စွပ်လျှင်အစား၊ ကွယ်မှားထမ်းပိုး

(ဆိုရိုးစကား)

      [ဓမ္မသတ်] ပစ္စည်း မအပ်နှံဘဲလျက် အပ်နှံသည်ဟု ယိုးစွပ်သော် ယိုးစွပ်သူက ယိုးစွပ်ရင်းအတိုင်း ပေးလျော်ရ၏။ ဥစ္စာအပ်နှံပါလျက် မအပ်နှံဟု ကွယ်ဝှက်ပြောဆိုသော် သိမြင်သူ ပြနိုင်လျှင်သော် လည်းကောင်း၊ သုံးဆောင်သောအရာကို သိမြင်သူရှိလျှင်သော် လည်းကောင်း ဥစ္စာလက်ခံသူက နှစ်ဆတက် ပေးလျော်ရ၏။

Read Users' Comments (0)

စိန် အမှောင်၊ ကြောင် အလင်း

(ဆိုရိုးစကား)

      စိန်သည် အလင်းရောင်အားနည်းသော နေရာ၌ ပိုမို တောက်ပသည်။ ကြောက်ကျောက်သည် အလင်း၌ ပိုမိုတောက်ပသည်။

Read Users' Comments (0)

စိန်ကဲ ကျောက်ကဲခတ်ရန် လွယ်သည်၊ လူကဲခတ်ရန် မလွယ်

(ဆိုရိုးစကား)

      စိန်ကျောက်တို့၏ အရည်အသွေးကို အကဲခတ်ရသည်ထက် လူတို့၏စိတ်ကို အကဲခတ်ရသည်က ပို၍ ခက်ခဲသည်။

Read Users' Comments (0)

စိတ်သာ ရှင်စော ဘုရားဟော

(ဆိုရိုးစကား)

      အရာရာတွင် စိတ်သာလျှင် ပဓာနဖြစ်သည်ဟု ရှင်တော် မြတ်ဘုရား ဟောကြားခဲ့သည်။

-----------------------------------

      ရှေးအခါက မျက်စိအလင်းမရသော စက္ခုပါလမထေရ်သည် စင်္ကြံသွားသည့်အခါ ပိုးသတ္တဝါတို့ ကို နင်းမိသည်။ ထိုအခြင်းအရာကိုမြင်သော ရဟန်းများသည် မြတ်စွာဘုရားအား "ဘုန်းတော်ကြီး သော မြတ်စွာဘုရား၊ စက္ခုပါလမထေရ်သည် စင်္ကြံသွားသည်ဟူ၍ များစွာသော ပိုးသတ္တဝါတို့ကို သတ်ဘိ၏" ဟု လျှောက်ထားကြ၏။ မြတ်စွာဘုရားက "စက္ခုပါလ မထေရ် သတ်သည်ကို သင်တို့ မြင်သလော" ဟု မေးတော်မူရာ ရဟန်းများက "မမြင်ပါ ဘုရား" ဟု လျှောက်ထားကြသည်။ ထိုအခါ မြတ်စွာဘုရားက "ချစ်သား ရဟန်းတို့၊ သင်တို့သည် စက္ခုပါလ မထေရ် သတ်သည်ကို မမြင်ကြသည့် အတူသာလျှင် စက္ခုပါလ မထေရ်သည်လည်း ထိုပိုးသတ္တဝါတို့ကို မမြင်၊ ရဟန္တာပုဂ္ဂိုလ်တို့မှာ သေစေ လိုသော စေတနာမရှိ" ဟု မိန့်တော်မူသည်။ စင်္ကြံကြွခိုက် ပိုးပရန်တစ်သိုက်ကို နင်းမိသဖြင့် သေကျေ ပျက်စီးပါသော်လည်း သေစေလိုသော စိတ်စေတနာ မရှိသဖြင့် အပြစ်ကင်း၏ဟု အရာရာတွင် စိတ်သာလျှင် ပဓာန ဖြစ်ပုံကို ဟောကြားတော်မူသည်။

ခုဒ္ဒကနိကာယ်၊ ဓမ္မပဒ၊ ယမကဝဂ်၊ ၁-စက္ခုပါလမထေရ်ဝတ္ထု။

Read Users' Comments (0)

စိတ်ရှိ ကန့်ပလူ၊ စိတ်မရှိ ကြက်သွန်ဖြူ

(ဆိုရိုးစကား)

      အမျိုးသမီးသည် စိတ်အကြိုက်တွေ့၍ လိုလားနှစ်သက်သူအား မွှေးသောကန့်ပလူဥကို ပေး၏။ စိတ်အကြိုက်မတွေ့၍ မလိုလား မနှစ်သက်သူအားမူ နံသောကြက်သွန်ဖြူဥကို ပေး၏။ (လိုလျှင် ကန့်ပလူ၊ မလိုလျှင် ကြက်သွန်ဖြူ - ဟူ၍လည်း အဆိုရှိသည်။)

Read Users' Comments (0)

စိတ်ပျို ကိုယ်နု

(ဆိုရိုးစကား)

      စိတ်နှလုံး ကြည်လင်လန်းဆန်းနေလျှင် ကိုယ်လည်း ကျန်းမာနုပျိုသည်။

        စိတ်ထောင်း ကိုယ်ကြေ - နှင့် နှိုင်းယှဉ်။

Read Users' Comments (0)

စိတ်ထောင်း ကိုယ်ကြေ

(ဆိုရိုးစကား)

      စိတ်ပင်ပန်းမှု၊ စိတ်ပူပန်မှုများဖြစ်ပေါ် ခံစားနေရပါက ခန္ဓာကိုယ်သည်လည်း အင်အားဆုတ်ယုတ် ကာ ပိန်ချုံးလာသည်။

        စိတ်ပျို ကိုယ်နု - နှင့် နှိုင်းယှဉ်။

Read Users' Comments (0)

စိတ်ထားတတ် မြတ်

(ဆိုရိုးစကား)

      စိတ်သဘောထား ကောင်းမွန်စွာထားတတ်ပါက မိမိအတွက် ကောင်းကျိုးအမြတ် ရနိုင်သည်။

Read Users' Comments (0)

စိတ် တစ်ခုယုတ် ကိုးဆယ်၊ အကျယ် တစ်ရာနှစ်ဆယ့်တစ်

(ဆိုရိုးစကား)

      စိတ်သည် အာရုံကိုသိခြင်း လက္ခဏာအားဖြင့် တစ်မျိုးတည်းပင် ရှိသော်လည်း အကျဉ်းအားဖြင့် ရေတွက်လျှင် ၈၉ ပါး၊ အကျယ်အားဖြင့် ရေတွက်လျှင် ၁၂၁ ပါး ရှိသည်။

Read Users' Comments (0)

စိတ္တေန နိယျတေ လောကော

(ဆိုရိုးစကား)

      သတ္တဝါအားလုံးသည် စိတ်ဆွဲဆောင်ရာသို့ ပါကြရသည်။ (စိတ္တေန - စိတ်သည်၊ လောကော - လောကကို၊ နိယျတေ - ဆွဲဆောင်အပ်၏။)

Read Users' Comments (0)

စစ်ခံ တစ်ရာ၊ စစ်လာ တစ်ထောင်

(ဆိုရိုးစကား)

      ခံစစ်အင်အား တစ်ဆသည် တိုက်စစ်အင်အား ဆယ်ဆခန့်နှင့် ညီသည်။

        မြို့စီး တစ်ရာ၊ မြို့လာ တစ်ထောင် - နှင့် အတူတူ။

Read Users' Comments (0)

စစ်ကိုင်းအနောက်၊ အုတ်ကျောက်စုရာ၊ မသာပေလော

(ဆိုရိုးစကား)

      ဖဝါးစတွန်း တိုင်းရာတွင် တန်ခူးလ၌ သုံးဖဝါး၊ ကဆုန်လ၌ နှစ်ဖဝါး၊ နယန်လ၌ တစ်ဖဝါး၊ ဝါဆိုလ၌ သုညဖဝါး၊ ဝါခေါင်လ၌ တစ်ဖဝါး၊ တော်သလင်း လ၌ နှစ်ဖဝါး၊ သီတင်းကျွတ် လ၌ သုံးဖဝါး၊ တန်ဆောင်မုန်း လ၌ လေးဖဝါး၊ နတ်တော်လ၌ ငါးဖဝါး၊ ပြာသိုလ၌ ခြောက်ဖဝါး၊ တပို့တွဲ လ၌ ငါးဖဝါး၊ တပေါင်းလ၌ လေးဖဝါးတွင် မွန်းတည့်သည်။ (စစ်-၃၊ ကိုင်း-၂၊ အ-၁၊ နောက်-၀၊ အုတ်-၁၊ ကျောက်-၂၊ စု-၃၊ ရာ-၄၊ မ-၅၊ သာ-၆၊ ပေ-၅၊ လော-၄။) (စစ်ကိုင်းအနောက်၊ အုတ်ကျောက် စုရာ၊ မှတ်သားပါလော့။ စကားအတည်၊ အောင်ကျော်စည်၊ ရွေပြည်သူ မြတ်လေး - ဟူ၍လည်း အဆိုများ ရှိသည်။)

Read Users' Comments (0)

စစ်ကိုင်း ထောင်သင်း၊ စလင်း လက်ယာ၊ ပြည်မှာ နဝဒေး

(ဆိုရိုးစကား)

      စာဆိုတော် ပထမနဝဒေးသည် စလင်းတွင် အမှုတော်ထမ်းစဉ် မင်းလက်ယာဘွဲ့ကိုလည်းကောင်း၊ စစ်ကိုင်းတွင် အမှုတော်ထမ်းစဉ် ထောင်သင်းမှူး ဘွဲ့ကိုလည်းကောင်း၊ ပြည်တွင် အမှုတော်ထမ်းစဉ် နဝဒေးဘွဲ့ကိုလည်းကောင်း ရသည်။

Read Users' Comments (0)

စောင်းဆရာနှင့်၊ ယားနာပွေးကွက်၊ ပါဒရက်က၊ ပုရွက်ပလူ၊ အနူပြဒါး၊ ပေါင်းရှစ်ပါး

(ဆိုရိုးစကား)

      စောင်းဆရာ၏ စောင်းကြိုးများ လျော့လာခြင်း၊ ယားနာ ပွေးနာရှိသူတို့ အနာထ၍ သိသိသာသာ ယားယံလာခြင်း၊ ပါဒရက်နာ ရှိသူတို့ ခြေလက်ပိုမိုကိုက်ခဲလာခြင်း၊ ပုရွက်ဆိတ်များ အုပ်လိုက် တရွရွ သွားလာလှုပ်ရှားခြင်း၊ ပလူကောင်များ ထွက်ခြင်း၊ အနာကြီး ရောဂါရှိသူများ ရောဂါကြွလာခြင်း၊ ပြဒါး ကျုံ့ခြင်းတို့သည် မိုးရွာမည့် နိမိတ်ရှစ်ပါး ဖြစ်သည်။

Read Users' Comments (0)

စောင်ဖြူ စောင်ကျား ခြုံလို့ မလုံ၊ မေတ္တာခြုံမှ လုံ

(ဆိုရိုးစကား)

      လူအချင်းချင်း မေတ္တာထားမှ ဘေးရန် ကင်းရှင်းမည်။

Read Users' Comments (0)

စင်ကောင်းသော် ဖရုံကောင်း၏၊ အရှင်ကောင်းသော် ကျွန်ကောင်း၏

(ဆိုရိုးစကား)

      စင်ကောင်းလျှင် ဖရုံသီးများများ တင်သကဲ့သို့ အရှင်သခင် ကောင်းစားလျှင် ကျေးကျွန်များလည်း ကောင်းစားကြသည်။

Read Users' Comments (0)

စက္ခု ရူပေန သံဝါသာ

(ဆိုရိုးစကား)

        ချစ်ခြင်းအစ မျက်စိက နှင့် အတူတူ။ (စက္ခု ရူပေန သံဝါသာ - စက္ခုနှင့် ရူပါရုံ ပေါင်းဆုံခြင်း ကြောင့် .. ရာဂပုတ္တံ - ရာဂတည်း ဟူသော သားကို၊ ဝိဇယတေ - ဖွားမြင်၏။)

Read Users' Comments (0)

စိုးနိုင်သော်လည်း ပိုင်ခဲသည်

(ဆိုရိုးစကား)

      အုပ်စိုးခွင့်ရသည် ဆိုသော်လည်း မိမိဆန္ဒအတိုင်း ပိုင်ပိုင်နိုင်နိုင် လုပ်ပိုင်ခွင့် မရချေ။

Read Users' Comments (0)

စံပယ်ကောင်းလျှင် ပန်ချင်သူများသည်၊ အရွယ်ကောင်းလျှင် ကြံချင်သူများသည်

(ဆိုရိုးစကား)

      စံပယ်ပန်းလှလှ ကလေးများကို ပန်ချင်သူများသကဲ့သို့ အသက်ငယ်ရွယ် ပျိုမျစ်သူကို အပိုင်ကြံ ချင်သူ များသည်။

Read Users' Comments (0)

စေ့စေ့တွေး ရေးရေးပေါ်

(ဆိုရိုးစကား)

      တစေ့စေ့ စဉ်းစားလေလေ တရေးရေး ပေါ်လာလေလေ ဖြစ်သည်။

Read Users' Comments (0)

စေသည့်ကျွန်၊ ထွန်သည့်နွား

(ဆိုရိုးစကား)

      အခိုင်းအစေခံကျေးကျွန်သည် လည်းကောင်း၊ လယ်ထွန်သည့်နွားသည် လည်းကောင်း အရှင် သခင်၏ စေခိုင်းရာကို ကျိုးနွံစွာ လုပ်ဆောင်ရမြဲ ဖြစ်သည်။

Read Users' Comments (0)

စေတနာ ဝေဒနာဖြစ်

(ဆိုရိုးစကား)

      စေတနာဖြင့် ပြုလုပ်သောအမှုသည် တစ်ခါတစ်ရံ ရည်ရွယ်သလို ကောင်းကျိုးမဖြစ်ဘဲ ဆိုးကျိုး ဖြစ်သွားသည်။

Read Users' Comments (0)

စားသော် အတန်၊ ပေးသော် အလွန်

(ဆိုရိုးစကား)

      စားသုံးရာ၌မျှတရုံ စားသုံးသင့်သည်။ ပေးလှူရာ၌မူ အမွန်အမြတ်ကို ပေးလှူသင့်သည်။

Read Users' Comments (0)

စားလျှင် အသား၊ အိပ်လျှင် အား

(ဆိုရိုးစကား)

      အစာစားလျှင် အသားဖြစ်သည်။ အိပ်ရေးဝလျှင် အားဖြစ်သည်။

Read Users' Comments (0)

စားရ ဝမ်းသာ၊ စေပါ ဝမ်းနည်း

(ဆိုရိုးစကား)

      အချို့သည် စားရသောအခါ ဝမ်းသာကြသော်လည်း စေခိုင်းခံရသောအခါ မကြည်မသာဖြစ်တတ် ကြသည်။ (စားရသော်ကား ဝမ်းသာ၊ စေပါသော်ကား မျက်လို - ဟူ၍လည်း အဆိုရှိသည်။

Read Users' Comments (0)

စားစရာမရှိ လျော်စရာရှိ

(ဆိုရိုးစကား)

      စားစရိတ်ပင် မရှိစေကာမူ လျော်စရာငွေကြေးကိုကား မရှိရှိအောင် ရှာကြံရသည်။

Read Users' Comments (0)

စာအစ နမောက

(ဆိုရိုးစကား)

      ရှေးက စာပေကျမ်းဂန်ရေးသားပြုစု သင်ကြားရာတွင် နမောတဿ၊ နမောဗုဒ္ဓါယ စသော ဘုရား ရှိခိုးဖြင့် ရှေးဦးစွာ စလေ့ရှိသည်။

Read Users' Comments (0)

စာမှာ သဒ္ဒါ၊ ဂီတမှာ ဒုံး

(ဆိုရိုးစကား)

      သဒ္ဒါသည် စာ၏စည်း၊ ဒုံးသည် ဂီတ၏ စည်းဖြစ်၍ သဒ္ဒါတတ်မှ စာတတ်သည်၊ ဒုံးနားလည်မှ ဂီတတတ်သည်။

Read Users' Comments (0)

စာမတတ်လျှင် လမ်းမှာဖတ်

(ဆိုရိုးစကား)

      စာကို ကောင်းစွာ မဖတ်တတ်သေးလျှင် လမ်းမှာတွေ့သမျှ စာကို ဖတ်ပါ။ မှားလျှင် ကြားရသူ လမ်းသွားလမ်းလာများက ပြင်ပေးခြင်းဖြင့် စာဖတ်တတ်လာမည်။

Read Users' Comments (0)

စာပေမြင့်မှ လူမျိုးမြင့်မည်၊ စာပေပျောက်က လူမျိုးပျောက်မည်

(ဆိုရိုးစကား)

      စာပေမြင့်မားတိုးတက်သော လူမျိုးတို့သာ အဆင့်အတန်း တိုးတက်မြင့်မားမည်၊ စာပေပျောက် ကွယ်ပါက လူမျိုးပါ တိမ်ကောပပျောက်မည်။

Read Users' Comments (0)

စာတတ်ကို စာမှတ်ဖျက်သည်

(ဆိုရိုးစကား)

      စာတတ်သူကို စာအနည်းငယ်မျှ ဖတ်မှတ်သိရှိသူက ပညာစမ်းလိုသည့် သဘောဖြင့် ကတ်သီး ကတ်သတ် မေးမြန်းသည့်အခါ မဖြေနိုင်သည်လည်း ရှိတတ်သည်။

Read Users' Comments (0)

စာတစ်လုံး ဘုရားတစ်ဆူ

(ဆိုရိုးစကား)

      အက္ခရာတစ်လုံးကိုပင် ဘုရားတစ်ဆူသဖွယ် အရေးထား လေးစားရသည်။

Read Users' Comments (0)

စလယ်ဝင် ဖင်မမည်းခင်က ကွဲ

(ဆိုရိုးစကား)

      လေးလေးနက်နက် မစဉ်းစားဘဲ အလျင်စလို အိမ်ထောင်ပြုလျှင် အချိန်တိုတိုအတွင်း လင်မယား ကွဲတတ်ကြသည်။

Read Users' Comments (0)

စပါးလုံးများတော့ အစားခက်၊ စကားလုံးများတော့ အကြားခက်

(ဆိုရိုးစကား)

      ထမင်းထဲတွင် စပါးလုံးများလျှင် အစားရခက်သည်။ စကားများ လွန်းလျှင်လည်း နားမခံသာ ဖြစ်သည်။

Read Users' Comments (0)

စပါးနှံ အဆန်ပြည့်၍ ငုံ့၊ လူကုံထံ စိတ်မာန်လျှော့၍ ကျုံ့

(ဆိုရိုးစကား)

      စပါးနှံသည် အဆန်ပြည့်လာလေလေ အောက်သို့ငိုက်ကျလေလေ ဖြစ်သကဲ့သို့ ရာထူးဂုဏ်သိန်၊ စည်းစိမ်ဥစ္စာ၊ ပညာအမြော်အမြင် ကြီးမားလေလေ မိမိကိုယ်ကို နှိမ့်ချလေလေ ဖြစ်သည်။

Read Users' Comments (0)

စပါး စကုဗြတ်၊ မယား တစ်ခုလပ်

(ဆိုရိုးစကား)

