တ (စကားပုံ)
- တပည့်မကောင်း ဆရာ့ခေါင်း
- တပည့်ရှာ ဆရာတွေ့
- တပည့်လိမ္မာ ဆရာအာပတ်လွတ်
- တရုတ်ပြည် အပ်ရောင်းသွား
- တလွဲ ဆံပင်ကောင်း
- တောကြောင့် ကျားလုံ၊ ကျားကြောင့် တောလုံ
- တောစကား တောပျောက်
- တောဆင်အဝေး ခမည်းပေး
- တောမီးလောင် တောကြောင်လက်ခမောင်းခတ်
- တံခွန်မလွှား ရထားမတင့်
- တံငါကို ပိုက်ထိုးသင်၊ မုဆိုးကို သားထိုးသင်
- တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး
- တောက်မည့်မီးခဲ အရှိန်နှင့်ရဲရဲ
- တိုက်ဖန်များ သစ်ငုတ်ပင် နဲ့သေး
- တင်းလွန်းလျှင် ပြတ်၊ လျော့လွန်းလျှင် ပတ်
- တောင်ကြီး ဖဝါးအောက်၊ လှိုင်းကြီး လှေအောက်
- တောင်ငူကလည်း တောင်ငူ၊ မောင်းထောင်ကလည်း မောင်းထောင်
- တောင်မင်း မြောက်မင်း မကယ်နိုင်
- တောင်လဲရာ မြက်ပြတ်
- တောင်ဝှေးလဲတော့ ဖိုးသူတော် ထူနိုင်သည်၊ ဖိုးသူတော်လဲတော့ တောင်ဝှေး မထူနိုင်
- တိုင်း၍ရက်သည် ပက္ကလာ မိုးရွာသည်နှင့် အခန့်သင့်
- တစ်ကောင်ရ ငါ့သမီးရှင်ထွေး
- တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း
- တစ်ခါလာ မဲပြာပုဆိုး
- တစ်ခါသေဖူး ပျဉ်ဖိုးနားလည်
- တစ်ချက်ခုတ် နှစ်ချက်ပြတ်
- တစ်ဆိတ် တစ်အိတ်လုပ်
- တစ်တိတစ်တိနှင့် ငါးပိကျီးချီ
- တစ်တောစောင့်သည် ခြေတိုင်ကုပ်ကား၊ တစ်အိုင်စောင့်သည် ငါးရံ့တင်ပြောက်
- တစ်တော တစ်ဖတွန်
- တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်း ကြက်သွန်
- တစ်ထွာပြ တစ်လံမြင်
- တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ
- တစ်နေ့ရွှေ တစ်နေ့ငွေ
- တစ်နေ့လုံး ကတော်ပေမဲ့ ဥတော့တစ်လုံး
- တစ်နွယ်ငင် တစ်စင်ပါ
- တစ်ပင်လဲမူ တစ်ပင်ထူ
- တစ်မိုးလုံး ဖျောက်ဆိပ်
- တစ်မင်းပြောင်းမှ တစ်မင်းအကြောင်းသိ
- တစ်ယောက်မတန်ကြောင့် တစ်အိုးတန် ပျက်
- တစ်ယောက်အားနှင့် ယူသော် မရ၊ တစ်သောင်းအားနှင့် ယူသော် ရ၏
- တစ်ရွာ တစ်ကျီဆောက်
- တစ်ရွာပြောင်းမှ သူကောင်းကျွန်စော်နံ
- တစ်ရွာမပြောင်း သူကောင်း မဖြစ်
- တစ်လင်နေ ပွေးနှင့်၊ တစ်လင်နေ ကြွေးနှင့်
- တစ်လုတ်ကျွေးဖူး သူ့ကျေးဇူး
- တစ်လုတ်စားဖူး သူ့ကျေးဇူး
- တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွား
- တစ်သက်လုံးစားသမျှ သံပရာတစ်ခြမ်းနှင့်ချေ
- တစ်သက်လုံးဖုံးသမျှ ကုန်းခါမှပေါ်
- တည်မိတဲ့ဘုရား လင်းတပင် နားနား
- တိတ်တိတ်နေ ထောင်တန်
- တုတ်က မမှန်၊ ကြက်က မှန်
- တန်ဆေး လွန်ဘေး
- တန်ဖိုးထက် လက်ခကြီး
- တပ်ပျက် ဗိုလ်ခန့်
No comments:
Post a Comment