ပ (ဆိုရိုးစကား)
- ပညာကို ရှေး၊ ဥစ္စာကို နောက်
- ပညာကို လိုသော် ပညာရှိကို ယှဉ်
- ပညာဆည်းပူး ပန်းသို့ခူး
- ပညာမရှိ သူ၏ဝန်ထမ်း
- ပညာရဲရင့် ပွဲလယ်တင့်
- ပညာရှာ ပမာ သူဖုန်းစား
- ပညာရှိ တွေးကြည့်လျှင် ပြေးကြည့်တာထက် မှန်သည်
- ပညာရှိမှ ခွင့်သိသည်
- ပညာရှိ သတိဖြစ်ခဲ
- ပညာရှိအမျက် ပြင်မထွက်
- ပညာလိုသော် မပျင်းနှင့်၊ ဥစ္စာလိုသော် မငြင်းနှင့်
- ပညာလို အိုသည်မရှိ
- ပညာလွန်သော် မာန
- ပညာ သမာ၊ အာဘာ နတ္ထိ
- ပညတ်သွားရာ ဓာတ်သက်ပါ
- ပဝါပါး ကြက်သားထုပ်တော့ စွန်းတတ်တယ်၊ တစ်ရွာသား ရည်းစားလုပ်တော့ လွမ်းရတတ်တယ်
- ပါပလေးချက် နေမှ ထွက်၊ သောမလေးချက် လမှ ထွက်
- ပါပသ္မိံ ရမတိ မနော
- ပါးစပ်ပါ ရွာရောက်
- ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော
- ပီလားတစ်ကောင် နွားတစ်ထောင်
- ပုဂံရာဇဝင် တုတ်ထမ်းပြောရ
- ပုစွန်ရေနား၊ တွင်းကိုထား၊ မိုးများ ခေါင်ကြောင်းပြ
- ပုစွန် ရေဝေး၊ ပွေးကား တွင်းထွက်
- ပုစွန်အကွေး၊ ငါးအနွေး
- ပုထုဇ္ဇနော ဥမ္မတ္တကော
- ပူစပ်ပူစပ် တင်ပါးချပ်
- ပေတစ်သီး၊ ကျီး တစ်သား
- ပေးကားပေး၏ မရ၊ ကျွေးကားကျွေး၏ မဝ
- ပေးကမ်းခြင်းသာ အောင်မြင်ရာ
- ပုဂ္ဂိုလ်ခင်မှ တရားမင်
- ပင်အိုနွဲ့နောင်း သီးမကောင်း၊ နွားအိုနောက်ကျသား မကြီးထွား
- ပင့်ရစ်မနိုင် ရခိုင်နှင့်ညှိ
- ပေါင်မှ စာနက်၊ ချက်မှာ စာဖြူ၊ မလုပ်ဘဲနှင့် ကြွယ်ဝသူ
- ပစ္စည်းသင်္ခါရ၊ လူသင်္ခါရ
- ပါဌ် တစ်ချက် အနက် ဆယ်ထွေ
- ပတ္တမြား ဆန်ကျိုး အဖိုး ပြည်တန်
- ပတ္တမြားတော်ဝင် ဂေါ်မစင်
- ပတ္တမြားလုံး ထိပ်ပေါ်တင်စား
- ပတ် တစ်လုံး၊ နှဲ တစ်ပေါက်
- ပန်းချီမှာ လို၊ ပန်းပုမှာ ပို
- ပန်းထိမ်တောက်တောက် မစားလောက်
- ပန်းရန်ပျံ ကြေးကောင်း
- ပန်းသတင်း လေညင်းဆောင်၊ လူသတင်း လူချင်းဆောင်
- ပုပ်မှပေါ်၊ ဟုတ်မှကျော်
- ပလ္လင်ရှစ်ခန်း၊ ရွှေနန်းကိုးဆောင်
- ပျားကိုပုံပြု၊ ခြကိုတု၊ ရမှုဥစ္စာရတနာ
- ပျားဖွပ် သားထိုး၊ မယားခိုး၊ မုဆိုး တံငါ၊ ပါယ်လေးရွာ
- ပျော်ပျော်နေ သေခဲ
- ပျော်ရာမှာ မနေရ၊ တော်ရာမှာ နေရ
- ပျက်အစဉ် ပြင်ခဏ
- ပျောက်သောသူ ရှာလျှင်တွေ့၊ သေသောသူ ကြာလျှင်မေ့
- ပြဒါးသေ တစ်ဆွေဝ၊ သံသေ တစ်ပြည်ဝ
- ပြာသိုချမ်းပြင်း၊ ဆီးနှင်းရောယှက်၊ နှမ်းပုံဖျက်
- ပြာသိုတစ်ချက် တလင်းဖျက်
- ပြာသိုလမိုက် ကဏန်းတိုက်
- ပြုလျှင်အသစ်၊ ဖြစ်လျှင်အဟောင်း
- ပြောဖန်များ မယားစကားအောင်
- ပြောမယုံ ကြုံဖူးမှသိ
- ပြောလေကဲလေ မန်းလေပြဲလေ
- ပြည်ညှဉ်းလျှင် မင်းမခံနိုင်
- ပြည်တဲရေးထက်၊ ဝမ်းရေးခက်
- ပြည်တဲရေးနှင့်၊ ဝမ်းရေးတို့ထက်၊ လွမ်းရေးခက်
- ပြည်တဲအရေး ပေါက်နှင့်ကျေး
- ပြိတ္တာတို့ဘောင် ဥစ္စာဆောင်
- ပွေး ပေါင်က၊ မိုး တောင်က
- ပွဲသွား ကြော့ကြော့၊ ပွဲပြန် မော့မော့
- ပွက်စိပ် တစ်တောင် ရေသုံးတောင်၊ ပွက်စိပ် သုံးတောင် ရေကိုးတောင်