က (ဆိုရိုးစကား)
- ကစားသမား စကားမတည်
- ကဆုန်၊ နယုန် ဆွေ့ဆွေ့ခုန်
- ကဆုန်အတွင်း၊ မြေသင်းပျံ့ပျံ့၊ မိုးနံ့နံ့
- ကတညုတ ကတဝေဒီ
- ကရုဏာ လဟုနာဖြစ်
- ကရင်သားမွေး ခေါင်းမဆေးနှင့်၊ အိုးစည်တီး ပြီးအောင်ဆေး
- ကလေးပါးစပ်မှာ အစား၊ ဈေးပါးစပ်မှာ စကား
- ကလေးရှက်တော့ ငို၊ လူကြီးရှက်တော့ ရယ်
- ကာလံ ဒေသံ အဂ္ဃံ ဓနံ
- ကုရာ နတ္ထိ ဆေးမရှိ
- ကုလား အချုပ်၊ တရုတ် အခြယ်
- ကုလား အချုပ်၊ တရုတ် အထည်
- ကုသိုလ်ရေစက် အဆက်မကွာ
- ကုသိုလ်လည်းရ၊ ဝမ်းလည်းဝ
- ကဲ့ရဲ့ ခုနစ်ရက်၊ ချီးမွမ်း ခုနစ်ရက်
- ကောဓော အတ္ထံ နဇာနာတိ
- ကံတူ အကျိုးပေး
- ကံထမ်းလာတာ မမြင်ရ၊ လှံထမ်းလာတာသာ မြင်ရ
- ကံမရှိ ဉာဏ်ရှိတိုင်းမွဲ
- ကံမဲ့သူ ရှာမှီး၊ ကံကြီးသူ ခံစား
- ကံရှိမှ တတ်၊ ဉာဏ်ရှိမှ မြတ်
- ကံရှိမှ မြတ်၊ ဉာဏ်ရှိမှ တတ်
- ကံသာလျှင် အမိ၊ ကံသာလျှင် အဖ
- ကောက်နှောင်း ဆင်စာ၊ သားနှောင်း ကျွန်ရာ
- ကိစ္စမြားမြောင် လူတို့ဘောင်
- ကုဉ္ဇရော ဒန္တေသု ဟညတေ
- ကုန်ရှုံးလျှင် တစ်ခေါက်၊ လင်ကုန်ရှုံးလျှင် တစ်သက်လုံးမှောက်
- ကုန်းနေ ကိုးကုဋေ၊ ရေနေ ဆယ်ကုဋေ
- ကုန်းမှာ မြွေငန်း၊ ရေမှာ ရေတန်း
- ကုန်းမှာ မြွေပွေး၊ ရေမှာ ငါးရွေး
- ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေ
- ကမ္မံ သတ္တေ ဝိဘဇ္ဇတိ
- ကိုယ်ကသွေး ဘေးကိုပြု၊ တောကဆေး ဘေးကိုကု
- ကိုယ်ကောင်းလျှင် ကိုယ်စံ၊ ကိုယ်မကောင်းလျှင် ကိုယ်ခံ
- ကိုယ်ချစ်ကိုမရှာနှင့် သူချစ်ကိုရှာ
- ကိုယ်နှင့်နှိုင်း မရိုင်း
- ကိုယ်မချိ၊ အမိသော်လည်း၊ သားတော်ခဲ
- ကိုယ်ရေးကြုံက သက်လုံကောင်းခဲ
- ကိုယ်ရေးကြုံ သက်လုံကောင်းမြဲ
- ကိုယ့်ကို ကိုယ်ဖော် မသူတော်
- ကိုယ့်ကိုကိုယ်ဖျက် ကိုယ်လျှင်ပျက်၊ သံကိုသံဖျက် သံချေးတက်
- ကိုယ့်စေတနာ ကိုယ့်အကျိုးပေး
- ကိုယ့်တရား ကိုယ်စီရင်
- ကိုယ့်ထက်သာ မနာလို
- ကိုယ့်လူ သူ့ဘက်သား
- ကိုယ့်လင်ကလွဲ ဖွဲနှင့်ဆန်ကွဲ
- ကိုယ့်လိပ်ပြာ ကိုယ်ရှက်
- ကိုယ့်ဥမှ ဥထင်
- ကျားမရဲ တစ်၊ လူမရဲ ဟစ်
- ကျီးဖြူရောက်က စစ်မက်ထ
- ကျူးလာမိုးသက် ပျိုးကြဲရက်
- ကျေးဇူးရှိမှ ကျေးစွပ်သည်
- ကျောပူတာသာ ခံနိုင်တယ်၊ နားပူ မခံနိုင်
- ကျောက်နှင့်မြင်း၊ စိုးစဉ်းသိက ထမင်းဝ
- ကျပ် စိတ် မိုက်တွင်၊ လုံးကြီးတင်
- ကြာလေ ကောင်းလေ၊ ဟောင်းလေ သစ်လေ
- ကြားကလေသွေး ဝေးတယ်ထင်
- ကြီးလျှင်မှီ၊ ငယ်လျှင်ချီ
- ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနား
- ကြီးသည့်အမှု ငယ်စေ၊ ငယ်သည့်အမှု ပလပ်စေ
- ကြံသာ အစဉ်ချိုသည်၊ လူမှာ အစဉ်မချို
- ကြိုးကြာ ရေမသောက်
- ကြိုးစားက ဘုရားဖြစ်
- ကြက်ကောင်း ကြိုးမကွာ
- ကြက်ကောင်းလျှင် တစ်ဒယ်၊ ချိုးကောင်းလျှင် တစ်လွယ်၊ ခါကောင်းလျှင် တစ်ထမ်း
- ကြက်မသွား မြားပါ၊ မိန်းမသွား စကားပါ
- ကြက်မှာ အရိုး၊ လူမှာ အမျိုး
- ကြက်ဥအယောင်၊ တိမ်တောင်သဖွယ်၊ မင်းရေးကျယ်
- ကြောက်တတ် ဝန်ကင်း
- ကြောက် လွဲ၊ ရဲ မင်းဖြစ်
- ကြောက်လျှင် လာဘ်လွဲ၊ ရဲလျှင် လာဘ်ရ
- ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက်
- ကြောင်အကြီး ခေါင်းက ချီ၊ သစ်အလတ် ခါးက ဖြတ်၊ ကျားအထွေး ဖင်က လွေး
- ကြည့်တတ်လျှင် ဘာဝနာ၊ မကြည့်တတ်လျှင် တဏှာ
- ကြမ်းကျွံလျှင် နုတ်၍ရသည်၊ စကားလွန်လျှင် နုတ်၍မရ
- ကွဲဟဲ့ ကွဲဟဲ့ဆိုတော့ သူများက၊ လွမ်းရတော့ ကိုယ်က
- ကွန်တစ်ချက် ဟင်းတစ်ခွက်
- ကွမ်းစား ဆေးသောက် နှစ်မှုရောက်
- ကွယ်မေ့၊ တွေ့ သေအောင်လွမ်း
- ကျွေးတုံ့ကျွေးလှည့်၊ မွေးတုံ့မွေးလှည့်
- ကျွန် နေမျိုး၊ သား သတိုး
- ကျွမ်းကျင်ရာ လိမ္မာ
- ကြွေးတင် ကျွန်ဖြစ်
- ကြွေးတင် ဘုရင်ဆပ်လိမ့်မည်
- ကြွေးထူ မပူ၊ သန်းထူ မယား
- ကြွေးပေးလျှင်ဆုံး၊ တောင်းလျှင်မုန်း