စ (ဆိုရိုးစကား)
- စကားခြောက်ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတည်
- စကားစကား ပြောဖန်များ၊ စကားထဲက ဇာတိပြ
- စကားဆိုထွေ သူလိုစေ
- စကားနောက် တရားပါ
- စကားနည်း ရန်စဲ
- စကားများ အမှားပါ
- စကားအပေါင်းအုပ်သည် ကတိ၊ တရားအပေါင်းချုပ်သည် သတိ
- စကားအရာ အင်္ဂါလေးတန်
- စနည်းကို တောင်၊ တဘောင်ကို မြောက်
- စပါး စကုဗြတ်၊ မယား တစ်ခုလပ်
- စပါးနှံ အဆန်ပြည့်၍ ငုံ့၊ လူကုံထံ စိတ်မာန်လျှော့၍ ကျုံ့
- စပါးလုံးများတော့ အစားခက်၊ စကားလုံးများတော့ အကြားခက်
- စလယ်ဝင် ဖင်မမည်းခင်က ကွဲ
- စာတစ်လုံး ဘုရားတစ်ဆူ
- စာတတ်ကို စာမှတ်ဖျက်သည်
- စာပေမြင့်မှ လူမျိုးမြင့်မည်၊ စာပေပျောက်က လူမျိုးပျောက်မည်
- စာမတတ်လျှင် လမ်းမှာဖတ်
- စာမှာ သဒ္ဒါ၊ ဂီတမှာ ဒုံး
- စာအစ နမောက
- စားစရာမရှိ လျော်စရာရှိ
- စားရ ဝမ်းသာ၊ စေပါ ဝမ်းနည်း
- စားလျှင် အသား၊ အိပ်လျှင် အား
- စားသော် အတန်၊ ပေးသော် အလွန်
- စေတနာ ဝေဒနာဖြစ်
- စေသည့်ကျွန်၊ ထွန်သည့်နွား
- စေ့စေ့တွေး ရေးရေးပေါ်
- စံပယ်ကောင်းလျှင် ပန်ချင်သူများသည်၊ အရွယ်ကောင်းလျှင် ကြံချင်သူများသည်
- စိုးနိုင်သော်လည်း ပိုင်ခဲသည်
- စက္ခု ရူပေန သံဝါသာ
- စင်ကောင်းသော် ဖရုံကောင်း၏၊ အရှင်ကောင်းသော် ကျွန်ကောင်း၏
- စောင်ဖြူ စောင်ကျား ခြုံလို့ မလုံ၊ မေတ္တာခြုံမှ လုံ
- ေစာင်းဆရာနှင့်၊ ယားနာပွေးကွက်၊ ပါဒရက်က၊ ပုရွက်ပလူ၊ အနူပြဒါး၊ ပေါင်းရှစ်ပါး
- စစ်ကိုင်း ထောင်သင်း၊ စလင်း လက်ယာ၊ ပြည်မှာ နဝဒေး
- စစ်ကိုင်းအနောက်၊ အုတ်ကျောက်စုရာ၊ မသာပေလော
- စစ်ခံ တစ်ရာ၊ စစ်လာ တစ်ထောင်
- စိတ္တေန နိယျတေ လောကော
- စိတ် တစ်ခုယုတ် ကိုးဆယ်၊ အကျယ် တစ်ရာနှစ်ဆယ့်တစ်
- စိတ်ထားတတ် မြတ်
- စိတ်ထောင်း ကိုယ်ကြေ
- စိတ်ပျို ကိုယ်နု
- စိတ်ရှိ ကန့်ပလူ၊ စိတ်မရှိ ကြက်သွန်ဖြူ
- စိတ်သာ ရှင်စော ဘုရားဟော
- စိန်ကဲ ကျောက်ကဲခတ်ရန် လွယ်သည်၊ လူကဲခတ်ရန် မလွယ်
- စိန် အမှောင်၊ ကြောင် အလင်း
- စွပ်လျှင်အစား၊ ကွယ်မှားထမ်းပိုး