ပလ္လင်ရှစ်ခန်း၊ ရွှေနန်းကိုးဆောင်
(ဆိုရိုးစကား)
နန်းတော်တွင် ပလ္လင်ရှစ်မျိုးကို ဆိုင်ရာ ရွှေနန်း ကိုးဆောင်၌ ထားသည်။ (ပလ္လင် ရှစ်မျိုးမှာ သီဟာသန ပလ္လင်၊ ဘမရာသန ပလ္လင်၊ ပဒုမာသန ပလ္လင်၊ ဟံသာသန ပလ္လင်၊ ဂဇာသန ပလ္လင်၊ သင်္ခါသန ပလ္လင်၊ မိဂါသန ပလ္လင်၊ မယုရာသန ပလ္လင်တို့ ဖြစ်သည်။ ရွှေနန်း ကိုးဆောင်မှာ မြေနန်းတော်၊ လွှတ်တော်၊ မှန်နန်းဆောင်၊ အနောက် ဇေတဝန်ဆောင်၊ အရှေ့ ဇေတဝန်ဆောင်၊ ဗြဲတိုက်ဆောင်၊ လေသာဆောင်၊ တောင်စမုတ်ဆောင်၊ မြောက်စမုတ်ဆောင်တို့ ဖြစ်သည်။)
No comments:
Post a Comment