စကားအရာ အင်္ဂါလေးတန်
(ဆိုရိုးစကား)
စကားအရာ၌ သုဘာသိတ၊ ပိယဝါစာ၊ သစ္စာ၊ ဓမ္မ ဟူ၍ အင်္ဂါလေးပါး ရှိသည်။ (သုဘာသိတ - ပြေပြစ်စွာ ပြောခြင်း၊၊ ပိယဝါစာ - ချစ်နှစ်သက်ဖွယ် ပြောခြင်း၊၊ သစ္စာ - ဟုတ်တိုင်းမှန်ရာ ပြောခြင်း၊၊ ဓမ္မ - တရားသဖြင့် ပြောခြင်း။)
|

| အမှန် ("ာ"ထည့်စရာမလို) | အမှား ("ာ"ပို) |
| ဘေးဥပဒ် | ဘေးဥပါဒ် |
| အရုဏ်ဦး | အာရုဏ်ဦး |
| ဒဏ်ကြေး | ဒါဏ်ကြေး |
| အနာဂတ် | အနာဂါတ် |
| ဟေမန် | ဟေမာန် |
| သာမန် | သာမာန် |
| စကြဝဠာ | စကြာဝဠာ |
| ရလဒ် | ရလာဒ် |
| စံပယ်ပန်း | စံပါယ်ပန်း |
| လှည်းယဉ် | လှည်းယာဉ် |
| အမှန် | အမှား | အမှန် | အမှား |
| နုတ်ထွက် | နှုတ်ထွက် | သန္နိဋ္ဌာန် | သံဓိဋ္ဌာန် |
| အမီလိုက် | အမှီလိုက် | အခမ်းအနား | အခန်းအနား |
| နေ့လယ် | နေ့လည် | ရလဒ် | ရလာဒ် |
| ရာနှုန်း | ရာနှုံး | ရန်ငြိုး | ရန်ညှိုး |
| ရန်ပုံငွေ | ရံပုံငွေ | တုံ့ပြန် | တုန့်ပြန် |
| ရုပ်သိမ်း | ရုတ်သိမ်း | စိစစ် | စီစစ် |
| ရှုံ့ချည်နှပ်ချည် | ရှုတ်ချည်နှပ်ချည် | ရှုတ်ချ | ရှုပ်ချ |
| ရှုပ်ထွေး | ရှုတ်ထွေး | ကတိကဝတ် | ဂတိဂဝတ် |
| ကတည်းက | ကထဲက | ခြစ်ကုတ် | ချစ်ကုတ် |
| ခြိုးခြံ | ချိုးခြံ | ချက်ချင်း | ချက်ခြင်း |
| ပရိသတ် | ပရိတ်သတ် | ကရုဏာ | ဂရုဏာ |
No comments:
Post a Comment