံ
- ရှင်ဘုရင့်ပုဆိုး ပိုးချည်း
- ရှင်မပြုခင်က လူထွက်ချင်
- ရှဉ့်တစ်ကောင် မြားတစ်စင်း
- ရှဉ့်လည်း လျှောက်သာ၊ ပျားလည်း စွဲသာ
- ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်
- ရွှေတောင်မှာနား ရွှေကျီး
- ရွှေပင်နား ရွှေကျေး
- ရွှေမရှိတဲ့ဘုရား လူမရိုသေ
- ရွှေရိုးလို့ မိုးကြိုးပန်
- ရွှေသမင် ဘယ်ကထွက် မင်းကြီးတာက ထွက်
No comments:
Post a Comment