ပွက်စိပ် တစ်တောင် ရေသုံးတောင်၊ ပွက်စိပ် သုံးတောင် ရေကိုးတောင်
(ဆိုရိုးစကား)
ရေမျက်နှာပြင်တွင် ရေပွက်သည် အချင်းတစ်တောင်ရှိလျှင် ရေအနက်သုံးတောင် ရှိသည်။ ရေပွက်သည် အချင်းသုံးတောင်ရှိလျှင် ရေအနက်ကိုးတောင် ရှိသည်။
ပွက် = ရေအောက်တွင်ရှိသော သောင်၊ ကျောက်ဆောင်၊ လှေပျက် စသည်တစ်ခုခုနှင့် ရေစီး အဟုန်တို့ တိုးမိတိုက်မိရာမှ ရေမျက်နှာပြင်ထက်၌ မကြာခဏ ဖြစ်ပေါ်လာသည့် အဝန်းအဝိုင်း။ ရေပွက်။
No comments:
Post a Comment