တစ်လုတ်စားဖူး သူ့ကျေးဇူး

(ဆိုရိုးစကား)

      သူတစ်ပါး၏ ထမင်းကို တစ်လုတ်မျှ စားမိလျှင်ပင် သူ၏ကျေးဇူး မိမိအပေါ်တွင် တင်ရှိပြီဟု မှတ်အပ်သည်။ (တစ်လုတ်ကျွေးဖူး သူ့ကျေးဇူး - ဟူ၍လည်း အဆိုရှိသည်။)

        တစ်လုတ်စားဖူး သူ့ကျေးဇူး - စကားပုံလည်းရှု။

      ပင်းယဘုရင်ငါးစီးရှင်ကျော်စွာသည် ပင်လယ်မြို့စားဖြစ်စဉ်က ညီတော်စစ်ကိုင်းမြို့စား အသင်္ခ ယာ စောယွမ်းကို လုပ်ကြံရန် သူရဲကောင်းငခင်ညိုကို စေတော်မူ၏။ ငခင်ညိုသည် စစ်ကိုင်းဘက်သို့ ကူး၍ အရိပ်အခြည်ကို ကြည့်၏။ မလုပ်ကြံသာ၍ သုံးရက်တိုင် တောတွင်း၌ပုန်း၍ နေရ၏။ အခွင့် သာသောအခါ နန်းတော်သို့တက်၏။ စစ်ကိုင်းမြို့စား နတ်တင်ထားသော ထမင်းနှင့်အမဲသားကို ရွှေ စလောင်း တစ်ခုဝယ်မြင်သော် ဆာလှသည်နှင့် စား၏။ ထို့နောက် အတွင်းတော်သို့ဝင်၍ အသင်္ခယာ စောယွမ်း စက်တော်ခေါ်သော သလွန်ခေါင်းရင်းဝယ်ရပ်ကာ ဆောင်ယူလာသော ဓားကိုနုတ်၏။ ထို ခဏ၌ပင် "ဤမင်းကား ငါ၏ ထမင်းအရှင် ဖြစ်ပေပြီ။ ထမင်းရှင်ကို ပြစ်မှားသော အပြစ်ကား သံသ ရာ၌ ကြီးလှ၏။" ဟု တွေးမိသဖြင့် နုတ်ထားသောဓားကို ဓားအိမ်သို့ ပြန်သွင်း၏။ ထို့နောက် စစ်ကိုင်း မြို့စားထံ ရောက်ကြောင်း သက်သေပြနိုင်ရန် စစ်ကိုင်းမြို့စားအား သူ၏ခမည်းတော် ပေးသနားသော ပတ္တမြားစီ ဓားကိုယူ၍ ပြန်ခဲ့၏။ အရှင်ပင်လယ်မြို့စားထံရောက်သော် ဖြစ်ပျက်ခဲ့သည်ကို နားတော် လျှောက်၍ ပတ္တမြားစီဓားကို ဆက်သ၏။ ငခင်ညို လျှောက်တင်သော စကားကို ပင်လယ်မြို့စား ကြားသော် "ငါ့ကျွန်သည် ထမင်းတစ်စလောင်းကို စားရရုံနှင့်ပင် သူ့ကျေးဇူးကိုသိ၏။ နေ့တိုင်းမလပ် သားမယားနှင့်တကွ ကျွေးမွေးလျက်ရှိသော ငါ၏ကျေးဇူးတော်ကိုကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း" ဟု ချီးမွမ်းတော်မူ၏။ များစွာသော ဆုလာဘ်ကိုလည်း ပေးတော်မူ၏။

မှန်နန်းမဟာရာဇဝင်တော်ကြီး၊ ပ။

Read Users' Comments (0)

No comments:

Post a Comment

"ာ" ပိုအမှား စကားလုံးများ


အမှန် ("ာ"ထည့်စရာမလို) အမှား ("ာ"ပို)
ဘေးဥပဒ် ဘေးဥပါဒ်
အရုဏ်ဦး အာရုဏ်ဦး
ဒဏ်ကြေး ဒါဏ်ကြေး
အနာဂတ် အနာဂါတ်
ဟေမန် ဟေမာန်
သာမန် သာမာန်
စကြဝဠာ စကြာဝဠာ
ရလဒ် ရလာဒ်
စံပယ်ပန်း စံပါယ်ပန်း
လှည်းယဉ် လှည်းယာဉ်

Source : မြန်မာအဘိဓာန်၊ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း၊ မြန်မာစာ၊ မြန်မာစကား၊
အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!