ဆ (စကားပုံ)
- ဆရာကာပြန် အာခေါင်လှံစူး
- ဆရာမပြ နည်းမကျ
- ဆရာများ သားသေ
- ဆရာမှန် အလံမစိုက်နှင့်
- ဆူးပေါ်ဖက်ကျ ဖက်ပေါက်၊ ဖက်ပေါ်ဆူးကျ ဖက်ပေါက်
- ဆေးစက်ကျရာ အရုပ်ထင်
- ဆေးသမားမထောင်းတာ၊ လူနာမခံချိ
- ဆဲသည်နှင့် ဆန်ချေးနှင့် အဆမတန်
- ဆံထုံးထုံး ဆီစိုက်
- ဆောက်ဖြစ်မှ ကျောင်းဒကာ
- ဆင်ကောင်ကြီးတွေ့မှ ဆင်ခြေရာရှာရန်မလို
- ဆင်ကန်းတောတိုး
- ဆင်ကျီစားရာ ဆိတ်မခံသာ
- ဆင်ခေါင်း ခွေးမချီနိုင်
- ဆင်ချည်သောကြိုး ကြက်ချည်သော်မမြဲ၊ ကြက်ချည်သောကြိုး ဆင်ချည်သော်မခိုင်
- ဆင်စွယ်မှန် ပိုးမစား
- ဆင်ပေါက် ကောက်လှိုင်းခိုး
- ဆင်ပိန် ကျွဲလောက်
- ဆင်ပြောင်ကြီး အမြီးကျမှတစ်
- ဆင်ဖိုးထက် ချွန်းဖိုးကြီး
- ဆင်ဖြူတော်မှီ ကြံစုပ်
- ဆင်ဖြူတော်ဝင်မှာ ချည်တစ်ခင်နှင့် ကျိန်းကျေ
- ဆင်ဖြူတော်ဝင်မှာ ချည်တစ်ဝင်နှင့် ကျိန်းကျေ
- ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့
- ဆင်မတတ်နိုင်၊ ကြွက်တတ်နိုင်၏
- ဆင်လိုက်မှ သစ်ပင်ရှာ
- ဆင်လိုက်ရာ ဝါကြီး ဝါငယ်ရွေး
- ဆင်လည်း ဆင့်အထွာနှင့် ၊ ပုရွက်ဆိတ်လည်း ပုရွက်ဆိတ်အထွာနှင့်
- ဆင်ဝန်ကတော် အကြောင့်ကြ
- ဆင်သေကို ဆိတ်ရေနှင့်ဖုံး
- ဆင်သတ် အရပ်ဝေ
- ဆင်သွားလျှင် လမ်းဖြစ်
- ဆင်အိပ်ရာ ဆိတ်နှိုး
- ဆင့်နားရွက် ကြွက်တပ်
- ဆင့်ပါးစပ် နှမ်းပက်
- ဆိတ်ဆိတ်နေ ထောင်တန်
- ဆန်ခိုးမမိ ဖွဲခိုးမိ
- ဆန်စဉ်ရာ ကျည်ပွေ့မလိုက်နိုင်
- ဆန်ပေးမှ ဆေးရ
- ဆန်မရှိ အစားကြီး
- ဆန်ရင်း နာနာဖွပ်
- ဆပ်ပြာကောင်းလို့ ခေါင်းပေါင်းဖြူ
- ဆုံမတတ်ဘဲ နှမ်းဖတ်ကြိုက်
- ဆယ့်နှစ်မှုပေါ်မှာ ရေကြည်တော်ထပ်
- ဆွမ်းခူး မျက်နှာမရ၊ ဆွမ်းလောင်း မျက်နှာမရ
- ဆွမ်းခံရင်း ငှက်သင့်
- ဆွမ်းဆန်ထဲ ကြွက်ချေးရော
- ဆွမ်းတော်ထားလို့ ဝမ်းတော်မှ အနိုင်နိုင်
No comments:
Post a Comment