မ (စကားပုံ)
- မကတတ် ဖျာ အပြစ်တင်
- မကို ခင်မှ ဥကို ခင်
- မခေါ်ခင်က တော်ထူးချင်
- မခေါ်လျှင် အထူးရသက်သာ
- မချစ်သော်လည်း အောင့်ကာနမ်း
- မစားရ တပူပူ၊ စားရ တဆူဆူ
- မစားရလျှင် အလျှင်း၊ စားရလျှင် ဆီထမင်း
- မစားရ ဝခမန်း
- မစားရသည့်အမဲ သဲနှင့်ပက်
- မစားရ အညှော်ခံ
- မစားရက် လောက်တက်
- မစွမ်းရင်းကလည်းရှိ ကန်စွန်းခင်းကလည်းငြိ
- မဆွတ်ခင်က ညွတ်ချင်
- မထိုင်ခင် ခြေဆင်း
- မပူလိုလို့ ယောက်မရှာ
- မပို့ဘဲနဲ့ မဲဇာရောက်
- မပိုင်ဝက်မွေး
- မပိုင်ဝက် မွေးဘက်ယူ
- မပြေးသော် ကန်ရာရှိ
- မပြည့်သည့်အိုး ဘောင်ဘင်ခတ်
- မဖြစ်ဘဲနှင့် သာကဲခေါင်းတဝင့်ဝင့်
- မမီတဲ့ပန်း တုံးခုလို့ လှမ်း
- မမြင်ဖူး မူး မြစ်ထင်
- မမှားသော ရှေ့နေ၊ မသေသော ဆေးသမား
- မရ ရသက ချိုင်
- မရဲဘဲနှင့် ကျွဲပြဲစီး
- မရဲသော်လည်း ပြေးခဲစေ
- မရောင်ရာ ဆီလူး
- မရွယ်ဘဲ စော်ကဲ မင်းဖြစ်
- မလို ကူးတို့ခ တောင်း
- မလုံတဲ့အိုး တုတ်မိုးရုံနဲ့အာ
- မလျော့မတင်း စောင်းကြိုးညင်း
- မသာလက်ဖက်ထုပ်နှင့် မျက်နှာလုပ်
- မသိခေါက်ရက် အဝင်နက်
- မသိသူ ကျော်သွား၊ သိသူ ဖော်စား
- မိကျောင်းမင်း ရေခင်းပြ
- မီးကြီး ငြမ်းခို၊ ကျောက်ကြီး ငါးခို
- မီးခဲ ပြာဖုံး
- မီးစတစ်ဖက် ရေမှုတ်တစ်ဖက်
- မီးစာကုန် ဆီခန်း
- မီးမလောင်မီက တား
- မီးများ မီးနိုင်၊ ရေများ ရေနိုင်
- မီးလောင်ရာ လေပင့်
- မီးဝေး ချိပ်မာ
- မုဆိုး စိုင်သင်
- မုဆိုးနားနီး မုဆိုး၊ တံငါနားနီး တံငါ
- မုသားမပါ လင်္ကာမချော
- မူးလျှိုး ပဲလျှိုး ငဖြိုး ကျွန်ဖြစ်
- မဲနှင့် နီပါး အတူထား နီပါး မဲစော်နံ
- မိုးကို လင့်၍ ပျိုးရင့်သည်
- မိုးကြိုးပစ် ထန်းလက်ကာ
- မိုးပြို အများနှင့်
- မိုးမပြိုဘူး၊ ပြိုခဲ့သော်
- မိုးရွာတုန်း ရေခံ
- မိုးလွန်မှ ထွန်ချ
- မိုးသောက်မှ ကြက်တင်၊ နေဝင်မှ စပါးလှန်း
- မက်လုမက်လုနှင့် လင်း
- မင်းဆရာပြော လောစရာမလို
- မင်းတို့ထွက် ရက်ရာဇာ
- မင်းဘဏ္ဍာ ကိုယ့်ဟာမှတ်လို့ တပြုံးပြုံး
