င (စကားပုံ)
- ငကန်းသေ ငစွေ ပေါ်လိမ့်မည်
- ငရဲက လာသူ ပြာပူ မကြောက်
- ငရဲခွေးကို ရဲဆေးတင်ဖို့ မလို
- ငရဲပန်းကို ရွှေပန်းထင်
- ငရဲရောက်မှ ကျောင်းဆောက်ချင်
- ငရုတ်သီးနှင့် ပေါင်းမှ ကြက်သွန် အထောင်းခံရ
- ငရုတ်သီးပိုး အစပ်မကြောက်
- ငါမွေးသည့် မျောက် ငါ့ကို ခြောက်
- ငါ့စကား နွားရ
- ငါ့သမီး တော်လှဆို ယောက်မ မြင်းစီးထွက်
- ငါးကြော်မကြိုက် ကြောင်မိုက်
- ငါးကြင်းဆီနှင့် ငါးကြင်းကြော်
- ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်
- ငါးစာသာ မြင်၊ ငါးမျှားချိတ် မမြင်
- ငါးစိမ်း မြင် ငါးကင် ပစ်
- ငါးတကာ ယိုသည့်ချေး ပုစွန်ဆိတ်ခေါင်းမှာစု
- ငါးတု ခရုပွက် အိုင်ပျက်
- ငါးပိနှင့် လောက်၊ ရွှေနှင့် ကျောက်
- ငါးပိဖုတ် မျက်နှာသာပေး ရွှေရေးပန်းကန်တက်
- ငါးပွက်ရာ ငါးစာ ချ
- ငါးမရ ရေချိုးပြန်
- ငါးရံ့ရ အတူတူ၊ ငါးခူရ ခွဲခြမ်းခွဲခြမ်း
- ငါးရိုးမျက် လက်တို
- ငါးလွန်မှ ကွန်စွန့်
- ငါးသိုင်းများ ဟင်းဟုံ
- ငိုချင်လျက် လက်တို့
- ငိုတတ်သည့်ကလေး နို့စို့ရ
- ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်
- ငုံးဆူ လူမသိ
- ငွေတစ်ပဲနှင့် ငါးကြင်းခေါင်း ကိုင်
- ငှက်တစ်ကောင် မြားတစ်စင်း
- ငှက်ပျောပင်စိုက် မိလိုက်ဘပါ
- ငှက်မသိတော့ ဆက်ရက် ချိုးထင်
No comments:
Post a Comment