က (စကားပုံ)
- က ချင်လျက် လက်ကျိုး
- ကတွတ်ပေါက် ဗျိုင်းစောင့်
- က ရိုး မက ဆန်း၍က နှပ်ပစ်ခံရ
- ကလိမ်စေ့ ငြမ်းဆင်
- ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ
- ကုသိုလ်ဖန် ဗိမာန်အသင့် ဘုံအသင့်
- ကုသိုလ်လည်း ရ ဝမ်းလည်း ဝ
- ကံကောင်းတဲ့ကျား သွားရင်း သမင်တွေ့
- ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာ
- ကံမခိုင် သံတိုင်အိမ်ဆောက်သော်လည်း ကံမှောက်လျှင်ကျိုး
- ကံမရှိ ဉာဏ်ရှိတိုင်းမွဲ
- ကံယုံ၍ ဆူးပုံမနင်းရာ
- ကံယုံ မီးပုံမဆင်းရာ
- ကောက်ညှင်းက မစေး ဆန်ကြမ်းက စေး
- ကောက်တိုင်းရ စလုတ်မဆံ့နိုင်
- ကောက်သော် မစားလောက် ဖြောင့်သော် စားမနိုင်
- ကောက်သင်းကောက်က အနှံကြီးကြိုက်
- ကင်းခြေများ ခြေတစ်ချောင်းကျိုး၍ အသွားမပျက်
- ကောင်းကင်တက် လက်ဝှေ့သတ်
- ကောင်းမှန်းသိ သာအိတစိုစို
- ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ
- ကတ်မည့်ကတ် အပ် ဦးပဲ့ထမ်း
- ကုန်းပေါ်ရောက်မှ ရေမမွန်းစေနှင့်
- ကမ္ဘာမီးလောင် သားကောင်ချနင်း
- ကိုယ်ကကျူး ကိုယ့်ဒူးမယုံ
- ကိုယ်ကောင်း ခေါင်းဘယ်မရွေ့
- ကိုယ်တင်သည့်စစ်ကဲ ကိုယ်ချ၍မရ
- ကိုယ်ထင် ခုတင်ရွှေနန်း
- ကိုယ်မချိ အမိသော်လည်း သားတော်ခဲ
- ကိုယ့်ကို ကိုယ်ဖော် မသူတော် ခုနစ်ပါး
- ကိုယ့်ငါးချဉ် ကိုယ်ချဉ်
- ကိုယ့်တပ် ကိုယ် ပြန်နင်း
- ကိုယ့်ထမင်းကိုယ်စား ကြီးတော်နွား အလကားကျောင်း
- ကိုယ့်ပေါင် ကိုယ်လှန်ထောင်း
- ကိုယ့်မျက်ချေး ကိုယ်မမြင်၊ သူများမျက်ချေး ကိုယ်မြင်
- ကိုယ့်မြင်း ကိုယ်စိုင်း စစ်ကိုင်းရောက်ရောက်
- ကိုယ့်ရှူး ကိုယ်ပတ်
- ကိုယ့်လက်ခုပ်တွင်းကရေ သွန်လိုသွန် မှောက်လိုမှောက်
- ကိုယ့်လှေ ကိုယ်ထိုး ပဲခူးရောက်ရောက်
- ကိုယ့်ဝန် ကိုယ်ထမ်း၊ ကိုယ့်လမ်း ကိုယ်သွား
- ကိုယ့်ဝမ်းနာ ကိုယ်သာသိ
- ကိုယ့်အတတ် ကိုယ်စူး
- ကိုယ့်အထုပ် ကိုယ်ဖြေပြ
- ကျားကိုက်ပါတယ်ဆို နာတာရှည်လားမေး
- ကျားကျား မီးယပ်
- ကျားကြီး ခြေရာကြီး
- ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး
- ကျားချင်းကိုက်ရာ သမင်ကူမှားသည်
- ကျားချင်းကိုက်ရာ သမင်လမ်းကူးမှား
