ငရုတ်သီးပိုး အစပ်မကြောက်
(စကားပုံ)
၁။ ငရုတ်သီး၌ ခိုအောင်းနေသော ပိုးသည် အပူအစပ်ကို မကြောက်တော့သကဲ့သို့ ဆင်းရဲဒုက္ခနှင့် ကြီးပြင်း လာရသူသည် ဆင်းရဲဒုက္ခကို မကြောက်တော့ချေ။
ငရဲက လာသူ ပြာပူ မကြောက် - ၁ နှင့် အတူတူ။
၂။ ငရုတ်သီး၌ ခိုအောင်းနေသောပိုးသည် အပူအစပ်ကို မကြောက်တော့သကဲ့သို့ မကောင်းမှု၌ မွေ့လျော်သူသည် မကောင်းမှုကို ပြုရန် မကြောက်တော့ချေ။
ငရဲက လာသူ ပြာပူ မကြောက် - ၂ နှင့် အတူတူ။
No comments:
Post a Comment