- မင်းလောင်းမှန် ရထားဆိုက်
- မင်းသားကြီးမလုပ်ရလို့ ပတ်မကြီး ထိုးဖောက်
- မင်းသားဖြစ်မှ သံဆန်းပေါ်သည်
- မောင်မောင်ခေါ်လို့ ဗျာမထူး၊ အောင်ကျော်ခေါ်မှ ဗျာထူး
- မောင်မောင်ဆိုလေ ထီးရိုးရှည်
- မိန်းမကောင်းပန်းပန် တစ်ပွင့်တန်
- မုန်ကို မဲပြု၊ မဲကို မုန်ပြု
- မုန့်ဆီကြော် ဘယ်နေမှန်းမသိ၊ နှုတ်ခမ်းနာနှင့် တည့်ပါ့မလား
- မုန့်ပေးသည့် ဘုန်းကြီး ကျမ်းတတ်သည်
- မုန့်သည်မသား မုန့်နားစား
- မျိုးစေ့မမှန် ပင်မသန်
- မျက်စိကန်း တစ္ဆေ မကြောက်
- မျက်စိအကျင့် ဝမ်းအချင့်
- မျက်နှာကြီးရာ ဟင်းဖတ်ပါ
- မျက်နှာမရ ခြေကျောက်ရ
- မျက်နှာလွှဲ ခဲပစ်
- မျက်နှာသာပေး ရွှေရေးပန်းကန်တက်
- မျက်နှာသိ ငါးပိမဝယ်ရ
- မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ
- မျောက်ပြ ဆန်တောင်း
- မျောက်မြီးနှင့် မျောက်ချည်
- မျောက်သားစားချင် မျောက်မျက်နှာကြည့်
- မျောက်သားစားချင် မျောက်မျက်နှာမကြည့်နှင့်
- မျောက်သစ်ကိုင်းလွတ်
- မြေစမ်း ခရမ်းပျိုး
- မြေနိမ့်ရာ လှံစိုက်
- မြဲရာ သံပတ်၊ ကျပ်ရာ သပ်ပင်း
- မြို့ဝန်မင်းစောင်မမှ ထောင်ကျ
- မြက်မြက်ကလေးစားချင်လို့ ဆိုင်းထဲလိုက်၊ နှဲကြီးနင်းမိလို့ လျော်ရ
- မြင်ဖန်များ ငယ်၊ နမ်းဖန်များ ပြယ်
- မြင်ရုံသာမြင်ရ မကြင်ရ
- မြင်းကမလှုပ်၊ ခုံက လှုပ်
- မြင်းကောင်း ခွာလိပ်
- မြင်းကောင်းပြေးရာ ခွာကျိုးကန့်လန့်
- မြင်းစီးလို့မှ အထီးမှန်း အမမှန်း မသိ
- မြင်းနောက်ပြန်စီး ထီးရှေ့ကကွယ်
- မြစ်ကြီးတော့ ရေစီးသာသည်
- မြစ်တစ်ဖက် ဝက်လက်ကင်
- မွဲချင်တဲ့ခွေး ပြာပုံတိုး
- မှန်ကင်းတစ်လှည့်၊ ထင်းတစ်လှည့်
- မှန်းချက်နှင့် နှမ်းထွက်မကိုက်
- မြွေပါလည်းဆုံး၊ သားလည်းဆုံး
- မြွေပူရာ ကင်းမှောင့်
- မြွေပွေး ခါးပိုက်ပိုက်
- မြွေပွေး ပိုးထိ
- မြွေမသေ၊ တုတ်မကျိုး
- မြွေမှန်လျှင် တွင်းဝင်ဖြောင့်
- မြွေမြွေချင်း ခြေမြင်
- မွှေးလျှင်ပန်၊ နံလျှင်ပစ်
No comments:
Post a Comment