      စပါးတကာတွင် စကုနယ်မှထွက်သော ဗြတ်စပါးသည် အလွန်ကောင်းသည်။ မယားတကာတွင် တစ်ခုလပ် မယားသည် အိမ်ထောင်ဖက်အဖြစ် အလွန်ကောင်းသည်။ (ဆန်မှာ စကုဗြတ်၊ လူမှာ တစ်ခုလပ် - ဟူ၍လည်း အဆိုရှိသည်။)

Read Users' Comments (0)

စနည်းကို တောင်၊ တဘောင်ကို မြောက်

(ဆိုရိုးစကား)

      တောင်အရပ်၌ ဖြစ်သော စနည်း၊ မြောက်အရပ်၌ ဖြစ်သော တဘောင်တို့သည် မှန်တတ်သည်။

Read Users' Comments (0)

စကားအရာ အင်္ဂါလေးတန်

(ဆိုရိုးစကား)

      စကားအရာ၌ သုဘာသိတ၊ ပိယဝါစာ၊ သစ္စာ၊ ဓမ္မ ဟူ၍ အင်္ဂါလေးပါး ရှိသည်။ (သုဘာသိတ - ပြေပြစ်စွာ ပြောခြင်း၊၊ ပိယဝါစာ - ချစ်နှစ်သက်ဖွယ် ပြောခြင်း၊၊ သစ္စာ - ဟုတ်တိုင်းမှန်ရာ ပြောခြင်း၊၊ ဓမ္မ - တရားသဖြင့် ပြောခြင်း။)

Read Users' Comments (0)

စကားအပေါင်းအုပ်သည် ကတိ၊ တရားအပေါင်းချုပ်သည် သတိ

(ဆိုရိုးစကား)

      စကားအရာတွင် ကတိသည် အချုပ်ဖြစ်သကဲ့သို့ တရားအရာတွင် သတိသည် အချုပ်ဖြစ်သည်။

Read Users' Comments (0)

စကားများ အမှားပါ

(ဆိုရိုးစကား)

      စကားများများ ပြောလျှင် ပြောမှားဆိုမှား ဖြစ်တတ်သည်။

Read Users' Comments (0)

စကားနည်း ရန်စဲ

(ဆိုရိုးစကား)

      ခိုက်ရန်ဖြစ်မည့်အခြေအနေမျိုးတွင် တစ်ယောက်ယောက်က စကားဆက်မပြောဘဲ နေလိုက်ခြင်း ဖြင့် ရန်ပြေငြိမ်းသွားနိုင်သည်။

Read Users' Comments (0)

စကားနောက် တရားပါ

(ဆိုရိုးစကား)

      ပြောသည့်စကား၏ နောက်ကွယ်၌ သက်ရောက်အနက် သဘောတရားများ ပါသည်။

Read Users' Comments (0)

စကားဆိုထွေ သူလိုစေ

(ဆိုရိုးစကား)

      သူတစ်ပါး နှစ်လိုဖွယ်သော စကားမျိုးကို ပြောဆိုအပ်သည်။

Read Users' Comments (0)

စကားစကား ပြောဖန်များ၊ စကားထဲက ဇာတိပြ

(ဆိုရိုးစကား)

      စကားများများပြောလျှင် ပြောသူ၏စရိုက်လက္ခဏာများ ပေါ်လာတတ်သည်။

Read Users' Comments (0)

စကားခြောက်ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတည်

(ဆိုရိုးစကား)

      မြတ်စွာဘုရားသည် လူတို့ပြောဆိုသော စကားခြောက်ခွန်းအနက် လေးခွန်းကိုပယ်ကာ "ဟုတ်မှန်၊ အကျိုးရှိ၊ သူနာလို" သော စကားနှင့် "ဟုတ်မှန်၊ အကျိုးရှိ၊ သူမနာလို" သော စကား နှစ်ခွန်းကိုသာ သုံးစွဲအပ်သည်ဟု ညွှန်ပြတော်မူသည်။ (ပါဠိတော်လာ စကားခြောက်ခွန်းမှာ - ၁၊ ဟုတ်မှန်၊ အကျိုးရှိ၊ သူနာလို။ ၂၊ ဟုတ်မှန်၊ အကျိုးရှိ၊ သူမနာလို။ ၃၊ ဟုတ်မှန်၊ အကျိုးမရှိ၊ သူနာလို။ ၄၊ ဟုတ်မှန်၊ အကျိုးမ ရှိ၊ သူမနာလို။ ၅၊ မဟုတ်မမှန်၊ အကျိုးမရှိ၊ သူနာလို။ ၆၊ မဟုတ်မမှန်၊ အကျိုးမရှိ၊ သူမနာလို။ - တို့ ဖြစ်သည်။)

Read Users' Comments (0)

ငှက်သိုက် မြေနား၊ ပြုလေငြား၊ မိုးများ ရွာဘူးပ

(ဆိုရိုးစကား)

      ငှက်တို့သည် နိမ့်ရာအရပ်၌ အသိုက်လုပ်ပါက မိုးခေါင်တတ်သည်။

Read Users' Comments (0)

ငှက်မသိက ဆက်ရက်ကို ချိုးထင်၊ အချက်မသိက သမက်ကို သူခိုးထင်

(ဆိုရိုးစကား)

      ဆက်ရက်မှန်း မသိပါက ချိုးငှက်ကိုပင် ဆက်ရက်ဟု ထင်တတ်သည်။ သမက်လောင်းသည် သမီးနှင့်ချိန်း၍ တိတ်တဆိတ်တွေ့သည့် အချက်ကို မသိပါက သမက်လောင်းကိုပင် သူခိုးဟု ထင် တတ်သည်။

        ငှက်မသိတော့ ဆက်ရက် ချိုးထင် - စကားပုံလည်းရှု။

Read Users' Comments (0)

ငှက်ပျော လက်တစ်နှိုက်၊ အုန်း တည်စိုက်

(ဆိုရိုးစကား)

      ငှက်ပျောပင်ကို တစ်တောင်ခန့် ကျင်းနက်အောင်တူး၍ စိုက်ရ၏။ အုန်းပင်ကိုမူ မြေပေါ်တွင်ပင် တည်၍ စိုက်ရ၏။

Read Users' Comments (0)

ငှက်ပျောတစ်ခိုင် သားတစ်ထိုင်

(ဆိုရိုးစကား)

      ငှက်ပျောခိုင်စထွက်ရာမှ ရင့်မှည့်သည်အထိ ကြာသောကာလသည် ကလေးမွေးစမှ ထိုင်နိုင်သည် အထိ ကာလနှင့် တူညီသည်။

Read Users' Comments (0)

ငှက်ပျော ကဆုန်၊ ဝါး နယုန်

(ဆိုရိုးစကား)

      ငှက်ပျောပင်ကို ကဆုန်လတွင် စိုက်ပျိုးရသည်။ ဝါးပင်ကို နယုန်လတွင် စိုက်ပျိုးရသည်။

Read Users' Comments (0)

ငွေများ တရားနိုင်

(ဆိုရိုးစကား)

      အဂတိတရား လွှမ်းမိုးသောခေတ်တွင် အမှုအခင်းဖြစ်သောအခါ၌ ငွေများများပေးနိုင်လျှင် အနိုင် ရသည်။

Read Users' Comments (0)

ငွေနှင့်မိန်းမ၊ စပ်လျဉ်းက၊ ရိုးကြသူပင် ဆန်း

(ဆိုရိုးစကား)

      ရိုးသားသော ယောက်ျားဖြစ်စေကာမူ ငွေကြေးနှင့်ဖြစ်စေ၊ မိန်းမနှင့်ဖြစ်စေ ပတ်သက်လာလျှင် ဆန်းပြားလာတတ်သည်။

Read Users' Comments (0)

ငယ်ကပေါင်း အနှစ်တစ်သောင်း၊ မမေ့ကောင်း

(ဆိုရိုးစကား)

      ငယ်ပေါင်းအား နှစ်ပေါင်းများစွာ ကြာသော်လည်း မမေ့ပျောက်နိုင်ပါ။

Read Users' Comments (0)

ငယ်ကချစ် အနှစ်တစ်ရာ မမေ့သာ

(ဆိုရိုးစကား)

      ငယ်ရွယ်စဉ်ကတည်းက စုံမက်ချစ်ခင်မေတ္တာရှိခဲ့ဖူးသူအား နှစ်ပေါင်းများစွာ မမေ့နိုင် ဖြစ်ရသည်။

Read Users' Comments (0)

ငိုအားထက် ရယ်အားသန်

(ဆိုရိုးစကား)

      စိတ်ညစ်စရာကြုံကြိုက်နေခိုက်တွင် ရယ်ရွှင်ဖွယ်အဖြစ်မျိုးနှင့် ကြုံရသည်။

Read Users' Comments (0)

ငိုချင် အူရွှင်

(ဆိုရိုးစကား)

      ကလေးသူငယ်များ အူရွှင်မြူးထူးလွန်းလျှင် ငိုရတတ်သည်။

Read Users' Comments (0)

ငါးသိုင်းများ ဟင်းဟုံ

(ဆိုရိုးစကား)

      ဟင်းသီးဟင်းရွက် ချက်ရာတွင် ငါးသိုင်းကျပ်တင်ကို သင့်ရုံခတ်လျှင် အရသာ ရှိသော်လည်း အလွန်အကျွံခတ်လျှင် ဟင်းသီးဟင်းရွက်၏ မူလအရသာ ပျက်ပြယ်သွားတတ်သည်။

        ငါးသိုင်းများ ဟင်းဟုံ - စကားပုံလည်းရှု။

Read Users' Comments (0)

ငါးပတ် ပုပ်ပုပ်၊ ငရုတ် စပ်စပ်

(ဆိုရိုးစကား)

      ပုပ်အဲ့အဲ့ဖြစ်နေသော ငါးပတ်ကို အပုပ်နံ့ပြယ်အောင် ငရုတ်သီး များများ ထည့်၍ ချက်ရသည်။

Read Users' Comments (0)

ငါးပိနှင့်လောက် ရွှေနှင့်ကျောက်

(ဆိုရိုးစကား)

      ရွှေနှင့်ကျောက်သည် အတွဲအဖက်ဖြစ်သကဲ့သို့ ငါးပိသည် လောက်နှင့် မကင်းနိုင် ဖြစ်သည်။

        ငါးပိနှင့် လောက်၊ ရွှေနှင့် ကျောက် - စကားပုံလည်းရှု။

Read Users' Comments (0)

ငါး ငါးသလောက်၊ မယား ဆံတောက်

(ဆိုရိုးစကား)

      ငါးတို့တွင် ငါးသလောက်သည် စားသုံးရာတွင် အရသာရှိပြီး လူကြိုက်များ သကဲ့သို့ ဆံတောက် ထားသည့် အရွယ်တွင် ကညာပျိုကိုလည်း မယားအဖြစ် ပေါင်းဖက်ရန် အများနှစ်သက်ကြသည်။

Read Users' Comments (0)

ငါး ငါးကြင်း၊ ဓား ဒီပဲယင်း

(ဆိုရိုးစကား)

      ငါးတို့တွင် ငါးကြင်းကို အရသာရှိသော ငါးအဖြစ် စံထားရသကဲ့သို့ ဓားတွင် ဒီပဲယင်း မြို့နယ်က ထွက်သော ဓားကိုလည်း အကောင်းဆုံးအဖြစ် စံထားရသည်။

Read Users' Comments (0)

ငါ့သားရွှေတောင် ရေကိုရှောင်၊ အောင်စံဖြိုး ရေချိုးရက်

(ဆိုရိုးစကား)

      နာလန်ထတွင် ရေမချိုးသင့်သည့် နေ့များမှာ တနင်္လာ၊ သောကြာ၊ ဗုဒ္ဓဟူး၊ စနေ ဖြစ်သည်။ ရေချိုးသင့်သည့် နေ့များမှာ တနင်္ဂနွေ၊ အင်္ဂါ၊ ကြာသပတေး ဖြစ်သည်။ (ငါ့ - တနင်္လာ၊ သား - သောကြာ၊ ရွှေ - ဗုဒ္ဓဟူး၊ တောင် - စနေ၊ အောင် - တနင်္ဂနွေ၊ စံ - အင်္ဂါ၊ ဖြိုး - ကြာသပတေး။

Read Users' Comments (0)

ငါ့ဝမ်းပူဆာ မနေသာ

(ဆိုရိုးစကား)

      ဝမ်းရေးကြောင့် မလွဲမရှောင်သာ မလုပ်ချင်ဘဲ လုပ်ရသည်။

Read Users' Comments (0)

ငါနှင့်မတူ ငါ့ရန်သူ

(ဆိုရိုးစကား)

      မိမိနှင့် အယူအဆချင်း၊ သဘောထားချင်း မတူသူအား ရန်သူသဖွယ် သတ်မှတ်တတ်ကြသည်။

Read Users' Comments (0)

ငါနှင့်ငါသာ နှိုင်းစရာ

(ဆိုရိုးစကား)

      မာန်တက်နေသူသည် မိမိနှင့်နှိုင်းယှဉ်လောက်သည့် ပုဂ္ဂိုလ်မရှိဟု ကိုယ့်ကိုကိုယ် ထင်တတ်သည်။

Read Users' Comments (0)

ငရုတ် တစ်လှမ်း၊ ခရမ်း တစ်ခုန်

(ဆိုရိုးစကား)

      ငရုတ်စိုက်ရာတွင် တစ်ပင်နှင့်တစ်ပင် ခြေတစ်လှမ်းစာခန့် ခွာ၍စိုက်ရပြီး၊ ခရမ်းပင်စိုက်ရာတွင် တစ်ပင်နှင့်တစ်ပင် တစ်ခုန်စာခန့်ခွာ၍ စိုက်ရသည်။

Read Users' Comments (0)

ဃရေ ဒု‌ဋ္ဌော မူသိကော

(ဆိုရိုးစကား)

      အိမ်ကို ဖျက်သည်မှာ ကြွက်ဖြစ်သည်။ (ဃရေ - အိမ်၌၊ ဒု‌ဋ္ဌော - ဖျက်ဆီးတတ် သည်ကား၊ မူသိကော - ကြွက်။)

Read Users' Comments (0)

ဃရာဝါသော ဗဟုကိစ္စော

(ဆိုရိုးစကား)

        ကိစ္စမြားမြောင် လူတို့ဘောင် - နှင့်အတူတူ။

Read Users' Comments (0)

ဂုဏဝန္တေ ပဿန္တိဇနာ

(ဆိုရိုးစကား)

        လူတို့သည် ရာထူးဂုဏ်သိန်၊ စည်းစိမ်ဥစ္စာရှိသူကိုမှ အလေးထားတတ်ကြသည်။ (ဇနာ - လူတို့သည်၊ ဂုဏဝန္တေ - ဂုဏ်ရှိသော သူတို့ကို၊ ပဿန္တိ - မြင်ကုန်၏။)

Read Users' Comments (0)

ဂါထာပေး တေးဖြစ်

(ဆိုရိုးစကား)

      ဂါထာမန္တန်ကို တွေ့ရာလူအား ပေးမိရာ ရသူများက အလွယ်တကူ ရသောကြောင့် ပေါ့ပေါ့တန် တန် ရွတ်ဆိုသဖြင့် တေးအဖြစ် ရောက်ရသည်။

        ဂါထာပေး တေးဖြစ် - စကားပုံလည်းရှု။

Read Users' Comments (0)

ဂငယ်သုံးခု ဥသျှစ်ထု

(ဆိုရိုးစကား)

      ဥသျှစ်သီးချင်း ထုသည့်အခါ ထုသည့်ဥသျှစ်သီးလည်း ကွဲ၊ အထုခံဥသျှစ်သီးလည်း ကွဲသကဲ့သို့ သက္ကရာဇ် ၈၈၈ ခုနှစ်တွင် တိုင်းပြည်မငြိမ်မသက်ဖြစ်၍ အင်းဝပြည်ကြီး ပြိုကွဲပျက်စီးရသည်။

Read Users' Comments (0)

ခြွေမှ ရံသည်

(ဆိုရိုးစကား)

      ပေးကမ်းစွန့်ကြဲမှသာ ကိုယ့်ကို ဝိုင်းဝန်းကူညီမည့်သူ များသည်။

Read Users' Comments (0)

ချွေတာစုဆောင်း သူဌေးလောင်း

(ဆိုရိုးစကား)

      အသုံးအစွဲချွေတာပြီး ငွေကြေးစုဆောင်းလျှင် သူဌေး ဖြစ်နိုင်သည်။

Read Users' Comments (0)

ခွေးလိမ္မာ အမြီးကုပ်၊ ကျွန်လိမ္မာ နောက်ဆုတ်

(ဆိုရိုးစကား)

      လိမ္မာသောခွေးသည် သခင့်အပါးတွင် အမြီးကုပ်လျက် နေတတ်သည်။ ပါးနပ်လိမ္မာသော ကျွန် သည် သင့်ရာက အလိုက်သိသိ ခစားတတ်သည်။

Read Users' Comments (0)

ခွေးဖိုးတစ်ထောင်၊ ကြောင်ဖိုးတစ်သိန်း

(ဆိုရိုးစကား)

      ကြောင်သည် ခွေးထက် အဖိုးတန်သည်။

Read Users' Comments (0)

ခွေး နှာရောင်၊ ကြောင် နဖူး၊ လူ ဒူး

(ဆိုရိုးစကား)

      ၁၊ ရာသီဥတု အေးသောအခါ၌ ခွေးတွင် နှာရောင်၊ ကြောင်တွင် နဖူး၊ လူတွင် ဒူးခေါင်း နေရာ၌ အထူးအေးတတ်သည်။

      ၂၊ မီးလှုံသော အခါ၌ ခွေးတွင် နှာရောင်၊ ကြောင်တွင် နဖူး၊ လူတွင် ဒူးခေါင်းနေရာ၌ စ၍ပူတတ် သည်။

Read Users' Comments (0)

ခွေးကပ်၊ ကြွေးကပ်၊ ပွေးကပ်

(ဆိုရိုးစကား)

      အိမ်၌ ခိုကပ်နေသောခွေးကို အနှင်ရခက်သည်။ အကြွေးတစ်ခါတင်မိလျှင် ကျေအောင် အဆပ်ရ ခက်သည်။ စွဲကပ်နေသော ပွေးရောဂါကို အမြစ်ပြတ်အောင် အကုရခက်သည်။

Read Users' Comments (0)

ခြောက်တိုင်းလည်း မကြောက်နှင့်၊ မြှောက်တိုင်းလည်း မမြောက်နှင့်

(ဆိုရိုးစကား)

      သူတစ်ပါးက ခြောက်လှန့်တိုင်းလည်း မကြောက်ရွံ့ပါနှင့်၊ သူတစ်ပါးက မြှောက်ပင့်တိုင်းလည်း ဘဝင်မမြင့် ပါနှင့်။

Read Users' Comments (0)

ခြေနှစ်ချောင်းလည်း မကယ်ရာ၊ သူ့လှေ မျောလည်း မဆယ်ရာ

(ဆိုရိုးစကား)

      (နောင်အခါ ပြဿနာရှုပ်ထွေးတတ်သဖြင့်) လူလူချင်းလည်း မကယ်နှင့်၊ မျောသည့်လှေကိုလည်း လိုက်မဆယ်နှင့်။ (ခြေနှစ်ချောင်းလည်း မကယ်နှင့်၊ မင်းလှေ မျောလည်း မဆယ်နှင့် - ဟူ၍လည်း အဆိုရှိသည်။)

Read Users' Comments (0)

ခြေကြေး သုံးဆယ်၊ ဝိုင်းလုံးပယ်

(ဆိုရိုးစကား)

