ငါးစိမ်း မြင် ငါးကင် ပစ်

(စကားပုံ)

      မြေခွေးသည် ငါးစိမ်းကိုမြင်ကာမျှနှင့် မိမိပါးစပ်ထဲသို့ ရောက်ပြီးသောငါးကင်ကို စွန့်ပစ်သကဲ့သို့ အသစ်ကို မြင်ကာမျှနှင့် မိမိ လက်ဝယ်ရှိသော အဟောင်းကို စွန့်ပစ်သည်။

      စူဠဓနုဂ္ဂဟ အမည်ရှိသောလုလင်သည် ဇနီးနှင့်အတူ တက္ကသိုလ်ပြည်မှ ဗာရာဏသီပြည်သို့ ပြန် လာခဲ့၏။ လမ်းခရီးအကြား တောအုပ်တစ်ခုအတွင်း သူခိုးများနှင့်တွေ့ရာ စူဠဓနုဂ္ဂဟ၏ ဇနီးသည် ခိုးသူကြီးကို မြင်လျှင်မြင်ချင်း တပ်မက်သော စိတ်ရှိသဖြင့် အကောက်ကြံသောကြောင့် စူဠဓနုဂ္ဂဟ သေဆုံးရလေသည်။ ခိုးသူကြီးက ထိုမိန်းမ၏ ဖောက်ပြန်သော စိတ်ကို သိရှိသဖြင့် မြစ်တစ်ဖက်သို့ ကူးပြေးရာ ထိုမိန်းမသည် တစ်ဖက်ကမ်း၌ ငို၍ ကျန်ရစ်ခဲ့၏။ ထိုခဏ၌ ဘုရားလောင်း သိကြားမင်း သည် ထိုမိန်းမကို အရှက်ရစေလိုသဖြင့် မိမိက အမဲတုံးကိုချီသည့် မြေခွေးအဖြစ် ဖန်ဆင်း၍ မာတ လိ နတ်သားအား ငါးအဖြစ်လည်းကောင်း၊ ပဉ္စသီခ နတ်သားအား ငှက်အဖြစ်လည်းကောင်း ဖန်ဆင်း စေ၏။ မြေခွေးသည် ငါးကို မြင်၍ မိမိချီလာသော အမဲတုံးကို စွန့်ကာ ငါးကိုလိုက်သည်။ ငါးသည် လည်း ရေ၌ ငုပ်သွားလေသည်။ အမဲတုံးကိုမူ ငှက်က ချီယူသွားပြန်သည်။ ဤသို့လျှင် မြေခွေးသည် ငါးစိမ်းကို လိုချင်တပ်မက်မိသဖြင့် မိမိ၏ အမဲတုံးနှင့် ငါးစိမ်းပါ နှစ်ခုစလုံး ဆုံးရှုံးသွားရသည်။

ခုဒ္ဒကနိကာယ်၊ ၃၇၄-စူဠဓနုဂ္ဂဟဇာတ်။

Read Users' Comments (0)

No comments:

Post a Comment

"ာ" ပိုအမှား စကားလုံးများ


အမှန် ("ာ"ထည့်စရာမလို) အမှား ("ာ"ပို)
ဘေးဥပဒ် ဘေးဥပါဒ်
အရုဏ်ဦး အာရုဏ်ဦး
ဒဏ်ကြေး ဒါဏ်ကြေး
အနာဂတ် အနာဂါတ်
ဟေမန် ဟေမာန်
သာမန် သာမာန်
စကြဝဠာ စကြာဝဠာ
ရလဒ် ရလာဒ်
စံပယ်ပန်း စံပါယ်ပန်း
လှည်းယဉ် လှည်းယာဉ်

Source : မြန်မာအဘိဓာန်၊ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း၊ မြန်မာစာ၊ မြန်မာစကား၊
အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!