တ (ဆိုရိုးစကား)
- တကယ်လုပ်လျှင် အဟုတ်ဖြစ်
- တပို့တွဲ၊ နွှဲ၍ရွာခြင်း၊ သန်မိုးကြွင်း
- တပို့တွဲ၊ ပေါက်လဲငုံကင်း၊ ထန်းရည်နင်း
- တပေါင်း၊ တန်ခူး မိုးသားကျူး
- တပေါင်း၊ တန်ခူး လေရူးဆော်
- တပေါင်းလည်းကူး မိုးသားကျူး
- တပေါင်းသာခေါင် လများနောင်
- တပည့်ညှာ ဆရာရင်ကျိုး
- တပည့်မကောင်း ဆရာ့ခေါင်း
- တမာတစ်ခက် သွားတစ်သက်
- တမာလည်းနု ကျေးလည်းဥ
- တမာလည်းနု ကျေးလည်းဥ၊ တမာလည်းသီး ကျေးလည်းကြီး
- တမန်းအိုအို ပျိုးပျိုပျို
- တရား နတ်စောင့်
- တရားဖက်တော့ အမျက်ပြေ
- တရားရှာ ကိုယ်မှာတွေ့
- တူကြီးလျှင်ပေ၊ လူကြီးလျှင်တေ
- တူရိယာအစ ဗြောသံက၊ ဂီတသံအစ အဲသံက
- တေဇော မပိုင် ဆေး မကိုင်နှင့်
- တောစကားကို အိမ်သို့ မရောက်စေရာ၊ အိမ်စကားကို ကျောင်းသို့ မရောက်စေရာ
- တောဆူမှ မြို့ဝ
- တောမီးတစ်ကွက် မုဆိုးတစ်သက်
- တောသားရဲ ဆွဲထုတ်
- တော်သလင်းတိမ်ညို၊ စားဖိုသည်ဆင်းရဲ၊ မိုးမစဲ
- တော်သလင်းနေ ပုစွန်သေ
- တော်သလင်းမိုး ကန်သင်းကျိုး
- တော်သလင်း မြစ်တွင်း သင်ဖြူးခင်း
- တော်သလင်း လူပျင်းကွမ်းစိုက်
- တံတားအို မှောင်ကို မလျှောက်နှင့်၊ စကားဆို တောင်လို မမောက်နှင့်
- တိုးတိုးပြောတော့ ပြည်ပျက်
- တက်ကပ်မှာ ပညာ၊ ဆုတ်ကပ်မှာ ဥစ္စာ
- တောင်ကြီး ဖဝါးအောက်
- တောင်ကြိုတောင်ကြားပေါက်သည့်ဝါး အဖျားခပ်သွယ်သွယ်၊ အိမ်ကြိုအိမ်ကြားပေါက်သည့်သား စကားခပ်ကျယ်ကျယ်
- တောင်လေဖြူးဖြူး လှေသားမြူး
- တောင်လေသုတ်ဖြူး လတန်ခူး
- တောင့်တဆဲခါ ပေါ်ထွက်လာ၊ သတ္တဝါဓလေ့ စိတ်ချမ်းမြေ့
- တောင်းဆိုးပလုံးဆိုးသာ ပစ်ရိုးရှိသည်၊ သားဆိုးသမီးဆိုး ပစ်ရိုးထုံးစံမရှိ
- တောင်းမှာအကွပ်၊ လူမှာအဝတ်
- တစ်ကောင်ကြွက် တစ်မျက်နှာ
- တစ်ခါဆက်ဆံ ဆယ်ခါလန်
- တစ်ခါမယုံ ဆယ်ခါမယုံ
- တစ်ခါလာတော့ ရွှေဧည့်သည်၊ နှစ်ခါလာတော့ ငွေဧည့်သည်
- တစ်ချုံကွယ် တစ်မယ်မေ့
- တစ်နေ့ဆယ်ကြိမ် တင်းမတိမ်၊ ပန်းထိမ်သူခိုးညစ်
- တစ်မိပေါက် တစ်ယောက်ထွန်း
- တစ်မူးရလို့ တစ်ပဲလှူ၊ တို့ရှမ်းတောင်သူ တူနိုင်ရိုးလား
- တစ်ယောက်ကစ တစ်ရာ
- တစ်ယောက်ကောင်းက တစ်သောင်းပြို
- တစ်ယောက်ကောင်းက၊ တစ်သောင်းဗိုလ်ခြေ၊ ညက်ညက်ကြေ
- တစ်ယောက်ချမ်းသာ၊ ကိုယ်ဖို့ရှာ၊ သတ္တဝါအပေါင်း၊ ဆင်းရဲကြောင်း
- တစ်ယောက်တစ်လက် ကျောင်းသားလက်
- တစ်ရေးနိုးသော် အကြံပေါ်၊ ပေါ်သည့်အကြံ တစ်သိန်းတန်
- တစ်ရွာသား တစ်အားငယ်
- တစ်လုတ်စားဖူး သူ့ကျေးဇူး
- တစ်သားမွေး တစ်သွေးလှ
- တစ်သက်တစ်ခါ၊ စန်းဇာတာ၊ လူမှာထစမြဲ
- တစ်သက်မှာ တစ်ခါသေရစမြဲ
- တစ်ဦးခေါင်း တစ်ပညာ
- တစ်ဦးမေတ္တာ တစ်ဦးမှာ
- တတ်သည့်ပညာ မနေသာ
- တန်ခူးမည်မှတ်၊ ဖက်ဆွတ်ရေတိုး၊ သင်္ကြန်မိုး
- တန်ခူး ရေကုန်၊ ကဆုန် ရေခန်း
- တန်ဆေး၊ လွန်ဘေး
- တန်ဆောင်မုန်းတွင်း၊ ဆီးနှင်းတစ်ပြိုက်၊ မိုးတစ်လိုက်
- တန်ဆောင်မုန်းမိုး ကန်ကျိုးအောင်ရွာ
- တန်ဆောင်မုန်းမိုးစွေ ကျွဲအိုနွားအိုသေ
- တန်ဆောင်မုန်း၊ သောင်ကတုံးချောင်ခွာ၊ မအိပ်ရာ
- တိမ်တေ လေဧစ်၊ လျှပ်စစ်ပဉ္စော၊ သံတယော
- တိမ်တောင်သဖွယ် မင်းရေးကျယ်
- တိမ်မယောင်နှင့် နက်၊ လွယ်မယောင်နှင့် ခက်
- တွေ့ဖန်များတော့ ယဉ်၊ မြင်ဖန်များတော့ လှ