      ခြေတွင် အကြေးခွံသုံးဆယ်ရှိသော တိုက်ကြက်မျိုးသည် ခြေပြင်းလှသောကြောင့် ကြက်ဝိုင်း တကာက ပယ်လေ့ရှိသည်။ (ခြေကြေး သုံးဆယ်၊ ဝိုင်းကြီးပယ် - ဟူ၍လည်း အဆိုရှိသည်။

Read Users' Comments (0)

ခြကို ပုံတု ပမာပြု

(ဆိုရိုးစကား)

      ပညာဆည်းပူးခြင်း၊ ဥစ္စာဆည်းပူးခြင်း စသည့် တရွေ့ရွေ့ဆည်းပူးရသည့် ကိစ္စ၌ ခြတောင်ပို့ တည်ပုံကို ဥပမာ ပြုရသည်။

Read Users' Comments (0)

ချမ်းသာလည်း အစဉ်မဟုတ်၊ ဆင်းရဲလည်း အပင်မဟုတ်

(ဆိုရိုးစကား)

        ဆင်းရဲတစ်ခါ ချမ်းသာတစ်လှည့် - နှင့် အတူတူ။

Read Users' Comments (0)

ချုန်းလွန်းသောမိုး ရေမဖောင်၊ ဟောင်လွန်းသောခွေး လူမလေး

(ဆိုရိုးစကား)

      ပြင်းပြင်းထန်ထန် ထစ်ချုန်းကာရွာသောမိုးသည် ရေမပါတတ်ပေ။ ဟောင်လွန်းသောခွေးကို လူတို့ အရေးမထားတတ်ပေ။

        ခြိမ်းလွန်းသည့်မိုး မရွာ ။ ဟောင်လွန်းသည့်ခွေး လူမလေး - စကားပုံများလည်းရှု။

Read Users' Comments (0)

ချည်လိုလိုက်တတ် ချည်မပြတ်၊ မင်းလိုလိုက်တတ် မင်းမသတ်

(ဆိုရိုးစကား)

      ချည်ကို အလိုက်သင့်ကိုင်တတ်၊ ငင်တတ်လျှင် ချည်မပြတ်သကဲ့သို့ မင်း၏အလိုကို သိတတ်သော သူသည် မင်းပြစ်မင်းဒဏ် မခံရပေ။

Read Users' Comments (0)

ချစ်သော်ကား သကာ၊ မုန်းသော်ကား တမာ

(ဆိုရိုးစကား)

      တစ်ဦးတစ်ယောက်ကို ချစ်နေသောအခါတွင် ထိုသူ၏စကားသည် အလွန်ချိုသာ၍ ထိုသူကို မုန်းသောအခါတွင်မူ ထိုသူ၏စကားသည် အလွန်ခါးသီးသည်။

Read Users' Comments (0)

ချစ်လုံးလုံး မုန်းလျားလျား

(ဆိုရိုးစကား)

      ချစ်မိလျှင်လည်း လုံးလုံးလျားလျား ချစ်တတ်သလို မုန်းမိလျှင်လည်း လုံးလုံးလျားလျား မုန်း တတ်သည်။

Read Users' Comments (0)

ချစ်ရာမရောက် နှစ်ရာရောက်

(ဆိုရိုးစကား)

      ချစ်၍ အလိုလိုက်လွန်းခြင်းသည် ချစ်ခင်ရာမရောက်၊ နစ်မွန်းအောင် ပြုသကဲ့သို့သာ ဖြစ်သည်။

Read Users' Comments (0)

ချစ်တုန်း မုန်းစကားပြော

(ဆိုရိုးစကား)

      အမုန်းပွားနိုင်ဖွယ်ရှိသော စကားမျိုးကို တစ်ဦးနှင့်တစ်ဦး ခင်မင်စဉ်၌ ညှိနှိုင်းပြောဆိုရသည်။

Read Users' Comments (0)

ချစ်တိုင်း မညား၊ ညားတိုင်း မချစ်

(ဆိုရိုးစကား)

      ချစ်ကြသူတိုင်းလည်း အိမ်ထောင်ဖက်အဖြစ် ပေါင်းသင်းကြရသည် မဟုတ်၊ အိမ်ထောင်ဖက် အဖြစ် ပေါင်းသင်းကြသူတိုင်းလည်း ချစ်ကြသည် မဟုတ်ပါ။

Read Users' Comments (0)

ချစ်စေလို ခံတွင်းလက်လေးသစ်၊ မုန်းစေလို ခံတွင်းလက်လေးသစ်

(ဆိုရိုးစကား)

      သူတစ်ပါးချစ်အောင် ပြုနိုင်သည်မှာလည်း သည်ပါးစပ်၊ သူတစ်ပါးမုန်းအောင် ပြုနိုင်သည်မှာ လည်း သည်ပါးစပ်ပင် ဖြစ်သည်။

Read Users' Comments (0)

ချစ်စကို ရှည်စေ၊ ရန်စကို တိုစေ

(ဆိုရိုးစကား)

        ချစ်စကို ရှည်စေ၊ မုန်းစကို တိုစေ - နှင့် အတူတူ။

Read Users' Comments (0)

ချစ်စကို ရှည်စေ၊ မုန်းစကို တိုစေ

(ဆိုရိုးစကား)

      တစ်ဦးနှင့်တစ်ဦး ချစ်ခင်မှုကို အဓွန့်ရှည်စွာတည်တံ့ ခိုင်မြဲစေရမည်။ မုန်းမာန်ပွားခြင်းကိုမူ ခဏတာ အတွင်းမှာပင် ကျေအေး ပပျောက် စေရမည်။ အာဃာတ ရန်ငြိုး မထားသင့်ပေ။

        ချစ်စကို ရှည်စေ၊ ရန်စကို တိုစေ - နှင့် အတူတူ။

      လွန်လေပြီးသောအခါ ကာသိတိုင်း ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းသည် ကောသလတိုင်း ဒီဃီတိ ကောသလမင်းကို စစ်ပြုရန် ချီတက်လာသောကြောင့် ကောသလမင်းနှင့် မိဖုရားတို့ ထွက်ပြေးတိမ်း ရှောင်နေရစဉ် ဒီဃာဝုမင်းသားကို ဖွားမြင်၏။ ဗာရာဏသီ မင်းသည် ထွက်ပြေးတိမ်းရှောင်နေသော ကောသလမင်းနှင့် မိဖုရားအကြောင်းကို စုံစမ်းကြားသိရ၍ မင်းချင်းတို့အား ကွပ်မျက်ရန် စေခိုင်း၏။ ထိုအခါ အမိအဖတို့ထံလာသော ဒီဃာဝုမင်းသားကို ခမည်းတော် ကောသလမင်း မြင်လျှင် "အရှည် ကို မကြည့်လင့်၊ အတိုကိုလည်း မကြည့်လင့်။ ရန်တုံ့မှုသဖြင့် ရန်တို့သည် မငြိမ်းကုန်၊ ရန်မတုံ့မှုမှ သာလျှင် ငြိမ်းကုန်၏" ဟု သုံးကြိမ်တိုင်တိုင် ပြောဆိုမှာကြား၏။ ဒီဃာဝုမင်းသားသည် အမိအဖတို့၏ အလောင်းကို သင်္ဂြိုဟ်ပြီးနောက် ဗြဟ္မဒတ်မင်းနှင့် အကျွမ်းဝင်လာအောင် ကြံဆောင်ကြိုးစားရာ နောက်ဆုံးတွင် မင်းနှင့်အကျွမ်းဝင်သော မင်းစီးရထား မောင်းသူ ဖြစ်လာ၏။ တစ်နေ့သော် ဗာရာဏ သီမင်းသည် တောကစားထွက်ရာ၌ ပင်ပန်း၍ ဒီဃာဝု၏ ရင်ခွင်တွင် ခေါင်းချကာ အိပ်ပျော်သွား၏။ ဒီဃာဝုသည် မိဘနှစ်ပါး တို့ကို သတ်ခဲ့သူအား ရန်တုံ့မှု အံ့သောငှာ သန်လျက်အိမ်မှ သန်လျက်ကို ချွတ်၏။ ဖခင်၏ အမှာစကားကို ကြားယောင် နေသဖြင့် သန်လျက်ကို အိမ်အတွင်း ပြန်သွင်း၏။ ဤသို့ဖြင့် သန်လျက်ကို ထုတ်ချည်သွင်းချည် ပြုနေစဉ် တတိယ အကြိမ်၌ ဗြဟ္မဒတ် မင်းသည် အိပ်ရာမှ လန့်နိုး၍ ဒီဃာဝုကို မေး၏။ ဒီဃာဝုက အကျိုးအကြောင်း ရှင်းပြပြီး တစ်ဦးကို တစ်ဦး အသက် ချမ်းသာရာ ပေး၍ ကတိ သစ္စာ ပြုကြ၏။ ဗြဟ္မဒတ်မင်းက ဒီဃာဝု မင်းသား၏ ဖခင်သည် အဘယ်ကို ရည်ရွယ်၍ ထိုသို့မှာခဲ့ခြင်း အကြောင်းကို ဒီဃာဝုအား မေးသော် "အရှည်ကို မကြည့်လင့် ဆိုသည်မှာ ရန်စရှည်အောင် မပြုလင့်ဟု ဆိုလိုပါသည်။ အတိုကို မကြည့်လင့် ဆိုသည်မှာ ချစ်စတို အောင် မပြုလင့်ဟု ဆိုလိုပါသည်" စသည်ဖြင့် လျှောက်ထား၏။ ထိုအခါ မင်းကြီးက ဒီဃာဝုမင်းသား အား သမီးတော်နှင့် လက်ဆက်ကာ ဖခင်၏အမွေဖြစ်သော ထီးနန်းစည်းစိမ်ကို ပေးအပ်တော်မူသည်။

ခုဒ္ဒကနိကာယ်၊ ဓမ္မပဒ၊ ယမကဝဂ်၊ ၅- ဒီဃီတိကောသလမင်းကြီးဝတ္ထု။

Read Users' Comments (0)

ချစ်ခြင်းအစ မျက်စိက

(ဆိုရိုးစကား)

      တစ်ဦးကိုတစ်ဦး မြင်မိကြည့်မိရာမှအစ မေတ္တာသက်ဝင် ချစ်ခင်သည်။

        စက္ခုရူပေန သံဝါသာ နှင့် အတူတူ။

Read Users' Comments (0)

ချောင်းရိုးမြောင်းရိုးသာ တိမ်ကောသည်၊ လူမျိုး မတိမ်ကော

(ဆိုရိုးစကား)

      ၁၊ ချောင်းရိုးမြောင်းရိုးများသာ တိမ်ကောသည်၊ ပပျောက်သွားသည် ဟူ၍ရှိ၏။ လူတို့၏မျိုးရိုး ဗီဇမှာမူကား တိမ်ကောသွားသည်၊ ပပျောက်သွားသည်ဟူ၍ မရှိနိုင်။

      ၂၊ ချောင်းရိုးမြောင်းရိုးများသာ တိမ်ကော ပပျောက် သွားနိုင်သော်လည်း လူမျိုးရိုးကား တိမ်ကော ပျောက်ကွယ် သွားသည်ဟူ၍ မရှိနိုင်။

Read Users' Comments (0)

ချင်းစိမ်းနှင့် မိဿလင်၊ သူကြင်မှ ကိုယ်ကြင်

(ဆိုရိုးစကား)

      အသွင်ချင်း၊ အာနိသင် ထက်မြက်ပုံချင်း ဆင်တူ၍ ဂုဏ်ရည်တူကြသော ချင်းစိမ်းနှင့် မိဿလင် ကဲ့သို့ မိမိနှင့်ဂုဏ်ရည်တူချင်းဖြစ်၍ အောက်ကျို့စရာ မလိုပေ။

Read Users' Comments (0)

ချင့်ချင့်ချိန်ချိန် သုခမိန်

(ဆိုရိုးစကား)

        နှိုင်းနှိုင်းချိန်ချိန် သုခမိန် - နှင့် အတူတူ။

Read Users' Comments (0)

ချိုးကူလျှင် ယာ၊ ခွေးအူလျှင် ရွာ

(ဆိုရိုးစကား)

      ချိုးငှက်ကူသံကြားလျှင် ထိုအရပ်၌ ယာခင်းရှိကြောင်းသိရသည်။ ခွေးအူသံကြားလျှင် ထိုအရပ်၌ ရွာရှိကြောင်း သိရသည်။

Read Users' Comments (0)

ချိုတည်လူး၊ အိမ်ဦးမှာချည်၊ ဥစ္စာတည်

(ဆိုရိုးစကား)

      ချိုတစ်ချောင်းထောင်၊ တစ်ချောင်းကုပ်နေသော တည်လူးနွားကို အိမ်ဦးတိုင်၌ ချည်၍ မွေးထား လျှင် ဥစ္စာပစ္စည်း ခိုင်မြဲတတ်သည်။

        ဘယ်လဲ ညာထောင် ဥစ္စာပြောင်၊ ဘယ်ထောင် ညာလဲ တက်တက်မွဲ - နှင့် နှိုင်းယှဉ်။

Read Users' Comments (0)

ချီးမွမ်းတန်သည် လူရည်ကိုရှု

(ဆိုရိုးစကား)

      ချီးမွမ်းရန် ထိုက်တန်သူကို သူ့အရည်အချင်းနှင့် ထိုက်တန်သည့် အလျောက် ချီးမွမ်းရသည်။

Read Users' Comments (0)

ချီးမွမ်း ခုနစ်ရက်၊ ကဲ့ရဲ့ ခုနစ်ရက်

(ဆိုရိုးစကား)

      လူတို့သည် ချီးမွမ်းစကား၊ ကဲ့ရဲ့စကားကို ခဏမျှသာပြောဆိုတတ်ကြသည်ဖြစ်၍ ချီးမွမ်းသည် ဖြစ်စေ၊ ကဲ့ရဲ့သည် ဖြစ်စေ အရေးစိုက်စရာ မဟုတ်ဟု ယူဆလေ့ရှိသည်။

        ကဲ့ရဲ့ ခုနစ်ရက်၊ ချီးမွမ်း ခုနစ်ရက် - နှင့် အတူတူ။

Read Users' Comments (0)

ခုံကျူး ခုံတာ၊ ရှေ့နေကျူး ရှေ့နေတာ

(ဆိုရိုးစကား)

      တရားစီရင် ဆုံးဖြတ်ရာ၌ ခုံမင်းကလွန်သော် ခုံမင်း၏တာဝန်ဖြစ်၍ ရှေ့နေကလွန်သော် ရှေ့နေ၏ တာဝန်သာ ဖြစ်သည်။ (ခုံကျူး ခုံတာ၊ ရှေ့နေကျူး ရှေ့နေတာ၊ မင်းစေကျူး မင်းစေတာ - ဟူ၍ လည်း အဆိုရှိသည်။

Read Users' Comments (0)

ခေတ်ကျပ်လျှင် သဘင်သည် အလျင်ငတ်သည်

(ဆိုရိုးစကား)

      စီးပွားရေး ချို့တဲ့သော ခေတ်ကာလ၌ သဘင်သည်များ ဦးစွာ ငတ်တတ်သည်။

Read Users' Comments (0)

ခေါင်းတစ်ရာသားစား

(ဆိုရိုးစကား)

      (ဈေးလည်းသက်သာ၍ အာာရလည်း ဖြစ်သည့်အတွက်) ငါး၊ပုစွန် အသေးလေးများကို စားပါ။

Read Users' Comments (0)

ခေါင်း ခါး ခြေ လက်၊ မပျက်စေရ၊ သုခုမ

(ဆိုရိုးစကား)

      မြန်မာအကကို ကပြရာတွင် ခေါင်း၊ ခါး၊ ခြေ၊ လက်ကို အချိုးကျကျလှုပ်ရှား ကပြမှ သုခုမအနု ပညာ မြောက်သည်။

Read Users' Comments (0)

ခင်ရာဆွေမျိုး

(ဆိုရိုးစကား)

      ဆွေမျိုး မတော်စပ်သော်လည်း မိမိနှင့် ခင်မင်ရင်းနှီးသူသည် မိမိအဖို့ ဆွေမျိုးပင်ဖြစ်သည်။ (မြိန်ရာဟင်းကောင်း၊ ခင်ရာဆွေမျိုး - ဟူ၍လည်း အဆိုရှိသည်။)

Read Users' Comments (0)

ခေါက်ရှာငှက်ပျံ လောကဓံ

(ဆိုရိုးစကား)

      လောကဓံတရား ရှစ်ပါးကား ခေါက်ရှာငှက် ပျံသကဲ့သို့ နိမ့်တုံမြင့်တုံ ရှိသည်။

Read Users' Comments (0)

ခေါက်ချိုးပြောရင် စောက်ထိုးနားလည်ရမယ်

(ဆိုရိုးစကား)

      စကားလိမ်ဖြင့် ပြောသည်ကို ပြောင်းပြန် ကောက်ယူမှ အမှန်ကို ရနိုင်သည်။

Read Users' Comments (0)

ခိုးသူ ငရဲမလား၊ ယိုးသူ ငရဲလား

(ဆိုရိုးစကား)

      ခိုးသူမဟုတ်ဘဲ ခိုးသူဟု စွပ်စွဲခံရသူသည် ငရဲလားမည် မဟုတ်ပေ၊ ထိုသို့ စွပ်စွဲသူသာ ငရဲလား ပေလိမ့်မည်။

        ဥစ္စာပျောက် ငရဲရောက် - လည်းရှု။

Read Users' Comments (0)

ခိုးတတ်လျှင် ယိုးတတ်

(ဆိုရိုးစကား)

      မိမိ ကိုယ်တိုင်က ခိုးတတ်ဝှက်တတ်သူသည် တစ်ပါးသူအားလည်း ခိုးသူဟု ယိုးစွပ်တတ်သည်။

        ခိုးတတ်မှ ယိုးတတ်သည် - စကားပုံလည်းရှု။

Read Users' Comments (0)

ခံသီး ပြိုးပြောင် လဝါခေါင်

(ဆိုရိုးစကား)

      ဝါခေါင်လတွင် ခံသီးများ ရင့်မှည့်ကြသည်။

Read Users' Comments (0)

ခုရှုပ်မှ နောင်ရှင်း

(ဆိုရိုးစကား)

      နောင်ပြဿနာ မပေါ်ပေါက်စေရန် ယခုကပင် ကြိုကြိုတင်တင် ဖြေရှင်းထားသင့်သည်။

Read Users' Comments (0)

ခုနစ်လ လူငုတ်တုတ်၊ သွားငုတ်တုတ်

(ဆိုရိုးစကား)

      ခုနစ်လသားအရွယ်တွင် ကလေးသည် ငုတ်တုတ်လည်း ထိုင်တတ်ပြီ၊ သွားလည်းစပေါက်ပြီ။

Read Users' Comments (0)

ခုနစ်စဉ်ကြယ်ပြောင် အမြီးထောင် သန်းခေါင်ချိန်သို့ရောက်

(ဆိုရိုးစကား)

      ခုနစ်စဉ်ကြယ်၏ အမြီးပိုင်းအပေါ်သို့ထောင်သော အချိန်သည် သန်းခေါင်အချိန်ဖြစ်သည်။ (ထိုအမှတ်အသားသည် တပို့တွဲလ၌ ပို၍ မှန်ကန်သဖြင့် "လတပို့တွဲ မှန်မလွဲ၊ အမြဲဧကန်မှတ်" ဟူ၍လည်း ဖြည့်စွက် အမှတ်အသား ပြုကြသေးသည်။)

Read Users' Comments (0)

ခါးပုံတင် လူယဉ်၊ ခါးပုံထိုး လူရိုး၊ ခါးတောင်းကျိုက် လူမိုက်

(ဆိုရိုးစကား)

