ခ (စကားပုံ)
- ခရီးတွင်လို့ ရွာစဉ်မသိ
- ခရု ခါးတောင်းကျိုုက်ဖမ်း
- ခရမ်းသီးပိန် ဓားတုံး
- ခလုတ်ထိမှ အမိတ
- ခါချဉ်ကောင် မာန်ကြီးလို့ တောင်ကြီးဖြိုမည့်ကြံ ခါးကမသန်
- ခုမှ ပေါ်တဲ့ ရွှေကြာပင်
- ခုရေတွင်းတူး၊ ခုရေကြည်သောက်ချင်
- ခဲမှန်ဖူးတဲ့ စာသငယ်
- ခဲလေသမျှ သဲရေကျ
- ခံဆူး ခံချွန်၊ ဆီးဆူး ဆီးချွန်
- ခိုးတတ်မှ ယိုးတတ်သည်
- ခင်ကြီးလက်ရန်းတက်က ကျပ်ခိုးစင်ပေါ် မောင်ရှင်မတက်လား
- ခေါင်က မိုးမလုံလျှင် တံစက်မြိတ်လည်း မလုံနိုင်
- ခေါင်းတစ်လုံးနှင့် ရေအိုးနှစ်လုံး မရွက်နိုင်
- ခေါင်းတုံးပေါ် ထိပ်ကွက်
- ခေါင်းသွား အမြီးပါ
- ခတ်ကွင်း ပြင်တာနှင့် ရွာသစ်ကြီးရောက်
- ခုတ်ရာတခြား၊ ရှရာတခြား
- ချေအီး ချေလန့်
- ချေးယိုခါနီးမှ ချေးခံတွင်းပေါက်ရှာ
- ချော်လဲ ရောထိုင်
- ချက်ဆို နားခွက်က မီးတောက်
- ချောင်းကို ပစ်၍ မြစ်ကို ရှာ၊ ရေသာ များ၍ ငါးမတွေ့
- ချောင်းရေလာ သဲကန်သင်းနှင့်ဆီး
- ချဉ်သီးပင်အောက် ချဉ်သီးရှား
- ချည်ပုဆိုးက ပိုးပေါင်ချင်
- ချည်ပြာထဘီနှင့် ဝတိ ံလှမ်း
- ချိတ်ချိတ်ချင်းမှ ချိတ်လို့ရ
- ချိန်တော့ မိုး၊ ထိုးတော့ မြေကြီး
- ခြံဝင် နွားပါ
- ခြင်္သေ့မင်းရှေ့ ယုန်သငယ် မသန်းဝံ့
- ခြင်းကြားနှင့် ရေသယ်
- ခြိမ်းလွန်းသည့်မိုး မရွာ
- ခွေးကလေးအရောဝင် ပါးလျက်နားလျက်
- ခွေးကျိုးနဲ့ ယုန်လိုက်
- ခွေးကြီးမှ လက်ပေးသင်
- ခွေးတောက်မြစ်ယှက်၊ စိုက်ရောဖက်က၊ သရက်ပင်မင်း၊ သီးချိုကင်း၏
- ခွေးဖြူ တော မတိုးဝံ့
- ခွေး ဖြူတော မတိုးဝံ့
- ခွေးမြီးကောက် ကျည်တောက်စွပ်
- ခွေးရူး ကောင်းစား တစ်မွန်းတည့်
- ခွေးရူးဖက်ကိုက် ခွေးကောင်းနားရွက်ပြတ်
- ခွေးလှေးခုန်၍ ဖုန်မထ
- ခွေးဟောင်တိုင်း ထကြည့် အိပ်ရေးပျက်
- ခွေးဟောင်၍ တောင်ပို့ မပြေး
- ခွေးအိုမှ လက်ပေးသင်
No comments:
Post a Comment