- ကျားရဲရာ ကြမ္မာမယိုးသာ
- ကျားရဲလည်း သေ၊ တောလည်း ကျေ
- ကျားရဲလည်း သေ၊ တောလည်း ကြေ
- ကျားရှေ့ မှောက်လျက် လဲ
- ကျားလိုက်မှ တုတ်ခုတ်
- ကျားလည်း ကြောက်ရ၊ ကျားချေးလည်း ကြောက်ရ
- ကျားသနားမှ နွားချမ်းသာ
- ကျားသေကို အသက်သွင်းလို့ စင်းစင်း သေရ
- ကျားသေမှ လူစွမ်းကောင်းပေါ်
- ကျီးကန်း သူကောင်းမြှောက် ချေးခြောက် ကောက်စား
- ကျီးတစ်ကောင်အတွက် ကျီးအများပျက်
- ကျီး ဘုတ်ရိုသေ၊ ဘုတ် ကျီးရိုသေ
- ကျူပင်ခုတ် ကျူငုတ်မကျန်
- ကျောက သားလည်း သား၊ ရင်က သားလည်း သား
- ကျောချမှ ဓားပြမှန်းသိ
- ကျောပူမှ ဝမ်းအေး
- ကျော်တော့ လှေသူကြီး၊ ညားတော့ လှေထိုးသား
- ကျောက်ကြီး ငါးခို၊ မီးကြီး ငြမ်းခို
- ကျည်ပွေ့ အတက်ပေါက်
- ကြာကြာ ဝါးမည့်သွား အရိုး ကြည့်ရှောင်
- ကြာကြာ ဝါးမှ ခါးမှန်းသိ
- ကြိုးကြာဆို ဘာငှက်လဲမေး
- ကြိုးချင်းထား ကြိုးချင်းငြိ၊ အိုးချင်းထား အိုးချင်းထိ
- ကြက်က စပါးစား၊ ထရံက ဒဏ်သင့်
- ကြက်ကောင်း ကြိုးမကွာ
- ကြက်ကန်း ဆန်အိုးတိုး
- ကြက်တူရွေးက တော်တော် မယ်ဘော်က ကဲ
- ကြက်မတွန်လို့ မိုးမလင်း
- ကြက်ဥပြုတ် သံတုတ်နှင့်ချ
- ကြောက်ပါတယ်ဆို ကြောင်နှင့်တို့
- ကြောက်လျှင် လာဘ်လွဲ၊ ရဲလျှင် မင်းဖြစ်
- ကြောင်ခံတွင်းပျက်နှင့် ဆက်ရက်တောင်ပံကျိုး
- ကြောင်တစ်သက် ကြက်တစ်မြုံ
- ကြောင်မရှိ ကြွက်ထ
- ကြောင်ရုပ်ဖြစ်စေ ကြွက်သေတာလိုရင်း
- ကြောင်သူတော်ဆို ယိုတော့ ကြွက်မွေး
- ကြောင်အို ကြွက် မလေး
- ကြပ်ပူထိုးလေ ရောင်လေ
- ကြမ္မာဆောင် သားကောင် ဆိတ်ဖြစ်
- ကွန်လက်လေးသစ်နှင့် ငါးစင်းအုပ်၍ မမိနိုင်၊ ကွန်လက်သည်းကွင်းနှင့် ငါးကြီးပစ်၍ မရနိုင်
- ကွမ်းသီးကြိုက် တောင်ငူပို့
- ကျွဲကူး ရေပါ
- ကျွဲနှစ်ကောင်ခတ်တဲ့ကြား မြေစာပင် မခံနိုင်
- ကျွဲပါး စောင်းတီး
- ကျွန်ယုံ တစ်ဖက်ကန်း၊ သားသမီးယုံ စုံလုံးကန်း
- ကျွန်ဝယ်ရာ အဆစ်ပါ
- ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ
- ကြွေတစ်လက်၊ ကြက်တစ်ခုန်
- ကြွက်နားရွက် ဝက်တပ်
- ကြွက်မနိုင် ကျီမီးရှို့
- ကြွက်သေတစ်ခု အရင်းပြု
No comments:
Post a Comment