      မြန်မာဇာတ်သဘင်၊ ရုပ်သေးသဘင်တို့၌ မင်းသားများသည် လူယဉ်ကျေးဟန် သရုပ်ဆောင်ရ သည့်အခါ ခါးပုံစကို ပခုံးထက်တင်၍ ဝတ်သည်၊ လူရိုးဟန် သရုပ်ဆောင်ရသည့်အခါ ခါးပုံးထိုး ဝတ်သည်၊ လူကြမ်းဟန် သရုပ်ဆောင်ရသည့်အခါ ခါးတောင်းကျိုက်သည်။

Read Users' Comments (0)

ခဝဲပွင့်တုန်း တန်ဆောင်မုန်း

(ဆိုရိုးစကား)

      တန်ဆောင်မုန်းလတွင် ခဝဲပန်းများ ပွင့်စမြဲဖြစ်သည်။

Read Users' Comments (0)

ခရုမှာလည်း အဆန်၊ လူမှာလည်း အကြံ

(ဆိုရိုးစကား)

      ခရုတွင် အဆန်ရှိသကဲ့သို့ လူတွင်လည်း အကြံဉာဏ် ရှိစမြဲဖြစ်သည်။

Read Users' Comments (0)

ကြွေးပေးလျှင်ဆုံး၊ တောင်းလျှင်မုန်း

(ဆိုရိုးစကား)

      အကြွေးပေးလျှင် ဆုံးတတ်သည်။ အကြွေးတောင်းလျှင် အမုန်းခံရတတ်သည်။

Read Users' Comments (0)

ကြွေးထူ မပူ၊ သန်းထူ မယား

(ဆိုရိုးစကား)

      ကြွေးထူသော် ကြွေးအတွက် မပူပင်တတ်တော့ပေ။ သန်းထူသော် သန်းကြောင့် မယားတတ် တော့ပေ။

Read Users' Comments (0)

ကြွေးတင် ဘုရင်ဆပ်လိမ့်မည်

(ဆိုရိုးစကား)

      ရှေးမြန်မာမင်းများသည် မြီတလင်းလှည်းသည်၊ သက္ကရာဇ်မီးငြိမ်းသည် ဟူသကဲ့သို့ တစ်မင်း ပြောင်း၍ တစ်မင်းတက်လျှင် ကြွေးမြီမှုများကို လျော်ပစ်ခြင်း၊ ပေးဆပ်ခြင်း စသည်ဖြင့် တာဝန်ယူ ဖြေရှင်းပေးလေ့ရှိသည်။

Read Users' Comments (0)

ကြွေးတင် ကျွန်ဖြစ်

(ဆိုရိုးစကား)

      ကြွေးကို ပြန်မဆပ်နိုင်လျှင် ရှေးအခါက ကြွေးရှင်၏ ကျေးကျွန် ဖြစ်ရတတ်သည်။

Read Users' Comments (0)

ကျွမ်းကျင်ရာ လိမ္မာ

(ဆိုရိုးစကား)

      မည်သူမဆို မိမိကျွမ်းကျင်သောလုပ်ငန်းတွင် ပိုင်နိုင်စွာ ဆောင်ရွက်နိုင်မြဲ ဖြစ်သည်။

Read Users' Comments (0)

ကျွန် နေမျိုး၊ သား သတိုး

(ဆိုရိုးစကား)

      မြန်မာမင်းတို့သည် ကျွန်ကိုချစ်သော် နေမျိုးဘွဲ့ပေး၍ သားကိုချစ်သော် သတိုးဘွဲ့အထိ ပေးသည်။

Read Users' Comments (0)

ကျွေးတုံ့ကျွေးလှည့်၊ မွေးတုံ့မွေးလှည့်

(ဆိုရိုးစကား)

      မိဘသည် သားသမီးကို ကျွေးမွေးပြုစု‌ရသကဲ့သို့ သားသမီးက မိဘကို အတုံ့အလှည့် ပြန်လည် လုပ်ကျွေး ပြုစုရသည်။

Read Users' Comments (0)

ကွယ်မေ့၊ တွေ့ သေအောင်လွမ်း

(ဆိုရိုးစကား)

      လူအချို့သည် အချင်းချင်း မတွေ့လျှင် မေ့နေတတ်သော်လည်း ပြန်လည်တွေ့လျှင်မူ အောက်မေ့ သတိရကြောင်း အလွမ်းသယ် ပြောတတ်ကြသည်။

Read Users' Comments (0)

ကွမ်းစား ဆေးသောက် နှစ်မှုရောက်

(ဆိုရိုးစကား)

      ဆေးလိပ်ကိုကွမ်းဖြင့် ဖြတ်ရန် ကြိုးစားရာမှ ဆေးလိပ်မပြတ်သည့်ပြင် ကွမ်းပါ စွဲနေသဖြင့် ဒုက္ခနှစ်မျိုး ရောက်ရသည်။

Read Users' Comments (0)

ကွန်တစ်ချက် ဟင်းတစ်ခွက်

(ဆိုရိုးစကား)

      ကွန်တစ်ချက်ပစ်ရုံဖြင့် အနည်းဆုံး ဟင်းတစ်ခွက်စာငါးကို ရနိုင်သည်။

Read Users' Comments (0)

ကွဲဟဲ့ ကွဲဟဲ့ဆိုတော့ သူများက၊ လွမ်းရတော့ ကိုယ်က

(ဆိုရိုးစကား)

      သူများကကွာခိုင်း၍ ကွာခဲ့မိသော လင်မယားအဖို့ လွမ်းစရာနှင့် ကြုံလာရသောအခါ အခြားသူ တို့က မလွမ်းကြ၊ ကာယကံရှင် လင်မယားသာ လွမ်းရသည်။

Read Users' Comments (0)

ကြမ်းကျွံလျှင် နုတ်၍ရသည်၊ စကားလွန်လျှင် နုတ်၍မရ

(ဆိုရိုးစကား)

      ကြမ်းပေါက်ကျွံလျှင် ဆွဲထုတ်၍ ရနိုင်သော်လည်း နှုတ်လွန်မိလျှင်မူ ပြန်ရုတ်သိမ်း၍ မရပေ။

Read Users' Comments (0)

ကြည့်တတ်လျှင် ဘာဝနာ၊ မကြည့်တတ်လျှင် တဏှာ

(ဆိုရိုးစကား)

      တရားသဘောနှင့် ရှုမြင်တတ်လျှင် ဘာဝနာဖြစ်မည်။ မရှုမြင်တတ်လျှင် တဏှာဖြစ်မည်။

Read Users' Comments (0)

ကြောင်အကြီး ခေါင်းက ချီ၊ သစ်အလတ် ခါးက ဖြတ်၊ ကျားအထွေး ဖင်က လွေး

(ဆိုရိုးစကား)

      ကြောင်သည် ကြွက်ကို ခေါင်းကစ၍စားသည်။ ကျားသစ်သည် သားကောင်ကို ခါးပိုင်းက စ၍ စားသည်။ ကျားသည် သားကောင်ကို တင်ပါးက စ၍စားသည်။

Read Users' Comments (0)

ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက်

(ဆိုရိုးစကား)

      အလွန်ချစ်ကြိုက်သောအခါ၌ ဖြစ်စေ၊ အလွန်အိပ်ချင်၍ ငိုက်မျဉ်းသောအခါ၌ ဖြစ်စေ၊ အစာရေ စာ အလွန်ဆာလောင်ငတ်မွတ်သောအခါ၌ ဖြစ်စေ မည်သူ့ကိုမျှ မရှက်နိုင်ဘဲ ရှိသည်။

Read Users' Comments (0)

ကြောက်လျှင် လာဘ်လွဲ၊ ရဲလျှင် လာဘ်ရ

(ဆိုရိုးစကား)

      စွန့်စားရဲလျှင် ရရှိမည့်အခွင့်အလမ်း အကျိုးကျေးဇူးများကို ကြောက်ရွံ့၍ မစွန့်စားဘဲ နေပါက လက်လွတ် ဆုံးရှုံးမည်။

        ကြောက်တတ် ဝန်ကင်း - နှင့် နှိုင်းယှဉ်။

        ကြောက်လျှင် လာဘ်လွဲ၊ ရဲလျှင် မင်းဖြစ် - စကားပုံလည်းရှု။

Read Users' Comments (0)

ကြောက် လွဲ၊ ရဲ မင်းဖြစ်

(ဆိုရိုးစကား)

      စွန့်စားရဲလျှင်ရရှိမည့် အခွင့်အလမ်း အကျိုးကျေးဇူးများကို ကြောက်ရွံ့နေပါက လက်လွတ်ဆုံး ရှုံးမည်။ စွန့်စားရဲလျှင်မူ မင်းအဖြစ်ကိုပင် ရနိုင်သည်။

        ကြောက်လျှင် လာဘ်လွဲ၊ ရဲလျှင် မင်းဖြစ် - စကားပုံလည်းရှု။

      ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း၏သား ပဉ္စာဝုဓမင်းသားသည် တက္ကသိုလ်ပြည်၌ အတတ်ပညာ သင်ပြီး လက်နက်ငါးပါးကိုယူ၍ မိမိတိုင်းပြည်သို့ ပြန်လာသည်။ တောအုပ်ကြီးတစ်ခုသို့ ရောက်သော် စေးကပ်သည့် အမွေးရှိသော ဘီလူးကြီး တစ်ကောင်နှင့်တွေ့ရာ ဘီလူးက သင်သည် ငါ့အစာဖြစ်ပြီဟု ခြိမ်းခြောက် ပြောဆိုသည်။ သို့သော် မင်းသားသည် ကြောက်ရွံ့ခြင်းမရှိဘဲ မိမိ၌ပါသည့် လက်နက် ငါးပါးဖြင့် ဘီလူးအား တိုက်ခိုက်သည်။ ထိုလက်နက်များသည် တစ်ခုပြီးတစ်ခု ဘီလူး၏ အမွေး၌သာ ကပ်ငြိကုန်သည်။ သို့သော် ပဉ္စာဝုဓသည် ဇွဲမလျှော့ဘဲ လက်၊ ခြေ၊ ဦးခေါင်းတို့ဖြင့် တိုက်ခိုက်ပြန်ရာ လက်၊ ခြေ၊ ဦးခေါင်းတို့သည်လည်း ဘီလူး၏ အမွေး၌ပင် ကပ်ငြိနေပြန်သည်။ ထိုအခါ ဘီလူးသည် ကြောက်ရွံ့ခြင်းကင်းသော မင်းသားကို ရုတ်တရက်မစားဝံ့ဘဲ အဘယ်ကြောင့်သေခြင်းကို မကြောက် သနည်းဟု မေး၏။ မင်းသားက မိမိဝမ်းထဲ၌ ဝရဇိန်လက်နက်ရှိ၍ မိမိအားစားလျှင် သင်ဘီလူးလည်း သေရမည် ဖြစ်သောကြောင့် မကြောက်ဟု ဖြေ၏။ ဘီလူးသည် မင်းသားအား မစားဝံ့တော့ဘဲ လွှတ်လိုက်၏။ ပဉ္ဟာဝုဓမင်းသားသည် ဗာရာဏသီပြည်သို့ ပြန်ပြီးနောက် ခမည်းတော်လွန်တော် မင်းဖြစ်သည်။

ခုဒ္ဒကနိကာယ်၊ ၅၅-ပဉ္စာဝုဓဇာတ်။

Read Users' Comments (0)

ကြောက်တတ် ဝန်ကင်း

(ဆိုရိုးစကား)

      အန္တရာယ်ကို ကြိုတင်တွက်ဆ၍ ကြောက်တတ်သောသူသည် ဘေးအန္တရာယ် ကင်းဝေးသည်။

        ကြောက်လျှင် လာဘ်လွဲ၊ ရဲလျှင် လာဘ်ရ - နှင့် နှိုင်းယှဉ်။

Read Users' Comments (0)

ကြက်ဥအယောင်၊ တိမ်တောင်သဖွယ်၊ မင်းရေးကျယ်

(ဆိုရိုးစကား)

      ကြက်ဥအတွင်းမှ သန္ဓေသား၏ ပေါက်လာလျှင်ဖြစ်မည့် အမွေးအရောင်ကိုလည်းကောင်း၊ တိမ် တောင်တိမ်တိုက် မည်သည့်အသွင်သဏ္ဌာန် ဖြစ်လာမည်ကိုလည်းကောင်း ခန့်မှန်းရန် မလွယ်သကဲ့သို့ တိုင်းရေး ပြည်ရေးမှာလည်း မည်သို့ ဖြစ်လာမည်ကို ခန့်မှန်းရန် မလွယ်ပေ။

        တိမ်တောင်သဖွယ် မင်းရေးကျယ် - လည်းရှု။

Read Users' Comments (0)

ကြက်မှာ အရိုး၊ လူမှာ အမျိုး

(ဆိုရိုးစကား)

      ကြက်သည် အခွပ်ကောင်းခြင်း မကောင်းခြင်း၊ သတ္တိရှိခြင်း မရှိခြင်း စသည်တို့၌ မျိုးရိုးလိုက် သကဲ့သို့ လူတစ်ဦး၏ အကျင့်စရိုက်သည်လည်း မျိုးရိုးလိုက်တတ်သည်။

Read Users' Comments (0)

ကြက်မသွား မြားပါ၊ မိန်းမသွား စကားပါ

(ဆိုရိုးစကား)

      မသွားသင့်သည့်အခါ၊ မသွားသင့်သည့် နေရာသို့ သွားမိသော ကြက်များကိုယ်တွင် သူတစ်ပါး ပစ်လိုက်သည့် မြားစိုက်လျက် ပါလာတတ်သကဲ့သို့ မသွားသင့်သည့်အခါ၊ မသွားသင့်သည့်နေရာသို့ သွားမိသော မိန်းမများတွင်လည်း စကားအရှုပ်အထွေး ပါလာတတ်သည်။

Read Users' Comments (0)

ကြက်ကောင်းလျှင် တစ်ဒယ်၊ ချိုးကောင်းလျှင် တစ်လွယ်၊ ခါကောင်းလျှင် တစ်ထမ်း

(ဆိုရိုးစကား)

      တည်ကြက်ကောင်းလျှင် တစ်ဒယ်စာမျှသာရနိုင်သည်။ တည်ချိုးကောင်းလျှင်လည်း တစ်လွယ်စာ မျှသာ ရနိုင်သည်။ တည်ခါကောင်းလျှင်မူ တစ်ထမ်းတစ်ပိုး များပြားစွာ ရနိုင်သည်။

Read Users' Comments (0)

ကြက်ကောင်း ကြိုးမကွာ

(ဆိုရိုးစကား)

      တိုက်ကြက်ကောင်းကို ကြိုးနှင့်အမြဲမကွာ ချည်နှောင် စောင့်ရှောက်ထားရသည်။

        ကြက်ကောင်း ကြိုးမကွာ - စကားပုံလည်းရှု။

Read Users' Comments (0)

ကြိုးစားက ဘုရားဖြစ်

(ဆိုရိုးစကား)

      ကြိုးစားအားထုတ်လျှင် ဘုရားအဖြစ်ကိုပင် ရနိုင်သည်။

Read Users' Comments (0)

ကြိုးကြာ ရေမသောက်

(ဆိုရိုးစကား)

      ကြိုးကြာငှက်သည် ရေသောက်လေ့ မရှိပေ။

Read Users' Comments (0)

ကြံသာ အစဉ်ချိုသည်၊ လူမှာ အစဉ်မချို

(ဆိုရိုးစကား)

      ကြံသာလျှင် အစဉ်အမြဲ ချိုတတ်သည်။ လူတို့၏ စိတ်သဘောထားကား အစဉ်အမြဲ ကောင်းနေ လိမ့်မည် မဟုတ်ပေ။

Read Users' Comments (0)

ကြီးသည့်အမှု ငယ်စေ၊ ငယ်သည့်အမှု ပလပ်စေ

(ဆိုရိုးစကား)

      ကြီးသောအမှုကို ငယ်သောအမှုဖြစ်အောင်၊ ငယ်သောအမှုကို ပပျောက်ကျေအေးအောင် ဆောင် ရွက်အပ်သည်။

Read Users' Comments (0)

ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနား

(ဆိုရိုးစကား)

      မိမိထက် အသက်အရွယ်ကြီးသူကို ရိုသေရမည်။ ရွယ်တူသူကို လေးစားရမည်။ ငယ်သူကို သနား ကြင်နာရမည်။

Read Users' Comments (0)

ကြီးလျှင်မှီ၊ ငယ်လျှင်ချီ

(ဆိုရိုးစကား)

      အိမ်ထောင်ပြုကြရာတွင် မိမိ၏အိမ်ထောင်ဖက်သည် မိမိထက်ကြီးသူဖြစ်လျှင် မိမိက မှီခိုအား ထားရသည်။ မိမိအောက်ငယ်သူ ဖြစ်ပါမူကား မိမိက ကြင်နာယုယ ပြုစုစောင့်ရှောက် ရသည်။

Read Users' Comments (0)

ကြားကလေသွေး ဝေးတယ်ထင်

(ဆိုရိုးစကား)

      ချစ်သူတို့သဘာဝ နှစ်ကိုယ်အကြား လေပြည်သွေးလောက်ရုံမျှ ကွာခြားသည်ကိုပင် ဝေးကွာ လှသည်ဟု ထင်တတ်သည်။

Read Users' Comments (0)

ကြာလေ ကောင်းလေ၊ ဟောင်းလေ သစ်လေ

(ဆိုရိုးစကား)

      အချို့သော အရာတို့သည် အချိန်ကာလကြာမြင့်လာလေလေ ကောင်းလေလေဖြစ်ပြီး အချို့သော အရာတို့သည် ဟောင်းနွမ်းလာလေလေ ပို၍သစ်လွင်လာသည်ဟု ထင်ရလေလေ ဖြစ်သည်။

Read Users' Comments (0)

ကျပ် စိတ် မိုက်တွင်၊ လုံးကြီးတင်

(ဆိုရိုးစကား)

      ပမာဏအတိုင်းအတာပြသည့် ကျပ်၊ စိတ်၊ မိုက်တို့ကို အတိုသင်္ကေတနည်းဖြင့် ရေးလိုလျှင် ဂဏန်းပေါ်၌ လုံးကြီးတင်၍ ရေးနိုင်သည်။ (သာဓက။ ။ငွေ ၂၅ိ = ငွေနှစ်ဆယ့်ငါးကျပ်။ ဆန် ၃ိ = ဆန်သုံးစိတ်။ ရွေဖျင် ၁ိ = ရွေဖျင်တစ်မိုက်။)

Read Users' Comments (0)

ကျောက်နှင့်မြင်း၊ စိုးစဉ်းသိက ထမင်းဝ

(ဆိုရိုးစကား)

      ကျောက်မျက်ရတနာအကြောင်း၊ မြင်းအကြောင်း အနည်းငယ် သိရုံမျှဖြင့် အသက်မွေးဝမ်း ကြောင်း ပြုနိုင်သည်။

Read Users' Comments (0)

ကျောပူတာသာ ခံနိုင်တယ်၊ နားပူ မခံနိုင်

(ဆိုရိုးစကား)

      အလုပ်ပင်ပန်းမှုဒဏ်ကို ခံနိုင်သော်လည်း နားပူသည့်ဒဏ်ကို မခံနိုင်။

Read Users' Comments (0)

ကျေးဇူးရှိမှ ကျေးစွပ်သည်

(ဆိုရိုးစကား)

      အချို့သောလူတို့သည် မိမိ၏ကောင်းကျိုးကို ဆောင်ရွက်ပေးသော ကျေးဇူးရှင်ကိုမှ ကျေးဇူး ကန်းတတ်ကြသည်။

