သမင်မွေးရင်း ကျားစားရင်း

(စကားပုံ)

      ဘဝအဆက်ဆက် ရန်ဘက်ဖြစ်လာခဲ့ရာ တစ်ဦးက သမင်၊ တစ်ဦးက ကျားဘဝတွင် သမင်မွေး လိုက်တိုင်း ကျားက စားပစ်သကဲ့သို့ အကျိုးတစ်စုံတစ်ရာ ဖြစ်ပေါ်လာတိုင်း အဖတ်မတင်ဘဲ ကုန် သွားသည်။

      ရှေးအခါက သူကြွယ်မတစ်ဦးသည် အရွယ်ရောက်လာသော သားအား သင့်လျော်သော အမျိုး သမီး တစ်ဦးနှင့် လက်ထပ်ထိမ်းမြားပေးရာ သားသမီး မထွန်းကားသဖြင့် သားဖြစ်သူအား အခြား အမျိုးသမီးတစ်ဦးနှင့် လက်ဆက်စေပြန်သည်။ ပထမဇနီးသည် နောက်ဇနီးအား သားသမီး မထွန်း ကား စေလိုသဖြင့် ပဋိသန္ဓေပျက်စီးအောင် အကြိမ်ကြိမ် ပြုလေသည်။ ထို့ကြောင့် ဒုတိယဇနီးသည် သေဆုံးရလေသည်။ သူတို့နှစ်ဦးသည် မသေဆုံးမီ လက်စားချေနိုင်ကြောင်းဆုတောင်းခဲ့ရာ ကြက်နှင့် ကြောင်ဘဝတွင် ကြက်မွေးသမျှ ကြောင်က စား၍ ကျားနှင့် သမင်ဘဝတွင် သမင်မွေးသမျှကို ကျား က စားပြန်သည်။ နောက်ဆုံး ဘီလူးမနှင့်လူဘ၀ရောက်မှ မြတ်စွာဘုရားသခင်၏ အဆုံးအမကြောင့် ရန်ပြေငြိမ်း ရလေသည်။

ခုဒ္ဒကနိကာယ်၊ ဓမ္မပဒ၊ ယမကဝဂ်၊ ၄-ကာဠီယက္ခိနီဝတ္ထု။

Read Users' Comments (0)

No comments:

Post a Comment

"ာ" ပိုအမှား စကားလုံးများ


အမှန် ("ာ"ထည့်စရာမလို) အမှား ("ာ"ပို)
ဘေးဥပဒ် ဘေးဥပါဒ်
အရုဏ်ဦး အာရုဏ်ဦး
ဒဏ်ကြေး ဒါဏ်ကြေး
အနာဂတ် အနာဂါတ်
ဟေမန် ဟေမာန်
သာမန် သာမာန်
စကြဝဠာ စကြာဝဠာ
ရလဒ် ရလာဒ်
စံပယ်ပန်း စံပါယ်ပန်း
လှည်းယဉ် လှည်းယာဉ်

Source : မြန်မာအဘိဓာန်၊ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း၊ မြန်မာစာ၊ မြန်မာစကား၊
အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!