န (စကားပုံ)
- နဂါးတို့မျက်စောင်း အကြောင်းမရွေး
- နဂါးပြည် နဂါး၊ ဂဠုန်ပြည် ဂဠုန်
- နဂါးမှန်းသိအောင် အမောက်ထောင်ပြ
- နဂိုရှိမှ နဂိုင်းထွက်
- နငယ် အမြီးတပ်
- နီးရာဓား ကြောက်ရ
- နူရာ ဝဲစွဲ၊ လဲရာ သူခိုးထောင်း
- နေတော့ ပျဉ်ထောင်၊ စားတော့ ချဉ်ပေါင်
- နေနှင့်လ၊ ရွှေနှင့်မြ
- နေပူတုန်း စပါးလှန်း
- နေမြင့်လေ အရူးရင့်လေ
- နေဝင်မှ စပါးလှန်း
- နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ
- နောက်ကျ နွားချေးနှင့်သလဲ
- နောက်မှကင် အလျင်ကျက်
- နောက်မှလည်း မွေးသေး၊ မိဦးလည်း မှည့်သေး
- နောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ
- နောက်အိပ်က အလျင်ပျော်
- နောင်ခါလာ နောင်ခါဈေး
- နည်းနည်းနှင့် ကျဲကျဲဝိုင်း
- နည်းရောင်းများရောင်း တောင်းပြည့်
- နည်းအမျှ၊ များအဝ
- နတ်ကရာ ကျီးမော
- နတ်တို့ဖန် ရေကန်အသင့် ကြာအသင့်
- နတ်သုဓာထဲ မစင်တစ်ပဲသားကျ
- နွားကလေးနို့ နွားမကြီးစို့
- နွားကြော့ဆိုလေ ချုံတိုးလေ
- နွားကွဲ ကျားကိုက်
- နွားခလောက်မြည်ပေမဲ့ နှမ်းမရ
- နွားချေးပုံ ကြာပေါက်
- နွားငတ် ရေကျ
- နွားတစ်ဖက်ကောင်းသော်လည်း ချောင်းမတက်နိုင်
- နွားထီးငါးကျပ်၊ နွားမငါးကျပ်
- နွားပေါ့ အစွံထုတ်
- နွားပိန်ထူ လူဝှေ့
- နွားပိန် အသားထိုး ကြည့်
- နွားပျိုသန်လှ နွားအိုပေါင်ကျိုး
- နွားမ ရွှံ့ပိတ်ရောင်း
- နွားရှေ့ ထွန်ကျူး
- နွားသိုး ကြိုးပြတ်
- နွားအို မြက်နုကြိုက်
- နှာခေါင်း ကျည်ပွေ့တွေ့
- နှံပြည်စုတ် အမြောက်နှင့် ချိန်
- နှုတ်ခမ်းပဲ့ချင်း မီးမှုတ်
- နှုတ်ခမ်းမွေးမနိုင်ဘဲ ပဲကြီးဟင်းသောက်ချင်
- နှမ်းတစ်လုံးနှင့် ဆီမဖြစ်
No comments:
Post a Comment