      ရှေးသောအခါ လူတစ်ယောက်အိမ်၌ ကြက်ဆူပင်သည် ရှိသတည်း။ ထိုအိမ်ရှင်လည်း နွားမွေး၏။ ကြက်ဆူပင်စောင့် နတ်လည်း အိမ်နှင့် နီးသောကြောင့် ငါနေသောသစ်ပင် မပျက်မစီး ပေသည်ဟူ၍ ထိုအိမ်ရှင်ကို မ စကြည့်ရှုလေသတည်း။ မ စကြည့်ရှု သောကြောင့် ထိုအိမ်ရှင်သည် စည်းစိမ်ချမ်းသာ များစွာ တိုးတက်သတည်း။ တစ်ရံရောအခါ အိမ်အနောက်၌ နွားခြံလုပ်သော် ထိုကြက်ဆူပင်ကို ထွင်း၍ တံခါးကျည်း ထည့်ရှိုသတည်း။ ကြက်ဆူပင် စောင့်နတ်လည်း ငါ မစ၍ စည်းစိမ်ချမ်းသာ ရှိပါလျက် ငါ့ဗိမာန်ကို ထွင်း၍ တံခါးကျည်း စွပ်ဘိသည်။ ငါ့ကျေးဇူးရှင် ကိုပင် ကျေး(ကျည်း) စွပ်သည် ဟူ၍ ကြက်ဆူပင် စောင့်နတ် ဆိုသော စကားကို လိုက်၍ ယခုတိုင်အောင် ကျေးဇူးရှင်ကို ကျေးစွပ်သည် ဟူ၍ ဆိုရိုးပြုသတည်း။ ။ ထို့ကြောင့် အကြင်သူတို့သည် ကျေးဇူးပြုသော သူကို ကျေးဇူး တုံ့ဆပ်ရာသည်။ သူ့ကျေးဇူးကို မချေရာ။ ကျေးဇူးချေသောကြောင့် အကျိုးယုတ်လျက် ပျက်စီးဖူး လေသည်။ မြတ်စွာဘုရားလည်း ကတညုတာစ - သူ့ကျေးဇူးကို သိရခြင်းသည် လည်းကောင်း ဟူ၍ ဟောတော်မူသည်။

လောကပညတ္ထိ။ ၃၄။

Read Users' Comments (0)

ကျူးလာမိုးသက် ပျိုးကြဲရက်

(ဆိုရိုးစကား)

      တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့၊ ကြာသပတေးနေ့၊ သောကြာနေ့ တို့သည် ပျိုးကြဲရက်များ ဖြစ်သည်။ (ကျူး - တနင်္လာ၊ လာ - ဗုဒ္ဓဟူး၊ မိုး - ကြာသပတေး၊ သက် - သောကြာ။)

Read Users' Comments (0)

ကျီးဖြူရောက်က စစ်မက်ထ

(ဆိုရိုးစကား)

      ကျီးဖြူရောက်ရှိပါက စစ် ဖြစ်ပွား၏။

Read Users' Comments (0)

ကျားမရဲ တစ်၊ လူမရဲ ဟစ်

(ဆိုရိုးစကား)

      ကြောက်လန့်သောကျားသည် အသံပြုတတ်သကဲ့သို့ သတ္တိမရှိသောသူသည်လည်း အော်ဟစ်ဝါ ကြွား ကြုံးဝါးတတ်သည်။

Read Users' Comments (0)

ကိုယ့်ဥမှ ဥထင်

(ဆိုရိုးစကား)

      မိမိသားသမီးကိုမှ သားသမီးဟု ထင်သည်။

Read Users' Comments (0)

ကိုယ့်လိပ်ပြာ ကိုယ်ရှက်

(ဆိုရိုးစကား)

      သိက္ခာမရှိသော အမှုကိုပြုမိလျှင် ကိုယ့်ကိုကိုယ် စိတ်မလုံ ဖြစ်တတ်သည်။

Read Users' Comments (0)

ကိုယ့်လင်ကလွဲ ဖွဲနှင့်ဆန်ကွဲ

(ဆိုရိုးစကား)

      မိမိလင်ယောကျ်ားမှတစ်ပါး အခြားယောက်ျားများကို တန်ဖိုးမထားပါ။

Read Users' Comments (0)

ကိုယ့်လူ သူ့ဘက်သား

(ဆိုရိုးစကား)

      မိမိဘက်သားဟု ယူဆထားရသူက တစ်ဖက်သား၏လူ ဖြစ်နေတတ်သည်။

        သူ့လူ ကိုယ့်ဘက်သား - နှင့် နှိုင်းယှဉ်။

Read Users' Comments (0)

ကိုယ့်တရား ကိုယ်စီရင်

(ဆိုရိုးစကား)

      မိမိပြုခဲ့သော မကောင်းမှု၏ဆိုးကျိုးကို မိမိပင် ခံစားရမည်။

        ဘယ်သူမပြု မိမိမှု - နှင့် နှိုင်းယှဉ်။

Read Users' Comments (0)

ကိုယ့်ထက်သာ မနာလို

(ဆိုရိုးစကား)

      လူ့သဘောသည် ကိုယ့်ထက်သာသူကို မနာလို မရှုဆိတ် ဖြစ်တတ်သည်။

Read Users' Comments (0)

ကိုယ့်စေတနာ ကိုယ့်အကျိုးပေး

(ဆိုရိုးစကား)

      မိမိစေတနာအတိုင်းကောင်းလျှင် ကောင်းသည့်အလျာက်၊ မကောင်းလျှင် မကောင်းသည့် အလျောက် အကျိုးပေးတတ်သည်။

Read Users' Comments (0)

ကိုယ့်ကိုကိုယ်ဖျက် ကိုယ်လျှင်ပျက်၊ သံကိုသံဖျက် သံချေးတက်

(ဆိုရိုးစကား)

      သံကို သံချေးကပင် ဖျက်ဆီးတတ်သကဲ့သို့ မိမိကိုယ်ကို မိမိကပင် ဖျက်ဆီးသည်။ (ကိုယ့်ကိုကိုယ်ဖျက်၊ သံချေးတက် - ဟူ၍လည်း အဆိုရှိသည်။)

        သံကို သံဖျက် သံချေးတက် - စကားပုံလည်းရှု။

Read Users' Comments (0)

ကိုယ့်ကို ကိုယ်ဖော် မသူတော်

(ဆိုရိုးစကား)

      ကိုယ့်အကြောင်းကို ကိုယ်တိုင်ဖော်ထုတ် ဝင့်ကြွားသူသည် သူတော်ကောင်းမဟုတ်။ (ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် - ဟူ၍လည်း အဆိုရှိသည်။)

        ကိုယ့်ကို ကိုယ်ဖော် မသူတော် ခုနစ်ပါး - စကားပုံလည်းရှု။

Read Users' Comments (0)

ကိုယ်ရေးကြုံ သက်လုံကောင်းမြဲ

(ဆိုရိုးစကား)

      အရေးကြုံလာလျှင် ကြံ့ကြံ့ခံနိုင်စွမ်း ရှိတတ်သည်။

Read Users' Comments (0)

ကိုယ်ရေးကြုံက သက်လုံကောင်းခဲ

(ဆိုရိုးစကား)

      ကိုယ်နှင့်ဖြစ်စေ၊ ကိုယ့်သွေးကိုယ့်သားနှင့်ဖြစ်စေ ပတ်သက်သည့် အရေးကြီးကိစ္စ ကြုံလာပါက ခေါင်းအေးအေးနှင့် ဆောင်ရွက်နိုင်ခဲသည်။

Read Users' Comments (0)

ကိုယ်မချိ၊ အမိသော်လည်း၊ သားတော်ခဲ

(ဆိုရိုးစကား)

      မိခင်သည် အတိဒုက္ခရောက်နေချိန်တွင် မိမိသားသမီးကိုပင် မငဲ့မထောက်နိုင် ဖြစ်သည်။

        ကိုယ်မချိ အမိသော်လည်း သားတော်ခဲ - စကားပုံလည်းရှု။

Read Users' Comments (0)

ကိုယ်နှင့်နှိုင်း မရိုင်း

(ဆိုရိုးစကား)

      ၁၊ အရာရာတွင် ကိုယ်ချင်းစာတရား လက်ကိုင်ထားနိုင်လျှင် အကောင်းဆုံး ဖြစ်သည်။

      ၂၊ သူတစ်ပါးကို ကိုယ်နှင့်နှိုင်းစာ၍ ရှုမြင်တတ်ကြသည်။

Read Users' Comments (0)

ကိုယ်ချစ်ကိုမရှာနှင့် သူချစ်ကိုရှာ

(ဆိုရိုးစကား)

      အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ရာတွင် မိမိကချစ်ရသူကို မရွေးပါနှင့်၊ မိမိကို ချစ်နေသူကိုသာ ရွေးချယ်ပါ။

Read Users' Comments (0)

ကိုယ်ကောင်းလျှင် ကိုယ်စံ၊ ကိုယ်မကောင်းလျှင် ကိုယ်ခံ

(ဆိုရိုးစကား)

      ကိုယ်ကောင်းလျှင် ကိုယ်သာ ကောင်းကျိုးစံစားရမည်။ ကိုယ်ဆိုးလျှင် ကိုယ်သာ ဆိုးကျိုးခံစား ရမည်။

Read Users' Comments (0)

ကိုယ်ကသွေး ဘေးကိုပြု၊ တောကဆေး ဘေးကိုကု

(ဆိုရိုးစကား)

      ကိုယ်တွင်းမှသွေးသည် ဖောက်ပြန်ကာ ကိုယ့်ကိုကိုယ်ပင်ပြန်လည်၍ ဘေးဖြစ်စေတတ်သည်။ ပြင်ပဖြစ်သော တောအရပ်မှ ဆေးဖက်ဝင် အရွက်၊ အမြစ် စသည်တို့ကမူ ကိုယ်၌ဖြစ်သော ရောဂါ ကိုကုစားနိုင်သည်။

Read Users' Comments (0)

ကမ္မံ သတ္တေ ဝိဘဇ္ဇတိ

(ဆိုရိုးစကား)

      သတ္တဝါတို့သည် ကံစီမံသည့်အတိုင်း ဖြစ်ကြရ၏။ (ကမ္မံ - ကံသည်၊ သတ္တေ - သတ္တဝါတို့ကို၊ ဝိဘဇ္ဇတိ - မတူကွဲပြားအောင် ခွဲခြားပေး၏။)

Read Users' Comments (0)

ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေ

(ဆိုရိုးစကား)

      ၊ ကမ္ဘာကြီးပျက်သုဉ်းသွားသည့်တိုင်အောင် လူတစ်ဦး တစ်ယောက်၏ကောင်းသော လုပ်ဆောင် ချက်နှင့် ကောင်းသော ဂုဏ်သတင်းတို့မှာကား ပျောက်ကွယ်မသွားဘဲ ဥဒါန်းတွင် ကျန်ရစ်ခဲ့ပေသည်။

      ၊ တစ်ဦးဦးအပေါ် တစ်သက်လုံး အခဲမကျေနိုင် ဖြစ်သည်။

Read Users' Comments (0)

ကုန်းမှာ မြွေပွေး၊ ရေမှာ ငါးရွေး

(ဆိုရိုးစကား)

      ကုန်းသတ္တဝါတို့တွင် မြွေပွေးသည် အဆိပ်ပြင်းသော သတ္တဝါ တစ်မျိုးဖြစ်သည်။ ရေသတ္တဝါတို့ တွင် ငါးရွေးသည် အဆိပ်ပြင်းသော သတ္တဝါတစ်မျိုး ဖြစ်သည်။

Read Users' Comments (0)

ကုန်းမှာ မြွေငန်း၊ ရေမှာ ရေတန်း

(ဆိုရိုးစကား)

      ကုန်းပေါ်တွင် ငန်းမြွေသည် အဆိပ်ပြင်းသော သတ္တဝါ ဖြစ်သကဲ့သို့ ရေထဲတွင် ရေတန်း ခေါ် ငါးဖန်ခွက်သည် အဆိပ်ပြင်းသော သတ္တဝါ ဖြစ်သည်။

Read Users' Comments (0)

ကုန်းနေ ကိုးကုဋေ၊ ရေနေ ဆယ်ကုဋေ

(ဆိုရိုးစကား)

      ကုန်းနေသတ္တဝါလည်း များစွာ ရှိသည်။ ရေနေ သတ္တဝါသည် ထို့ထက်ပင် များသေးသည်။

Read Users' Comments (0)

ကုန်ရှုံးလျှင် တစ်ခေါက်၊ လင်ကုန်ရှုံးလျှင် တစ်သက်လုံးမှောက်

(ဆိုရိုးစကား)

      ကုန်သွယ်၍ကုန်ရှုံးလျှင် တစ်ခေါက်သာရှုံးသည်။ တစ်ကြိမ်ကြိမ်တွင် အမြတ်ပြန်ရနိုင်သေးသည်။ အိမ်ထောင်ဖက် အရွေးမှားလျှင်ကား တစ်သက်လုံး ဒုက္ခတွေ့ရတတ်သည်။

Read Users' Comments (0)

ကုဉ္ဇရော ဒန္တေသု ဟညတေ

(ဆိုရိုးစကား)

      ဆင်သည် သူ့မှာရှိသော အစွယ်ကြောင့် အသတ်ခံရသည်။ (ကုဉ္ဇရော - ဆင်ကို၊ ဒန္တေသု - အစွယ် တို့ကြောင့်၊ ဟညတေ - သတ်အပ်၏။) (နာဂေါ ဒန္တေသု ဟညတေ - ဟူ၍လည်း အဆိုရှိသည်။)

Read Users' Comments (0)

ကိစ္စမြားမြောင် လူတို့ဘောင်

(ဆိုရိုးစကား)

      လူ့ဘောင်လောကသည် ကိစ္စအမျိုးမျိုး များပြားလှ၏။

        ဃရာဝါသော ဗဟုကိစ္စော - နှင့် အတူတူ။

Read Users' Comments (0)

ကောက်နှောင်း ဆင်စာ၊ သားနှောင်း ကျွန်ရာ

(ဆိုရိုးစကား)

      နောက်ကျမှ ပေါက်ရသော ကောက်ပင်သည် ကြီးထွားခွင့်မရသဖြင့် ဆင်စာကျွေးရန်သာ အသုံး ဝင်သည်။ မိဘ အရွယ်လွန်မှ ရသော သားသည်လည်း ကြီးပွားခွင့် မရသဖြင့် အောက်ကျနောက်ကျ နေရသည်။

Read Users' Comments (0)

ကံသာလျှင် အမိ၊ ကံသာလျှင် အဖ

(ဆိုရိုးစကား)

      ကံသည် မိဘသဖွယ် အားကိုးအားထားရာ ဖြစ်သည်။

Read Users' Comments (0)

ကံရှိမှ မြတ်၊ ဉာဏ်ရှိမှ တတ်

(ဆိုရိုးစကား)

      ရှေးဘုန်းရှေးကံရှိသူမှ မြင့်မြတ်သည်။ ပညာဉာဏ် ရှိသူမှ တတ်စွမ်းနိုင်သည်။

        ကံရှိမှ တတ်၊ ဉာဏ်ရှိမှ မြတ် - နှင့် နှိုင်းယှဉ်။

Read Users' Comments (0)

ကံရှိမှ တတ်၊ ဉာဏ်ရှိမှ မြတ်

(ဆိုရိုးစကား)

      ကုသိုလ်ကံရှိသူမှ တတ်စွမ်းနိုင်သည်။ ပညာဉာဏ် ရှိသူမှ မြင့်မြတ်သည်။

        ကံရှိမှ မြတ်၊ ဉာဏ်ရှိမှ တတ် - နှင့် နှိုင်းယှဉ်။

Read Users' Comments (0)

ကံမဲ့သူ ရှာမှီး၊ ကံကြီးသူ ခံစား

(ဆိုရိုးစကား)

      ကုသိုလ်ကံ မရှိသူသည် ပစ္စည်းဥစ္စာကို ရှာဖွေစုဆောင်း၍ ရပါသော်လည်း မိမိဥစ္စာကို မခံစားရဘဲ ရှိတတ်သည်။ ကုသိုလ်ကံကြီးမားသူမှာကား ထိုသူစုဆောင်းထားခဲ့သော စည်းစိမ်ဥစ္စာကို အဆင်သင့် ခံစားရပေသည်။ (ကံနည်းသူ စုဆောင်း၊ ကံကောင်းသူ ခံစား - ဟူ၍လည်း အဆိုရှိသည်။)

Read Users' Comments (0)

ကံမရှိ ဉာဏ်ရှိတိုင်းမွဲ

(ဆိုရိုးစကား)

      ကုသိုလ်ကံ မရှိလျှင် ချမ်းသာလို၍ ဉာဏ်ရှိသမျှ လုပ်ဆောင်လေ ဆင်းရဲလေ ဖြစ်သည်။

        ကံမရှိ ဉာဏ်ရှိတိုင်းမွဲ - စကားပုံလည်းရှု။

Read Users' Comments (0)

ကံထမ်းလာတာ မမြင်ရ၊ လှံထမ်းလာတာသာ မြင်ရ

(ဆိုရိုးစကား)

      လှံထမ်းလာတာကို မြင်ရ၊ ကံထမ်းလာတာကို မမြင်ရ - နှင့် အတူတူ။

Read Users' Comments (0)

ကံတူ အကျိုးပေး

(ဆိုရိုးစကား)

      ၁၊ မိမိပြုလုပ်ခဲ့သော ကောင်းမှု မကောင်းမှုနှင့် တူညီသော ကောင်းကျိုးဆိုးကျိုးကို ရရှိသည်။

        သဒိသံ ပါကံ ဇနေတိ - နှင့် အတူတူ။

      ၂၊ ပြုခဲ့သော ကောင်းမှု မကောင်းမှု ကံချင်းတူကြသဖြင့် ကောင်းကျိုး ဆိုးကျိုး ခံစားရာ၌ တူကြ သည်။

Read Users' Comments (0)

ကောဓော အတ္ထံ နဇာနာတိ

(ဆိုရိုးစကား)

      ဒေါသအမျက်ထွက်ခြင်းသည် အကျိုးအကြောင်း အဆိုးအကောင်းကို မသိနိုင်။ (ကောဓော - အ မျက်သည်၊ အတ္ထံ - အကျိုးကို၊ နဇာနာတိ - မသိ။)

Read Users' Comments (0)

ကဲ့ရဲ့ ခုနစ်ရက်၊ ချီးမွမ်း ခုနစ်ရက်

(ဆိုရိုးစကား)

        ချီးမွမ်း ခုနစ်ရက်၊ ကဲ့ရဲ့ ခုနစ်ရက် နှင့် အတူတူ။

Read Users' Comments (0)

ကုသိုလ်လည်းရ၊ ဝမ်းလည်းဝ

(ဆိုရိုးစကား)

      ၁၊ အချို့သောအသက်မွေးဝမ်းကြောင်းလုပ်ငန်းများသည် ဝမ်းဝရုံမျှသာမက စိတ်ထားတတ်လျှင် ကုသိုလ်လည်း ရသည်။

        ကုသိုလ်လည်း ရ ဝမ်းလည်း ဝ - စကားပုံလည်းရှု။

      ၂၊ အချို့သော ကုသိုလ်ကောင်းမှု လုပ်ငန်းများသည် ကုသိုလ်ရရုံမျှသာမက ဝမ်းလည်း ဝသည်။

Read Users' Comments (0)

ကုသိုလ်ရေစက် အဆက်မကွာ

(ဆိုရိုးစကား)

      ရှေးရှးဘဝက အတူတကွ ပြုခဲ့ကြဖူးသော ကုသိုလ်ကြောင့် ယခုဘဝတွင် ပြန်လည်ဆုံစည်း ကြရ သည်။

Read Users' Comments (0)

ကုလား အချုပ်၊ တရုတ် အထည်

(ဆိုရိုးစကား)

      အဝတ်အထည်ကို ဆေးခိုင်အောင် ချုပ်ဆေးဖြင့် ချုပ်ရာတွင် ကုလားလူမျိုးက ကျွမ်းကျင်သည်။ ပိုးဖဲစသည့် အထည်အလိပ်များ ရက်လုပ်ရာတွင် တရုတ်လူမျိုးက ကျွမ်းကျင်သည်။

        ကုလား အချုပ်၊ တရုတ် အခြယ် - နှင့် နှိုင်းယှဉ်။

Read Users' Comments (0)

ကုလား အချုပ်၊ တရုတ် အခြယ်

(ဆိုရိုးစကား)

      ကုလားလူမျိုးသည် အဝတ်အထည် ချုပ်ရာတွင် နိုင်နင်းကျွမ်းကျင်၍ တရုတ်လူမျိုးကမူ ပန်းချီ ဆေးခြယ်ရာတွင် နိုင်နင်း ကျွမ်းကျင်သည်။

        ကုလား အချုပ်၊ တရုတ် အထည် - နှင့် နှိုင်းယှဉ်။

Read Users' Comments (0)

ကုရာ နတ္ထိ ဆေးမရှိ

(ဆိုရိုးစကား)

      ကိလေသာ ကာမတည်းဟူသော ကိုယ်တွင်းနာကို ကုသနိုင်သော ဆေးဝါးမရှိ။

Read Users' Comments (0)

ကာလံ ဒေသံ အဂ္ဃံ ဓနံ

(ဆိုရိုးစကား)

      ပစ္စည်းတန်ဖိုးကို အချိန်အခါ၊ နေရာ‌ဒေသလိုက်၍ ဆုံးဖြတ်ရသကဲ့သို့ အချို့သော လူမှုကိစ္စများကို အချိန်အခါ၊ နေရာဒေသအလိုက် ဆောင်ရွက်ကြရသည်။ (ကာလံ - အချိန်အခါ၊ ဒေသံ - နေရာဒေသ၊ အဂ္ဃံ - တန်ဖိုး၊ ဓနံ - ပစ္စည်းဥစ္စာ။)

Read Users' Comments (0)

ကလေးရှက်တော့ ငို၊ လူကြီးရှက်တော့ ရယ်

(ဆိုရိုးစကား)

      ကလေးရှက်သည့်အခါ ငိုတတ်သည်။ လူကြီး ရှက်သည့်အခါ အရှက်ပြေ ရယ်တတ်သည်။ (လူငယ်ရှက်က ငို၊ လူကြီးရှက်က ရယ် - ဟူ၍လည်း အဆိုရှိသည်။)

Read Users' Comments (0)

ကလေးပါးစပ်မှာ အစား၊ ဈေးပါးစပ်မှာ စကား

(ဆိုရိုးစကား)

      ကလေးပါးစပ်သည် အစားမျိုးစုံကို စားတတ်သည်။ ဈေးသည် ပါးစပ်သည် စကားမျိုးစုံကို ပြော တတ်သည်။

Read Users' Comments (0)

ကရင်သားမွေး ခေါင်းမဆေးနှင့်၊ အိုးစည်တီး ပြီးအောင်ဆေး

(ဆိုရိုးစကား)

      ခေါင်းမလျှော်သင့်သော နေ့များမှာ တနင်္လာ၊ ဗုဒ္ဒဟူး၊ သောကြာ၊ ကြာသပတေး ဖြစ်သည်။ ခေါင်းလျှော်သင့်သော နေ့များမှာ တနင်္ဂနွေ၊ အင်္ဂါ၊ စနေ ဖြစ်သည်။ (က = တနင်္လာ၊ ရင် = ဗုဒ္ဒဟူး၊ သား = သောကြာ၊ မွေး = ကြာသပတေး၊ အိုး = တနင်္ဂနွေ၊ စည် = အင်္ဂါ၊ တီး = စနေ။) (ကရင်သားမွေး၊ ခေါင်းမဆေးနှင့်၊ စံထွန်းအေး၊ ခေါင်းဆေးတော့။ အောင်စည်တီးခေါ် နေ့သုံးဖော် လျှော်လေဦးခေါင်းသာ၊ ကုလားမသား နေ့လေးပါး ခေါင်းကားမလျှော်ရာ - ဟူ၍လည်း အဆိုများ ရှိသည်။)

Read Users' Comments (0)

ကရုဏာ လဟုနာဖြစ်

(ဆိုရိုးစကား)

      သနားသဖြင့် ဆောင်ရွက်သော အမှုသည် မလေးနက်ဘဲ အချည်းနှီး ဖြစ်သွားသည်။

Read Users' Comments (0)

ကတညုတ ကတဝေဒီ

(ဆိုရိုးစကား)

      မိမိအား ကျေးဇူးပြုဖူးသူကို သူ၏ကျေးဇူးကို သိသည့်အလျောက် ကျေးဇူးတုံ့ပြန်ဆပ်သည်။ (ကတညုတ - သူ ပြုဖူးသော ကျေးဇူးကို သိခြင်း၊ ကတဝေဒီ - ကျေးဇူးတုံ့ပြန်ဆပ်ခြင်း။)

Read Users' Comments (0)

ကဆုန်အတွင်း၊ မြေသင်းပျံ့ပျံ့၊ မိုးနံ့နံ့

(ဆိုရိုးစကား)

      မိုးသည် ကဆုန်လတွင် မြေသင်းနံ့ ထွက်ရုံလောက် ဖွဲဖွဲရွာသည်။

Read Users' Comments (0)

ကဆုန်၊ နယုန် ဆွေ့ဆွေ့ခုန်

(ဆိုရိုးစကား)

      ကဆုန်လနှင့် နယုန်လ၌ ဆွေ့ဆွေ့ခုန်လောက်အောင် နေပူရှိန် အလွန်ပြင်းလှသည်။

Read Users' Comments (0)

ကစားသမား စကားမတည်

(ဆိုရိုးစကား)

      လောင်းကစားသမားသည် စကားမတည်တတ်ပေ။

Read Users' Comments (0)

စကားကြီးဆယ်မျိုး

     လူမှုဆက်ဆံရေး ကိစ္စအရပ်ရပ်တွင် စကားပြောဆိုခြင်းသည် အရေးပါ အရာရောက်လှပေသည်။ စကားကို စနစ်တကျ ပြောဆိုတတ်လျှင် ကိစ္စကြီးငယ် ပေါ်ပေါက်လာပါက အလွယ်တကူ ပြီးမြောက် အောင်မြင်နိုင်လေသည်။
     တစ်ဦးချင်း ဖြစ်စေ၊ တစ်ဖွဲ့ချင်း ဖြစ်စေ၊ နိုင်ငံအချင်းချင်း ဖြစ်စေ ဆက်သွယ်မှု ပြုကြရာ၌ စကားပြောဆို ခြင်းနှင့် မကင်းပေ။ စကား ပြောဆိုမှု ကျွမ်းကျင်လျှင် လိုအပ်သော ကိစ္စ ပြီးမြောက်နိုင်ပေသည်။ မကျွမ်းကျင်လျှင် လိုအပ်သော ကိစ္စ မပြီးမြောက်ဘဲ မလိုလား အပ်သော ဆိုးကျိုးများပင် ပေါ်ပေါက် လာတတ်ပေသည်။
     ရှေးမြန်မာ ဘိုးဘွားများသည် စကားပြောရာတွင် ထိရောက်ပိုင်နိုင်မှု ရှိအောင် နည်းအမျိုးမျိုးဖြင့် ပြောဆိုတတ်ကြပါသည်။ ထိုသို့ ပြောရာတွင် စကားပြောနည်း ဆယ်မျိုးကို ပိုင်းခြားသတ်မှတ် ထားပါသည်။ ယင်းတို့ကို စကားကြီးဆယ်မျိုး ဟူ၍ ခေါ်ပါသည်။
     စကားကြီး ဆယ်မျိုးမှာ -
(၁) ရေကူးညာတင် ပြောနည်း 
(၂) ကောက်ပင်ရိတ်လှီး ပြောနည်း
(၃) ရေစီးဖောင်ဆန် ပြောနည်း 
(၄) အိုးတန်ဆန်ခတ် ပြောနည်း 
(၅) ဆီပွတ်ကျည်ပွေ့ ပြောနည်း 
(၆) ဆင်ဝှေ့ရန်ရှောင် ပြောနည်း 
(၇) တောင်သူယာခုတ် ပြောနည်း 
(၈) ကြက်ဆုတ်ခွပ်ပစ် ပြောနည်း 
(၉) ရေစစ်ကရား ပြောနည်း 
(၁၀) ခတ်တင်မောင်းနင်း ပြောနည်း 
တို့ ဖြစ်ပါသည်။

Read Users' Comments (0)

ခတ်တင်မောင်းနင်း ပြောနည်း

    ခတ်တင်သည် တစ်ခု၊ မောင်းနင်းသည် တစ်ခုဟူ၍ ပညာရှင်တို့ အဆိုအမိန့် ရှိလေသည်။
    ခက်ဆိုသည်မှာ ပုခက်ကဲ့သို့ အခက်အလက် အပြားအချပ်ကို ဆိုလိုသည်။ ၎င်းတို့ကို အောက်မှ အပေါ်သို့ တင်ရာ၌ ကြိုးဖြင့် ဆွဲငင် ရလေသည်။ ထိုသို့ အပေါ်သို့ တင်ရာ၌ ပုခက် စသည်တို့ လမ်းခုလတ်မှ ရှိနေစဉ် အပေါ်တက်မည် အောက်ဆင်း မည်ဟု အတိအကျ မပြောနိုင်ပေ။ ကြိုးဆွဲသူက လျှော့ပေးလျှင် အောက်သို့ ဆင်းလာမည်။ ကြိုးဆွဲသူက တင်းအောင် ဆွဲယူလျှင် အပေါ်သို့ တက်သွားမည်။
    မောင်းဆိုသည်မှာ ဆန်ဖွပ်သည့်မောင်း၊ ရေယူသည့်မောင်း စသည်ဖြင့် အမျိုးမျိုး ရှိ၏။ ဆန်ဖွပ်သည့် မောင်းကို ကြည့်ပါ။ မောင်း၏ ရှေ့ပိုင်းသည် လမ်းခုလတ်၌ ရှိနေစဉ် အောက်ကျမည် အပေါ်တက်မည်ဟု အတိအကျ မပြောနိုင်ပေ။ မောင်းနင်းသူက နင်းချလျှင် အပေါ် တက်သွားမည်။ မောင်းနင်းသူက ခြေထောက် လွှတ်ပေးလျှင် အောက်သို့ ကျသွားမည်။
    ထိုနည်းအတူ စကားပြောရာ၌ တစ်ဖက်က ပြောလာမည့် စကားကို ဟုတ်သည်လည်း မပြော၊ မဟုတ်ဘူးလည်း မပြောဘဲ မတင်မကျ ပြောခြင်းဖြင့် လိုရာ ပြီးမြောက် စေခြင်းသည် ခတ်တင်မောင်းနင်း စကားပြောနည်း မည်၏။

Read Users' Comments (1)comments

ရေစစ်ကရား ပြောနည်း

    ရေစစ်ကရားဆိုသည်မှာ ရေစစ်ခွက်ပင် ဖြစ်သည်။ ဒန်၊ ကြေး၊ နှီးယွန်း စသည်ဖြင့် ပြုလုပ်ထားသော ထိုခွက်ငယ်ကို မျက်နှာစာ ဘက်၌ အဝတ်စ အုပ်၍ ချုပ်ထားသည်။ နောက်ဖက်ပိုင်း၌ လေဝင်ပေါက် ခပ်ကျဉ်းကျဉ်း ပါရှိသည်။
    ထိုရေစစ်ခွက်ကို လေဝင်ပေါက် ဖွင့်ထားပြီး ရေထဲနှစ်လိုက်လျှင် ခွက်ထဲသို့ ရေဝင်လာသည်။ ရေပြည့်သော အခါ လေဝင်ပေါက်ကို လက်မဖြင့် ပိတ်၍ မ ယူလိုက်လျှင် ရေမဖိတ် မယိုဘဲ ပါရှိလာသည်။
    တစ်ဖန် ထိုရေကို မိမိ ထည့်လိုရာ ခွက်ထဲသို့ ထည့်ရာ၌ လေဝင်ပေါက်ကို ဖွင့်လိုက်ရုံသာ ရှိသည်။ (ပိုးမွှား အမှိုက်သရိုက် မပါသော ရေသန့်ကို ရရှိရန် ရေစစ် ကိရိယာ တစ်မျိုးဖြစ်၏။)
    ထိုနည်းအတူ စကားပြောရာ၌ တစ်ဖက်က ပြောဆိုချက် များကို မှတ်သားပြီး ထိုအချက်များ ပြောင်းလဲ ငြင်းပယ်ခြင်း မပြုနိုင်အောင် မိမိက အပိုင်အနိုင် ပြောခြင်း၊ မိမိ လိုရာသို့ တစ်ဖက်က ဝန်ခံ လိုက်ပါလာအောင် ပြောခြင်းသည် ရေစစ်ကရား စကားပြောနည်း မည်၏။

Read Users' Comments (0)

ကြက်ဆုတ်ခွပ်ပစ် ပြောနည်း

    ကြက်များသည် တစ်ကောင်နှင့်တစ်ကောင် အရှုံးအနိုင် ခွပ်ရာ၌ နောက်သို့ ဆုတ်ပေးခြင်း၊ အရှိန်ဖြင့် ရှေ့သို့တိုးကာ ပစ်ခွပ် ခွပ်ခြင်းဟူသော နည်းပရိယာယ်ကို အသုံးပြုလေ့ ရှိ၏။ ကျွမ်းကျင်သော တိုက်ကြက် များသည် တစ်ဖက်မှ ရန်သူကြက် အရှိန်ဖြင့် ထိုး၍ ခွပ်လိုက်သည့် အခါ မိမိက အလိုက်သင့် နောက်သို့ ဆုတ်ပေးပြီး တစ်ဖက်မှကြက် အရှိန်ပျက် သွားအောင် ပစ်၍ ခွပ်ခြင်းဖြင့် အနိုင်ယူ လေ့ရှိ၏။
    ထိုနည်းအတူ စကားပြောရာ၌ တစ်ဖက်က ပြောဆိုချက်များကို မဆန့်ကျင်ဘဲ ထိုက်သင့်သလို လိုက်လျောကာ မိမိ လိုအပ်သည့် အကွက် ဆိုက်လာမှ တင်စီးပြီး အပိုင်အနိုင် ပြောခြင်းမျိုးသည် ကြက်ဆုတ်ခွပ်ပစ် စကားပြောနည်း မည်၏။

Read Users' Comments (0)

တောင်သူယာခုတ် ပြောနည်း

    လယ်ယာလုပ်ကိုင်သူ တောင်သူတို့သည် ယာကွက်၊ လယ်ကွက် ပြုလုပ်ရန် မြေနေရာ ရှင်းလင်းရာ၌ သစ်ပင်ငယ်များ ချုံဖုတ်များကို ရှေးဦးစွာ ခုတ်ထွင် ရှင်းလင်းပစ်၏။ ထို့နောက်မှ သစ်ပင်ကြီး များကို ခုတ်လှဲ ရှင်းလင်းပစ်ကြသည်။ ထိုသို့ အသေးအငယ် များကို ရှင်းလင်းပြီးမှ အကြီးအမား များကို ခုတ်လှဲ ရှင်းလင်းခြင်းဖြင့် ယာကွက် လယ်ကွက် များကို စနစ်တကျ ဖော်ထုတ် ယူကြသည်။
    ထိုနည်းအတူ စကားပြောရာ၌ ရှေးဦးစွာ သေးငယ်သော အချက်အလက် နှိုင်းယှဉ်ချက် များကို အဆင့်ဆင့် ဖော်ပြပြီးလျှင် ကြီးမား လေးနက်သော အချက်အလက် နှိုင်းယှဉ်ချက်ဖြင့် သိမ်းချုပ်၍ ပြောခြင်းမျိုးသည် တောင်သူယာခုတ် စကားပြောနည်း မည်၏။

Read Users' Comments (0)

ဆင်ဝှေ့ရန်ရှောင် ပြောနည်း

    ဆင်သည် ခွန်အားကြီးမားသော အကောင်ကြီးဖြစ်ရာ ၎င်း၏ အထိုးအဝှေ့ကို ခံရလျှင် အသက်သေ သည်အထိ ဘေးသင့်နိုင်၏။ ထို့ကြောင့် ဆင်က ထိုးလာ ဝှေ့လာလျှင် အရဲစွန့်ပြီး ရပ်တန့် မနေသင့်ပေ။ သွက်လက် ကျွမ်းကျင်သော အခုန်အလွှား ခြေလှမ်း များဖြင့် တိမ်းဖယ်ပြီး ဆင်၏ ရန်ကို ရှောင်ရှား သင့်ပေသည်။
    ထိုနည်းအတူ စကားပြောရာ၌ မိမိထံသို့ ကြီးမားသော အပြစ်ဒဏ် ကျရောက် လာမည်ကို မာန်သွင်း ဟန်တင်းကာ ဖက်ပြိုင်ခြင်း မပြုဘဲ ထိုက်လျောက်အောင် လွှဲဖယ်၍ ပြောဆိုခြင်းသည် ဆင်ဝှေ့ရန်ရှောင် စကားပြောနည်း မည်၏။

Read Users' Comments (0)

ဆီပွတ်ကျည်ပွေ့ ပြောနည်း

    ရှေးအခါက စားသုံးရန် ဆီကို သစ်သားဆုံဖြင့် ပွတ်ကြိတ်ပြီး ယူကြရသည်။ ဆီပွတ်ရာ၌ နွား၊ ကျွဲများကို အသုံးပြုသည်။ တစ်ကြိမ် ဆီပွတ်လျှင် တစ်နာရီကျော် ကြာပြီး ဆီနှစ်ပိဿာခန့် ရရှိသည်။ ဆီဆုံခွက်ထဲတွင် မြေပဲဆန် သို့မဟုတ် နှမ်းကို အချိုးကျ ထည့်ပြီး ကျည်ပွေ့ဖြင့် အထပ်ထပ် အခါခါ လှည့်ပတ် ပွတ်ကြိတ်လျှင် ဆီကောင်း ဆီသန့်ကို ရရှိလေသည်။
    ထိုနည်းတူ စကားပြောရာ၌ မိမိလိုအပ်သည်ကို ရရှိရန် အကြိမ်ကြိမ် အထပ်ထပ် သိမ်းသွင်း ပြောဆိုခြင်းသည် ဆီပွတ်ကျည်ပွေ့ စကားပြောနည်း မည်၏။

Read Users' Comments (0)

အိုးတန်ဆန်ခတ် ပြောနည်း

    ရှေးခေတ်မြန်မာတို့သည် ထမင်းချက်ရာ၌ ပြည်ဝင်အိုး၊ ခွက်ဝင်အိုး၊ စလယ်ဝင်အိုး စသည်ဖြင့် အိုးကြီး၊ အိုးငယ် ခွဲခြားလျက် ရှိလေသည်။
    အိုးသေးသေး၌ ဆန်များများ ထည့်၍ ချက်လျှင် ပျော့စိစိ မနူးမနပ် ဖြစ်ကာ ထမင်း ပျက်စီး သွားတတ်သည်။
    အိုးကြီးကြီး၌ ဆန်အနည်းငယ်မျှသာ ထည့်၍ ချက်လျှင်လည်း ထမင်းအိုးတွင် ကပ်ပြီး တူးခြစ် သွားတတ်သည်။ ထမင်းကောင်းကို မရနိုင်ပေ။
    အိုးကြီး၊ အိုးငယ်နှင့် လိုက်ဖက်သော ဆန်အနည်း အများကို ချင့်ချိန်ထည့်ပြီး ချက်မှသာလျှင် ထမင်း ကောင်းကောင်း ဖြစ်လာနိုင်ပေသည်။ အိုးနှင့်ဆန် တန်ရုံဟူသော ဆိုရိုးစကား ရှိလေသည်။
    ထိုနည်းတူ စကားပြောရာ၌ ဖြစ်ပေါ်လာသည့် အကြောင်းကိစ္စနှင့် လိုက်လျောညီထွေ ဖြစ်အောင် မယုတ်မလွန် စကားပြောခြင်းသည် အိုးတန်ဆန်ခတ် စကားပြောနည်း မည်၏။

Read Users' Comments (0)

ရေစီးဖောင်ဆန် ပြောနည်း

    အောက်အရပ်မှ အထက်အရပ်သို့ ရေလမ်းခရီးဖြင့် သွားရောက်လို သူသည် ဖောင်ကြီး ပေါ်၌ မိမိ အလိုရှိသော ပစ္စည်းများကို တင်ဆောင်လျက် လှော်ခတ် သွားရ၏။ ရေစီးရေလာ အကွေ့အဝိုက်ကို ကြည့်ရှုဆင်ခြင်၍ လမ်းသင့်အောင် ထိန်းပဲ့ပြီး လှော်ခတ်သွားရ၏။ သို့မှသာ မိမိ ရောက်လိုရာ အရပ်သို့ ဆိုက်ရောက်ကာ ပါလာသည့် ပစ္စည်းများကို အသုံးပြုခြင်း၊ ရောင်းချခြင်းဖြင့် အကျိုး ပြီးမြောက်မည် ဖြစ်လေသည်။
    ထိုနည်းတူ စကားပြောရာ၌ ခြေသိမ်း ခေါင်းပိုက် မိမိ လိုရာသို့ ဆိုက်အောင် ဥပမာ ဥပမေယျ နှင့်တကွ စကားသွား စကားလာကို ဆင်ခြင်၍ ပြောခြင်းသည် ရေစီးဖောင်ဆန် စကားပြောနည်း မည်၏။

Read Users' Comments (0)

ကောက်ပင်ရိတ်လှီး ပြောနည်း

    ကောက်ပင်နှင့် စပါးပင်သည် အတူတူ ဖြစ်၍ ကောက်ရိတ်ခြင်း ဟူသည်မှာ စပါးရိတ် ခြင်းပင် ဖြစ်၏။
    ရိတ်ခြင်း၊ လှီးခြင်း၊ ဖြတ်ခြင်း ဟူသော အသုံးအနှုန်း ဝေါဟာရ များသည် တစ်သဘောတည်း အကျုံးဝင်လေ၏။
    ကောက်ရိတ်သောသူသည် လက်တစ်ဖက်က ကောက်ပင်ကို မိမိရရ ဆုပ်ကိုင်ပြီး အခြား လက်တစ်ဖက်က တံစဉ်ဖြင့် ပိုင်ပိုင်နိုင်နိုင် ရိတ်လှီးရ၏။ သို့မှသာ ကောက်ပင်မှ ကောက်စာနှံများ ဘေးသို့ စဉ်ထွက် မသွားဘဲ တစ်လုံးတစ်စည်း ပြည့်ပြည့်စုံစုံ ရရှိနိုင်လေသည်။
    ထိုနည်းအတူ စကားပြောရာ၌ တစ်ဖက်က ပြောသူ၏ စကားထဲမှ အချက်အလက် များကို မှတ်သား ထားရ၏။ ထိုအချက်အလက်များ တစ်ဖန် ပြောင်းလဲသွားခြင်း မပြုနိုင်ရန် မိမိက စကားထောက် စကားချည်း ပြောပေးရ၏။ နောက်ဆုံးတွင် တစ်ဖက်မှ စကားပြောသူ မငြင်းသာဘဲ ဝန်ခံ လိုက်နာရအောင် အပိုင်အနိုင် ပြောဆိုခြင်းသည် ကောက်ပင်ရိတ်လှီး စကားပြောနည်း မည်၏။

Read Users' Comments (0)

ရေကူးညာတင် ပြောနည်း

     မြန်မာစကား အသုံးအနှုန်းတွင် ‘အညာ’’အကြေ’ ဟူ၍ ရှိ၏။ အညာ ဟူသည်မှာ အထက်ဘက် အရပ် ဖြစ်သည်။ အကြေ ဟူသည်မှာ အောက်ဘက် အရပ် ဖြစ်သည်။
     မြစ်များ၊ ချောင်းများသည် အထက်ဘက်မှ အောက်ဘက်သို့ စီးဆင်းမြဲ ဖြစ်၏။
     မြစ်များ၊ ချောင်းများကို တစ်ဖက်ကမ်းမှ အခြား တစ်ဖက်ကမ်းသို့ ကူးရောက် လိုသူသည် မိမိ ရောက်ရှိလိုသည့် နေရာသို့ တည့်တည့်ကြီး ကူးသွား၍ မရပေ။ ရေစီးဖြင့် မျောပါသွားပြီး အခြား တစ်နေရာသို့ ဆိုက်ရောက် သွားပေလိမ့်မည်။
     မိမိ ရောက်ရှိလိုသည့် နေရာနှင့် အထက် အညာဘက် ကျကျ နေရာမှ မှန်းဆပြီး စတင် ကူးခတ် ရလေသည်။ သို့မှသာလျှင် ရေစီး အရှိန်နှင့် မိမိ ကူးခတ်သည့် အရှိန် ဟန်ချက်ညီကာ လိုရာ အရပ်သို့ ဆိုက်ရောက် နိုင်ပေသည်။
     ထိုနည်းတူ စကားပြောရာ၌ မိမိ လိုအပ်နေသည့် အဆင့်၊ မိမိ လိုအပ်နေသည့် အခြေအနေကို တစ်ကြိမ်တည်း တိုက်ရိုက် မပြောဘဲ အပိုအသာ ကြိုတင်ပြီး ပြောခြင်းသည် ရေကူးညာတင် စကားပြောနည်း မည်၏။

Read Users' Comments (0)

ဠကြီးအက္ခရာ

Read Users' Comments (0)



    အကုသိုလ်
    အကဲခတ်
    အကဲဆတ်
    အကောင်အထည်
    အကတ်ကိုင်
    အကန့်အသတ်
    အကုန်အကျများ
    အကုန်အစင်
    အကယ်တည့်
    အကယ်တန္နု
    အကျိအချွဲ
    အကျောပေး
    အကျော်ဇေယျ
    အကျော်ပင်
    အကျိုးနည်း
    အကျိုးနပ်
    အကျိုးယုတ်
    အကျောက်အကန်ပြော
    အကျင့်စာရိတ္တ
    အကျင့်တန်
    အကျဉ်အခဲ
    အကျဉ်းချုပ်
    အကျဉ်းချုံး
    အကျဉ်းထောင်
    အကျဉ်းအကျပ်
    အကျည်းတန်
    အကျိတ်အခဲ
    အကျိတ်အဖု
    အကျပ်ကိုင်
    အကျုံးဝင်(အရေအတွက်ဝင်)
    အကျယ်တဝင့်
    အကြားရကတ်
    အကြားအလပ်
    အကြေအညာ
    အကြောထုံး
    အကြောမျက်
    အကြောအခြင်
    အကြံအစည်
    အကြိုနေ့(သင်္ကြန်)
    အကြိုအကြား
    အကြောင်ရိုက်
    အကြောင်းချင်းတ
    အကြောင်းခြင်းရာ
    အကြောင်းအရာ
    အကြတ်နေ့(သင်္ကြန်)
    အကြိတ်အနယ်
    အကြပ်တပ်သား
    အကြုပ်အဆင့်
    အကြမ်းဖျင်း
    အကြိမ်ကြိမ်အဖန်ဖန်
    အကွင်းအခြည်
    အကွပ်အထိန်း
    အကျွေးအမွေး
    အကျွမ်းဝင်
    အကြွေအနုပ်
    အကြွေးအငမ်း
    အကြွင်းမဲ့
    အခရာ
    အခါတစ်ပါး
    အခဲမကျေ
    အခဲအပျဉ်
    အခံ့သား
    အခိုက်အတန့်
    အခန့်သင့်
    အခန်း(အိမ် စာအုပ်)
    အခုန်အလွှား
    အခမ်းအနား
    အခုံး
    အချိ
    အချီအချ
    အချီးစကား
    အချေအတင်
    အချောသပ်
    အချိုသတ်
    အချိုးကျ
    အချက်အချာ
    အချင်း(ကျွဲ)
    အချင်း(စက်ဝိုင်း)
    အချင်းကြီးအချင်းငယ်
    အချင်းခပ်သိမ်း
    အချင်းချင်း
    အချင်းများ
    အချင်းအတ
    အချည်းစည်း
    အချည်းနှီး
    အချိတ်ပုဆိုး
    အချုပ်အခြာ
    အချုပ်အထိန်း
    အခြောက်တိုက်
    အခြင်(ရနယ်)
    အခြင်းအရာ
    အခွံအခေါက်
    အခွင့်အလမ်း
    အခွန်အတုတ်
    အခြွေအရံ
    အဂတိလိုက်စား
    အငုတ်အရင်း
    အငမ်းမရ
    အငြိုးထား
    အငြင်းသန်
    အငြိမ့်ပွဲ
    အငြိမ့်သမ
    အငြိမ်းစား
    အစသတ်
    အစာကြေ
    အစားကြူး
    အစီခံ(ဆေးလိပ်)
    အစီအစဉ်
    အစီအလျဉ်
    အစူအစဉ်
    အစောက်(အလျား အနံ )
    အစဉ်တစိုက်
    အစဉ်မပြတ်
    အစဉ်းသိ
    အစည်းအ္မရုံး
    အစည်းအဝေး
    အစိတ်စိတ်အမွှာမွှာ
    အစိတ်သား
    အစိတ်အပိုင်း
    အစုတ်ပလုတ်
    အစပ်အပူ
    အစပ်အဟပ်
    အစိပ်အကျဲ
    အစိမ်းသရဲ
    အစိမ်းအရွမ်း
    အစွံရောင်း
    အစွန်အဖျား
    အစွန်းအထင်း
    အစွန်းအဖျား
    အစွမ်းသတ္တိ
    အစွမ်းအစ
    အဆမတန်
    အဆာကျယ်
    အဆီယစ်
    အဆီအငေါ်တည့်
    အဆီအအိမ့်
    အဆောတလျင်
    အဆောက်အဦ(အသုံးအဆောင် ပစ္စည်းစသည်)
    အဆောက်အအုံ(ရုံး ကျောင်း အိမ် စသည်)
    အဆင့်အကြုပ်
    အဆောင်အယောင်
    အဆစ်အမျက်
    အဆုတ်အသည်း
    အဆန်အစေ့
    အဆိပ်အတောက်
    အဆုပ်အခဲ
    အဆိမ့်အအိမ့်
    အဆုံးစွန်
    အဆုံးသတ်
    အဆွေခင်ပွန်း
    အဆွယ်အပွား
    အညတရ
    အညမည
    အညစ်အကြေး
    အညစ်အထည်း
    အညွန့်အဖူး
    အညှောက်
    အဏုကြည့်ကိရိယာ
    အဏုမြူ
    အတလုန်
    အတိအကျ
    အတိအလင်း
    အတောမသတ်
    အတင်ဂိုဏ်း အရုံဂိုဏ်း
    အတင့်ရဲ
    အတိုင်အလှည့်
    အတိုင်းအရှည်
    အတည်တကျ
    အတတ်ပညာ
    အတိတ်ကာလ
    အတိတ်တဘောင်
    အတိတ်နိမိတ်
    အတန်ငယ်
    အတန်တန်
    အတန့်အစင်း
    အတန်းအစား
    အတပ်သိ
    အတပ်အကြပ်
    အတုံ့အပြန်
    အတုံ့အလှည့်
    အတုံးအတစ်
    အတုံးအရုံး
    အတွင်းကြေကြေ
    အတွင်းသန္တာန်
    အတွန့်တက်
    အထီးကျန်
    အထီးတည်း
    အထုအထည်
    အထူးတလည်
    အထဲအပြင်
    အထက်ကျော်ကာရီ
    အထောက်မတန်
    အထိုက်အလျောက်
    အထောင်းအခတ်
    အထည်ကိုယ်
    အထည်ကြီးပျက်
    အထည်အလိပ်
    အထိတ်တလန့်
    အထိန်းအကွပ်
    အထိန်းအချုပ်
    အထိန်းအယ
    အထပ်အဆင့်
    အထုပ်အထည်
    အထုပ်အပိုး
    အထိမ်းအမှတ်
    အထုံဝါသနာ
    အထုံအကျဉ်
    အထုံအထိုင်း
    အထုံအသင်း
    အထုံ့အပိုင်း
    အထုံးအဖွဲ့
    အထွတ်အထိပ်
    အထွတ်အမြတ်
    အဒိန္နာဒါန်
    အဒြနက္ခတ်
    အဓိကရ
    အဓိကရုဏ်း
    အဓိဋ္ဌာန်
    အဓိပ္ပာယ်
    အဓွန့်ရှည်
    အနမတဂ္ဂ
    အနာဂတ်ကာလ
    အနာတကြည်း
    အနာပဆုပ်
    အနာမီးအနာလျှံ
    အနားပတ်
    အနားသတ်
    အနိယတ
    အနီးအကမ်း
    အနုကြမ်းစီး
    အနုစိတ်
    အနုဆုပ်မုန့်
    အနုညာတ(မထင်ရှားသူ)
    အနုညာတခုံ
    အနုရာဓနက္ခတ်
    အနုလုံပဋိလုံ
    အနုသန္ဓေ
    အနေကဇာတင်
    အနေကန်ဧကန်
    အနောတတ်အိုင်
    အနောဓိသမေတ္တာ
    အနံအလျား
    အနံ့အသက်
    အနည်ထိုင်
    အနည်းအကျဉ်း
    အနိဋ္ဌာရုံ
    အနုတ်အပေါင်း
    အနန်းပင်
    အနုပ်စုတ်ကုပ်စုတ်
    အနုပ်အဖွဲ
    အနွံအတာခံ
    အနှံ့အစပ်
    အနှံ့အပြား
    အနှောင့်(ဓား)
    အနှောင့်အယှက်
    အနှိပ်သည်
    အပါးနှပ်
    အပူတပြင်း
    အပူထုတ်
    အပူပြန်
    အပေါ်ယံ
    အပိုအကြို
    အပိုးကျိုး
    အပိုးသတ်
    အပေါက်အလမ်းတည့်
    အပင်းလျှို
    အပေါင်းဆံ့
    အပေါင်းအဖော်
    အပတ်တကုတ်
    အပန်းတကြီး
    အပန်းပြေသွား
    အပန်းဖြေရိပ်သာ
    အပပ်အခွံ
    အပုပ်ချ
    အပါယ်ငရဲ
    အပျော်တမ်း
    အပျိုဖြန်း
    အပျင်းပြေဖတ်
    အပြီးသတ်
    အပြောကျယ်
    အပြက်အပြက်
    အပြောက်အပြိန်း
    အပြောက်အမွမ်း
    အပြင်ပန်းလှ
    အပြောင်အပြက်
    အပြစ်ဒဏ်
    အပြစ်အဆာ
    အပြတ်အသတ်
    အပြန်ပြန်အလှန်လှန်
    အပြွတ်အခိုင်
    အဖုအပိမ့်
    အဖေး(အနာ နှာခေါင်း)
    အဖို့ဘာဂ
    အဖိုးဖြတ်
    အဖက်လုပ်
    အဖတ်ဆယ်
    အဖိတ်နေ့
    အဖိတ်အစဉ်
    အဖန်တလဲလဲ
    အဖန်အခါး
    အဖုံးအပိတ်
    အဖျားဆွတ်(ပြော)
    အဖျော်ယမကာ
    အဖျင်းပြော
    အဖျဉ်းအဆုတ်
    အဖြိုက်နက်
    အဖြစ်သည်း
    အဖြုန်း(ကျောက်)
    အဘိဇိနက္ခတ်
    အဘိညာဉ်
    အဘိဓာန်
    အဘိုးအဘွား
    အဘိုးအေ
    အဘယ်ကြောင့်
    အဘွားအေ
    အမာရွတ်
    အမူအရာ
    အမဲရွတ်
    အမောတကော
    အမည်အရည်
    အမိန့်ပြန်တမ်း
    အမုံအဖူး
    အမျက်(သစ် ဝါး)
    အမျက်ကျောက်
    အမျက်ဒေါသ
    အမြီးပြန်ခေါင်းပြန်
    အမြုတေ
    အမြဲတမ်း
    အမြောက်လက်နက်
    အမြောက်အမြား
    အမြိုက်သုဓာဘုတ်
    အမြင်ကတ်
    အမြိုင့်သား
    အမြည်း(စားဖွယ်)
    အမြတ်အစွန်း
    အမြိတ်အစွန်
    အမွေးစုတ်စုတ်
    အမွေးအမှင်
    အမွန်အစ
    အမွမ်းအမံ
    အမှီတံကဲ
    အမှုထမ်းအရာထမ်း
    အမှိုက်သရိုက်
    အမှတ်တမဲ့
    အမှတ်တရ
    အမှတ်ထင်ထင်
    အမှတ်သညာ
    အမှတ်သည်းခြေ
    အမှန်အကန်
    အမှန်းကမ်းလမ်း
    အမှန်းအဆ
    အမှုန်
    အမှုန့်
    အမျှအတန်းဝေ
    အမျှင်
    အမြှုပ်
    အမွှမ်းတင်
    အမြွှာပူး
    အယားဖျောက်
    အယူသီး
    အယောင်ဆောင်
    အယဉ်အရိုင်း
    အယုတ္တအနတ္တ
    အယုတ်သဖြင့်
    အရဟံ
    အရဟတ္တဖိုလ်
    အရိမေတ္တယျဘုရား
    အရိအရွဲ
    အရူးအနှမ်း
    အရေပြား
    အရေးတော်ပုံ
    အရောတဝင်
    အရံအတား
    အရိုးမျက်
    အရက်ပြန်
    အရောင်ဟပ်
    အရည်ကျို
    အရည်ရွှမ်း
    အရည်လည်
    အရည်အချင်း
    အရည်အဖတ်
    အရည်အသွေး
    အရည်းကြီး
    အရုဏ်ဆွမ်း
    အရုဏ်တက်
    အရန်ပါတီဝင်
    အရန်သင့်
    အရန်းအတား
    အရိန္ဒမာလှံ
    အရပ်ပြစ်ရှစ်ပါး
    အရပ်အမောင်း
    အရိပ်နိမိတ်
    အရိပ်အခြည်
    အရိပ်အယောင်
    အရိပ်အာဝါသ
    အရုပ်ကြိုးပြတ်
    အရုပ်အဆင်း
    အရမ်းကာရော
    အရမ်းအဆ
    အရွေလိုက်
    အရွဲ့တိုက်
    အရွတ်
    အရှိုးထင်
    အရှက်တကွဲ
    အရှင်လတ်လတ်
    အရှင်သခင်
    အရှည်အတို
    အရှိန်အစော်
    အရှိန်အဟုန်
    အရွှန်းပြော
    အလဟဿ
    အလူးအလဲ
    အလေဏတော
    အလံတံခွန်
    အလံရှူး
    အလိုကျူ
    အလိုတော်ရိ
    အလိုအလျောက်
    အလိုက်ကမ်းဆိုး(မသိ)
    အလိုက်သင့်အလျားသင့်
    အလောင်းအလျာ
    အလစ်သုတ်
    အလဇ္ဇီ
    အလုတ်အလွေး
    အလန့်တကြား
    အလုပ်သမ
    အလုပ်အကျွေး
    အလမ္ပာယ်
    အလိမ်အကောက်
    အလိမ်းလိမ်း(ဖုန်)
    အလုံအခြုံ
    အလုံးအဖန်
    အလုံးအရပ်
    အလယ်ကောင်
    အလယ်ဗဟို
    အလယ်အလတ်
    အလျော်အစား
    အလျောက်အလျား
    အလျင်စလို
    အလျင်အမြန်
    အလျင်အဦး
    အလျဉ်(ပုံးရည်)
    အလျဉ်မပြတ်
    အလျဉ်မီ
    အလျဉ်းသင့်
    အလွန်တရာ
    အလွန်အကြူး
    အလွန်အကျွံ
    အလွန်းသင့်
    အလွမ်းသယ်
    အလွယ်တကူ
    အလှူအတန်း
    အလှည့်ကျ
    အလှမ်းကျယ်
    အလျှံပယ်
    အလျှိုအလျှို
    အလျှင်းမသိ
    အဝါးဝ
    အဝီစိတွင်း
    အဝဂ်ဗျည်း
    အဝတ်အထည်
    အဝှန့်(လူ)
    အဝှမ်းအကော
    အသလိဿနက္ခတ်
    အသဝနီနက္ခတ်
    အသာတကြည်
    အသားကျ
    အသားကျပြေး
    အသားတင်
    အသားနီလန်
    အသားပပ်
    အသားလွတ်
    အသီးအနှံ
    အသူတစ်ရာ
    အသူရကာယ်
    အသူရိန်
    အသေအလဲ
    အသေးစိတ်
    အသံကြောင်
    အသံဗလံ
    အသက်တမ်း
    အသက်ပြင်း
    အသက်မွေးဝမ်းကျောင်း
    အသက်အရွယ်
    အသိုက်အဝန်း
    အသစ်ကျပ်ချွတ်
    အသည်းနှလုံး
    အသည်းအထန်
    အသည်းအသန်
    အသတ်အပုတ်
    အသတ်အလတ်
    အသုတ်(အစု)
    အသိပ်အနှက်
    အသုပ်စုံ
    အသိမ်အမွေ့
    အသုံးစရိတ်
    အသုံးတည့်
    အသုံးလုံးကျေ
    အသုံးအနှုန်း
    အသုံးအဖြုန်း
    အသွေးအရည်
    အသွံအဖျင်း
    အသွင်သဏ္ဌာန်
    အသွမ်းသွေး
    အဟောသိကံ
    အဟောင်းအမြင်း
    အဟိတ်တိရစ္ဆာန်
    အဟုတ်အဟတ်
    အဟန့်အတား
    အဟိန်းအဟောက်
    အဟုန်အရှိန်
    အဟမ်းအဟမ်း
    အအက္ခရာ
    အအိပ်ဆတ်
    အအုပ်အခံ

အာ

    အာကာ
    အာကာသစိုးနတ်
    အာခံ
    အာခံတွင်း
    အာချာတ်ကြိယာ
    အာဂသတ္တိ
    အာဂန္တု
    အာဂုံဆောင်
    အာဃာတထား
    အာစေးထည့်
    အာစပ်
    အာဇာနည်
    အာဏာတန်ခိုး
    အာဏီတာရာ
    အာထဗ္ဗဏဗေဒင်
    အာဒါလွတ်ပင်
    အာဒိဝန်
    အာနီပုလဲ
    အာပေါင်အာရင်း
    အာပတ်ဖြေ
    အာပုံမုန့်
    အာဘော်
    အာမဘန္တေခံ
    အာမဝန္တံခံ
    အာမေဍိတ်
    အာရပ်လူမျိုး
    အာရုံခံတန်ဆောင်း
    အာရုံခြောက်ပါး
    အာလယပြတ်
    အာလာပသလာပ
    အာလုတ်ကျင်း
    အာလိန်ငါးဆင့်
    အာလုပ်ပုဒ်
    အာဝဇ္ဇန်းရွှင်
    အာသဠှီနက္ခတ်
    အာဟာရ

အား

    အားကြိုးမာန်တက်
    အားခွန်ဗလ
    အားတက်သရော
    အားတုံ့အားနာ
    အားထုတ်
    အားပါးတရ
    အားလပ်
    အားလုံး
    အားသွန်ခွန်စိုက်
    အားအားယားယား
    အားအန်

အိ/ဣ

    အိ(ပျော့)
    အိဗြတ်စပါး
    ဣရိယာပုတ်

အီ/ဤ

    အီ(စား၍)
    အီ(ရေ)
    အီ(လှည်း)
    အီကွေတာ
    ဤရွေ့ဤမျှ
    အီလည်လည်



    ဥ(ကြက်ဥ)
    ဥကင်ဖွင့်
    ဥချိုးငှက်
    ဥဒဟို
    ဥဒါဟရုဏ်
    ဥဒည်းတောင်
    ဥဒါန်းကျူး
    ဥဒါန်းမကျေ
    ဥနှဲပင်
    ဥပဓိရုပ်
    ဥပပတ်နတ်
    ဥပမာဥပမည်း
    ဥပါဒါန်
    ဥပါပျံ(ဥပ္ပာတ်ပျံ)
    ဥပေက္ခာ
    ဥပစ္ဆေဒကကံ
    ဥပဇ္ဈာယ်ဆရာ
    ဥပဒ်ဘေး
    ဥပါဒ်ဌီဘင်
    ဥပန်း(ကြက်)
    ဥပါယ်တံမျဉ်
    ဥပုသ်သီတင်း
    ဥဗျိုင်း
    ဥဘတောဗျည်း
    ဥဘုတ်ငှက်
    ဥမင်လိုဏ်ခေါင်း
    ဥမွန်းပင်
    ဥယျောဇဉ်စကား
    ဥယျာဉ်
    ဥရူတိုင်(အိမ်)
    ဥသဘနွား
    ဥသိမ်(ကြက်)
    ဥသျှစ်ပင်
    ဥဩငှက်
 

အူ

    အူကြောင်ကြောင်
    အူချာပေါက်
    အူချဉ်
    အူယား
    အူယားဖားယား
    အူလည်လည်
    အူသိမ်အူမ

ဦး

    ဦး(ရွှေကို)
    ဦး(အောင်လုပ်)
    ဦးခက်
    ဦးခေါင်း
    ဦးချို
    ဦးခွံ
    ဦးစောက်ကျွမ်းပြန်
    ဦးစွန်းဖုတ်
    ဦးဆံဖားလျား
    ဦးဆက်
    ဦးဆောက်ပန်း
    ဦးဆွေးဆံမြည့်
    ဦးညွှတ်
    ဦးတည်ချက်
    ဦးထိပ်
    ဦးထုပ်
    ဦးနှောက်
    ဦးပဥ္စင်း
    ဦးပြည်း(ခေါင်းတုံး)
    ဦးပွတ်(လှည်း)
    ဦးယဉ်းခေါင်းခဲနာ
    ဦးရီးဦးလေး
    ဦးရည်(ထန်း)
    ဦးလည်မသုန်
    ဦးလုံးသိမ်း
    ဦးလုံးသွင်း
    ဦးသျှောင်



    ဧကနံပုဆိုး
    ဧကရာဇ်ပင်
    ဧကဝုစ်စကား
    ဧကသီသင်္ကန်း
    ဧကာဒသမ
    ဧကာသနိက်ဓူတင်
    ဧကန္တ
    ဧကန်အနေကန်
    ဧချင်း
    ဧပြီလ
    ဧယင်ကျူး
    ဧရာမ
    ဧရာဝတီတိုင်း
    ဧရာဝဏ်ဆင်
    ဧရိယာ
    ဧဝကန်
    ဧသာန်အရပ်

အေး

    အေးချမ်း

အဲ

    အဲချင်း

အော/ဩ

    အော(ပုံ)
    အော(အသံ)
    ဩဂုတ်လ
    ဩဇာညောင်း
    ဩဇာတိက္ကမ
    ဩဇာပင်
    အောတိုက်
    ဩဓိသမေတ္တာ
    ဩဘာပေး
    ဩရသသားကြီး

အော့

    အော့ကြောလန်
    အော့နာဝမ်းကျ
    အော့နှလုံးနာ
    အော့အန်

အော်/ဪ

    ဪ(အာမေဍိတ်)
    အော်ဂလီဆန်
    အော်မြည်
    အော်ရောငှက်
    အော်လဲနတ်သတ်ပင်
    အော်လန်

အံ

    အံ(စာ)
    အံကိုက်
    အံကပ်(သွား)
    အံကြိတ်
    အံဆုံး
    အံဆွဲ
    အံပုံ(သွား)
    အံပွား
    အံဖုံး
    အံရွတ်
    အံဝင်ခွင်ကျ
    အံသကိုက်(သင်္ကန်း)
    အံသာ(ဗေဒင်သုံး)

အံ့

    အံ့(ပြုမူ)
    အံ့ချီး
    အံ့ပွဲ(ပြပွဲ)
    အံ့ဖွယ်သရဲ
    အံ့မခန်း
    အံ့အာသရဲ
    အံ့အားသင့်
    အံ့ဩ

အို

    အိုနာကျိုးကန်း
    အိုမင်းမစွမ်း
    အိုရွမ်း

အိုး

    အိုးကင်း
    အိုးခြမ်းကွဲ
    အိုးစရည်း
    အိုးစောင်ခြမ်း
    အိုးစည်
    အိုးစွပ်ခွက်စွပ်စား
    အိုးတိုးအမ်းတမ်း
    အိုးတည်နစ်
    အိုးတုတ်ကြီး
    အိုးတန်ဆန်ခတ်
    အိုးထိန်းပင်
    အိုးထိန်းသည်
    အိုးပစ်မကွဲ
    အိုးပုတ်
    အိုးပုတ်ပင်
    အိုးမဲသုတ်

အက်

    အက္ကပတ်
    အက္ခရာဝလိ
    အက္ခရာဝန်းအက္ခရာထောင့်
    အက္ခောဘိဏီ

ဥက်

    ဥက္ကာပျံ
    ဥက္ကောဋေယျ
    ဥက္ကဋ္ဌ

အောက်

    အောက်(အုန်)
    အောက်ကျို့
    အောက်ချင်းငှက်
    အောက်ချင်းစာပင်
    အောက်ခြေလွတ်
    အောက်ခြေသိမ်း
    အောက်တိုဘာလ
    အောက်ပိုးကျိုက်
    အောက်ပြန်(ဂီတသံစဉ်)
    အောက်မေ့
    အောက်သက်ကျေ

အိုက်

    အိုက်စပ်ပူလောင်

အဂ်

    အဂ္ဂိရတ်

အင်

    အင်ကုပ်
    အင်္ကျီ
    အင်ကြင်းပင်
    အင်္ဂတေ
    အင်္ဂါဇာတ်
    အင်္ဂါနေ့
    အင်္ဂါရုပ်
    အဂုၤတ္တိုရ်
    အင်တင်တင်လုပ်
    အင်တန်အင်မျှ
    အင်တုံအိုးခွက်
    အင်ပျဉ်နာ

အင့်

    အင့်(ဗိုက်)

အင်း

    အင်းဆန်သွင်း
    အင်းပျဉ်
    အင်းမလှုပ်အဲမလှုပ်
    အင်းလိုက်
    အင်းဝခေတ်

အောင်

    အောင်ချည်(မင်းကိုချည်)
    အောင်ဇေယျတု
    အောင်မဲညိုပင်
    အောင်လံ(တံခွန်)

အောင့်

    အောင့်အည်းသည်းခံ

အိုင်

    အိုင်ချင်း
    အိုင်ထွန်း

အစ်

    အစ်ကို
    အစ်မ

ဣစ်

    ဣစ္ဆာသယ

ဥစ်

    ဥစ်(ဗေဒင်သုံး နိစ်)

ဧည့်

    ဧည့်ထောက်ခံ
    ဧည့်မထစပါး
    ဧည့်မြေ
    ဧည့်ဝတ်စောင်ဝတ်
    ဧည့်သည်

အဋ်

    အဋ္ဌကထာကျမ်း
    အဋ္ဌမ
    အဋ္ဌမုတ်အင်း

ဣဋ်

    ဣဋ္ဌာရုံ

ဥဏ်

    ဥဏ္ဏလုံမွေးရှင်

အတ်

    အတ်(ပူ)
    အတ်(နို့စော်နံ)
    အတ္တနောမတိ
    အတ္တဟိတ
    အတ္ထုပ္ပတ္တိ

အိတ်/ဣတ်

    အိတ်ကပ်
    ဣတ္တိလိင်
    အိတ်ရှုံ့
    အိတ်သွန်ဖာမှောက်

အုတ်/ဥတ်

    အုတ်(မြေကျောက်)
    အုတ်ကြွပ်တန်း
    အုတ်ခွက်ဘုရား
    ဥတ္တရဖလဂုနီနက္ခတ်
    ဥတ္တရဘဒြပိုဒ်နက္ခတ်
    ဥတ္တရယဉ်စွန်းတန်း
    ဥတ္တရာသာဠ်နက္ခတ်
    အုတ်အာသရဲ
    အုတ်အာသောင်းသဲ
    အုတ်အော်သောင်းတင်း
    အုတ်အုတ်ကျက်ကျက်

ဣဒ်

    ဣဒ္မိပါဒ်

အန်

    အန်(ပျို့)
    အန်(ကြွေ)
    အန်(အား)
    အန်ခတ်
    အန်ချင်း
    အန်စာ
    အန်ဆေး
    အန္တရကပ်
    အန္တရာယ်
    အန္တာပိတ်
    အန်တုဗလပြု
    အန္တေဝါသိက
    အန္တောဂတဝင်(အန္တောဂဓဝင်)
    အန္တောဂဓဝင်(အန္တောဂတဝင်)
    အန္တောဝီထိ
    အန်ထောင်(ကြိုးစား)
    အန္ဒဂူကျောက်
    အန္ဓပုဂ္ဂိုလ်
    အန်ဖတ်

အန်း

    အန်း(ရောင် ရမ်း)
    အန်းနာမန်းနာ

ဣန်

    ဣန္ဒနီလာ
    ဣန္ဒြေဆည်

အုန်

    အုန်အောက်

အုန်း

    အုန်း(ခြိမ့်)
    အုန်းခြစ်
    အုန်းခွံ
    အုန်းခွံရောင်
    အုန်းဆံကြိုး
    အုန်းဆံခြည်ထွေး
    အုန်းဆန်
    အုန်းနို့ဆမ်း
    အုန်းပနီပင်
    အုန်းပင်
    အုန်းဖွဲပင်
    အုန်းမောင်းခေါက်
    အုန်းမှုတ်
    အုန်းမှန်ကူ
    အုန်းရည်
    အုန်းလေးဖက်ချ
    အုန်းသီးဆန်ခြောက်
    အုန်းအင်းသံ
    အုန်းအုန်းကျွက်ကျွက်

အပ်

    အပ်(ပြုသင့်ပြု)
    အပ်(ရင်ချင်း)
    အပ်(ချုပ်သည့်)
    အပ်ကျမပ်ကျ
    အပ်ချည်လုံး
    အပ်ချုပ်ခုံ
    အပ်စပ်
    အပ်နှံ
    အပ်ပြန်ပေါက်

အိပ်

    အိပ်ချင်မူးတူး
    အိပ်တန်းတက်
    အိပ်ဖန်စောင့်
    အိပ်မက်
    အိပ်မက်တိတ္ထုံ
    အိပ်မွေ့ချ
    အိပ်မွေ့ပင်
    အိပ်မှုန်စုံမွှား
    အိပ်ရာလိပ်
    အိပ်ရေးပျက်

အုပ်

    အုပ်(လွှမ်းဖုံး)
    အုပ်(ခွက်)
    အုပ်(ဂါထာခုနစ်)
    အုပ်(ပိတ်)
    အုပ်ကွပ်
    အုပ်ချုပ်
    အုပ်စု
    အုပ်စည်းမပျက်
    အုပ်ဆေး
    အုပ်ဆောင်း
    အုပ်ထိန်း
    အုပ်ပေါင်း
    ဥပ္ပာတ်ပျံ(ဥပါပျံ)
    အုပ်မှည့်

အဗ်

    အဗ္ဘန္တရသရက်ပင်

အမ်း

    အမ်း(ရှက်)
    အမ်း(အကြွေ)
    အမ်းတမ်းတမ်း
    အမ်းပြီးနမ်းပြီး

အိမ်

    အိမ်ကြီးရခိုင်
    အိမ်ခြေရာခြေ
    အိမ်တိုင်ရာရောက်
    အိမ်တန်းလျား
    အိမ်ထောင်ရက်သားကျ
    အိမ်ပုဆစ်တုပ်
    အိမ်မိုးခြင်တင်
    အိမ်မြှောင်
    အိမ်ရာထောင်
    အိမ်ရှင်မ
    အိမ်ရာ
    အိမ်လုံးချမ်းသာပင်
    အိမ်သည်

အိမ့်

    အိမ့်တလိမ့်စုန်း
    အိမ့်ရှင်စည်
    အိမ့်အိမ့်(ဘုတ်ငှက်မြည်သံ)

အိမ်း

    အိမ်း(ဝန်ခံစကား)
    အိမ်းအည်းမလုပ်

ဥမ်

    ဥမ္မတ္တက

အုံ/ဥုံ

    အုံ(ခေါင်း)
    အုံ(ဆေး)
    အုံ(ပျား)
    အုံ(ဘူး)
    အုံကြွ
    ဥုံခံ
    အုံဆေး
    ဥုံတလဲလဲဖွတလဲလဲ
    အုံတုံတုံ
    အုံတုံပင်
    ဥုံဩောင်း
    အုံအုံသဲသဲ
    အုံအုံသောင်းသောင်း

အုံ့

    အုံ့(မိုး)
    အုံ့ပုန်း

အုံး

    အုံး(ခေါင်း)
    အုံး(မီး)
    အုံးခု
    အုံးတုံး
    အုံးလွဲ
    အုံးဝန်း

အသ်

    အဿတိုရ်မြင်း

ဣသ်

    ဣဿရမူလီပင်
    ဣဿာမစ္ဆရိယ

ဥသ်

    ဥဿဖရား
    ဥဿာဟ(လုံ့လ)
    ဥဿုံ(လုံးဝ)

Read Users' Comments (0)

"ာ" ပိုအမှား စကားလုံးများ


အမှန် ("ာ"ထည့်စရာမလို) အမှား ("ာ"ပို)
ဘေးဥပဒ် ဘေးဥပါဒ်
အရုဏ်ဦး အာရုဏ်ဦး
ဒဏ်ကြေး ဒါဏ်ကြေး
အနာဂတ် အနာဂါတ်
ဟေမန် ဟေမာန်
သာမန် သာမာန်
စကြဝဠာ စကြာဝဠာ
ရလဒ် ရလာဒ်
စံပယ်ပန်း စံပါယ်ပန်း
လှည်းယဉ် လှည်းယာဉ်

Source : မြန်မာအဘိဓာန်၊ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း၊ မြန်မာစာ၊ မြန်မာစကား၊
အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!